အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, August 3, 2017

မြန်မာပြည်ဆလေးရှင်းအသင်းဂိုဏ်း၏ အနာဂတ်ကို အသက်သွင်းခဲ့သော အီတာလျံ ဘုန်းတော်ကြီး Fr. Fortunato Giacomin အား ရဟန္တာ တင်မြောက်ရန် ခြေလှမ်းသစ် စတင်

မြန်မာပြည်ဆလေးရှင်းအသင်းဂိုဏ်း၏ အနာဂတ်ကို အသက်သွင်းခဲ့သော အီတာလျံ ဘုန်းတော်ကြီး Fr. Fortunato Giacomin အား ရဟန္တာ တင်မြောက်ရန် ခြေလှမ်းသစ် စတင်

ချစ်လှစွာသောညီတော်နော်တော်တို့။
မြန်မာပြည်ဆလေးရှင်းအသင်းဂိုဏ်မှသင်တို့အား ဆုတောင်း ရင်းနုတ်ဆက်လိုက်ပါသည်။ ကျွန်ုပ်ဤစာအား သုံးပါးတစ်ဆူပွဲနေ့၌ရေးသားထားပြီးဆလေးရှင်းဘုန်းတော်ကြီး ဖော်တူနားတို ဂျီယားကိုးမင်း (၁၉၂၀-၂၀ဝ၀) Fr. Fortunato Giacomin အား သိကျွမ်းကြသော ကျွန်ုပ်၏ ညီတော်နောင်တော်ဆလေးရှင်းများ၊ ဆလေးရှင်းမိသားစုဝင်များ နှင့် အခြားညီအစ်ကိုမောင်နှမများထံပေးပို့လိုက်ပါသည်။
ဆလေးရှင်းညီတော်၊နောင်တော်များနှင့် ဆလေးရှင်းမိသားစု ၏ပြင်ဆင်မှုများဖြစ်သော ဆုတောင်းမေတ္တာ နှင့် စဉ်းစားရှာဖွေမှုများအပြီးတွင် နယ်စီးအကြီးအကဲနှင့်သူ၏ အဖွဲ့ဝင်များက (၂၀ဝ၀)ခုနှစ်၌ပျံလွန်တော်မူခဲ့သောဘုန်းတော်ကြီး ဖော်တူနားတို ဂျီယားကိုးမင်း၏ရဟန္တာတင်မြောက်ခြင်းဆိုင်ရာအဆင့်ဆင့်ကိုစတင်ရန် အားလုံးသဘောတူ၊ဆုံးဖြတ်ခဲ့ကြသည်။
ဤ ဘုန်းတော်ကြီး ဖော်တူနားတို ဂျီယားကိုးမင်း၏ ရဟန္တာတင်မြောက်ခြင်းဆိုင်ရာအဆင့်ဆင့်အားစတင်ခြင်းဟူသော







တက်ြွကရှင်သန်နေသောမီးတောက်ကို ကျွန်ုပ်တို့၏ အရှေ့တောင်အာရှ၏ ဆလေးရှင်းအကြီးအကဲ ဘုန်းတော်ကြီး ကလေးမင်း ဗားစ်လဖ်(Fr. Klement Vaclav) ၏ (၂၀၁၆) ကာနွန်ဥပဒေအရလာရောက်နယ်လှည့်ခြင်း (canonical visitation) ဖြင့်စတင်ခဲ့သည်။ သူနယ်လှည့်စဉ်တွင် အဖကာဒီနယ်ချားစ်ဘိုထံမှ ဘုန်းတော်ကြီး ဖော်တူနားတို ဂျီယားကိုးမင်း၏ ရဟန္တာတင်မြောက်ခြင်းဆိုင်ရာ အဆင့်ဆင့်အားစတင်ရန်သတင်းအားရရှိခဲ့သည်။ လွန်ခဲ့သောနှစ်များတွင်လည်း အဖကာဒီနယ်ချားစ်ဘိုသည် မြန်မာပြည် ဆလေးရှင်းများအားဘုန်းတော်ကြီး ဖော်တူနားတိုဂျီယားကိုးမင်း၏ ရဟန္တာတင်မြောက်ခြင်းဆိုင်ရာ အဆင့်ဆင့်အားစတင်ရန် တိုက်တွန်းနေခဲ့သေးသည်။ ထို့အတူ ကာဒီနယ်၏အတန်းဖော်လည်းဖြစ်သလို၊ ဆလေးရှင်းအသင်းဂိုဏ်းဝင်ရန်ပြင်ဆင်ရသည့်တစ်နှစ်တာ၌ လည်းအတူနေခဲ့သည့် (Novitiate Companion) ဖြစ်သူ ဘုန်တော်ကြီး အက်ဒွက်စိန်မြင့်မှလည်း ဘုန်းတော်ကြီး ဖော်တူနားတို ဂျီယားကိုးမင်းအကြောင်းနှင့်ပတ်သက်၍ ကာဒီနယ်ပြောခဲ့သည့် အတိုင်း အကြံဥာဏ်ပေးခဲ့သည်။ ထိုပုဂ္ဂိုလ်နှစ်ဦးတို့သည် သူတို့ငယ်စဉ်မှစ၍ ဘုန်းတော်ကြီးပျံလွန်တော်မူချိန်အထိသူနှင့်အတူနေထိုင်ခဲ့ကြဖူးသည်။ထိုအပြင်ဘုန်းတော်ကြီးဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်းရှိခြင်းကို လည်းတွေ့မြင်ခဲ့ကြသည်။ထို့အတူဘုန်းတော်ကြီးအသက်ရှင်စဉ်သူ့အားသိရှိပြီးသူနှင့်နေထိုင်ခဲ့ကာ၊သူ၏သန့်ရှင်းစင်ကြယ်ခြင်းကိုမြတ်နိုး၊ တန်ဖိုးထား၊လေးစား သော ဂုဏ်းချုပ်ဆရာတော်များ၊ ဆရာတော်များ၊ ဆလေးရှင်းများ၊ ဘုန်းတော်ကြီးများ၊သူတော်စဉ်များ များစွာရှိသေးသည်။ သူတို့၌လည်းဤသန့်ရှင်းသော ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ပြောစရာများစွာရှိသည်။ ကျွန်ုပ်တို့ မတတ်နိုင်၊ မသိနိုင်သော သင်တို့ပေးပို့သည့် အသံအားလုံးဖြင့်ဘုန်းတော်ကြီး ဖော်တူနားတို ဂျီယားကိုးမင်း၏ ရဟန္တာတင်မြောက်ခြင်းဆိုင်ရာအဆင့်ဆင့်အားစတင် မည်ဖြစ်သည်။
နိဂုံးအနေဖြင့် ကျွန်ုပ်တို့၏ဂုဏ်ချုပ်အကြီးအကဲ ဘုန်းတော်ကြီး ANGNL FERNANDZ ARTIME ၏ ၂၀၁၇၊အောက်တိုဘာလ၊၂၇-၂၉၌ပြုလုပ်ခဲ့သောသမိုင်းတွင်သောနယ်လည့်ခရီးတွင်ဤဖြစ်စဉ်အားမြန်မာပြည်ဆလေးရှင်းများအတွက်မှတ် ကျောက်တစ်ခုဖြစ်စေရန်အတွက် ကျွန်ုပ်တို့ အတူ ဤတန်ဖိုးရှိသောဖြစ်စဉ်ကိုစတင်ရန်ဆုံးဖြစ်ခဲ့ကြသည်။
ကျွန်ုပ်၏အကြံပေးအဖွဲ့ဝင်အားလုံး၏သဘောတူညီချက်နှင့်အတူဆလေးရှင်းဘုန်းတော်ကြီးဂျော့ကင်းရဲမောင်အားဤရဟန္တာတင် မြောက်ခြင်းဆိုင်ရာအဆင့်ဆင့်အားစတင်ရန်တာဝန်ပေးထားခဲ့သည်။ ထိုဘုန်းတော်ကြီးသည်သင်တို့အား ဘုန်းတော်ကြီး ဖော်တူနားတို ၏ သန့်ရှင်းခြင်းနှင့်စပ်လျဉ်းပြီးဤသန့်ရှင်းနုညံ့သောတာဝန်၌လက်တွဲပါဝင်ပေးရန်သင်တို့ထံစာရေးအကူအညီးတောင်းပါလိမ့်မည်။သင်တို့အားလုံးကိုကျေးဇူးတင်ပါတယ်။
သန့်ရှင်းခြင်း၏အကြောင်းတရားဖြစ်သော သုံးပါးတစ်ဆူဘုရားသည်ကျွန်ုပ်တို့ကို ဘုန်းတော်ကြီး ဖော်တူနားတို ၏ သန့်ရှင်းခြင်း၏နက်ရှိုင်းခြင်းအား လှုံ့ဆော်၊ လမ်းညွန်၊ ထုတ်ဖော်ပြပါစေသော်။ ကျွန်ုပ်တို့၏သန့်ရှင်းသောမယ်တော်သည်လည်း ကျွန်ုပ်တို့အား ကာကွယ်လမ်းညွန်ပါစေသော်။

ခရစ်တော်၌၊
ဘုန်းတော်ကြီး စောချား(စ်)သီဟန်လွင် sdb
မြန်မာနိုင်ငံနယ်စီးအကြီးအကဲ

No comments:

Post a Comment