တတိယကမ္ဘာခေတ်လို့ နာမည်ကြီးနေတဲ့
ဒီနေ့ (၂၁) ရာစုခေတ်မှာ ရှင်သန်နေရတဲ့ ကျွန်ုပ်တို့လူသားတွေ ဟာ ရုပ်ပိုင်းဆိုင်ရာ၊
နည်းပညာပိုင်းဆိုင်ရာ၊ သိပံ္ပပညာပိုင်း ဆိုင်ရာတိုးတက်တီထွင်ဆန်းသစ်လာမှု၏ အရှိန်အဟုန်
ကြောင့် ကျွန်ုပ်တို့လူသားအသိုင်းအဝိုင်းထဲတွင် ဘုရားမေ့ တရားမေ့၊ ဘုရားမရှိတရားမရှိသည့်
အခြေအနေသို့ တစ်စ တစ်စ ရောက်ရှိလာသည်ကိုတွေ့ရသည်။ ဒှွီှု ခေတ်မှာ ဦးနှောက်ပိုင်းဆိုင်ရာ
အဆင့်အတန်းတွေ တဟုန်းဟုန်း တိုးတက်လာပေမယ့် နှလုံးသားပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား
ပိုင်းဆိုင်ရာ အဆင့်အတန်းမှာတော့ တစ်ဖုတ်ဖုတ် ကျဆင်း လာတာကို ဝမ်းနည်းစွာတွေ့ရသည်။
ဒီလို လူသားတွေ ဘုရားမေ့၊ တရားမေ့ဖြစ်လာကြလို့ ဘုရားသခင်တကယ်ပဲ ပျောက်ကွယ်သွားပြီလား။
လုံးဝမဟုတ်ပါ။ ဘုရားသခင် သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မပြောင်းလဲ အမြဲတည်နေ တော်မူသော
ဘုရားဖြစ်သည်။ ထို့ကြောင့် ဘုရားနဲ့အမြဲ ပေါင်းစပ်နိုင်မယ့် အရိုးစင်းဆုံးနဲ့ အခြေခံအကျဆုံးနည်းလမ်း
ကို ဝေမျှတင်ပြချင်ပါသည်။
ဘုရားရှာပုံတော်ဖွင့်ခန်းတွင် သင်ပထမလှမ်းရ မည့်ခြေလှမ်းသည်
သင့်ဘဝထံသို့ သင်ပြန်လှမ်းရမည့်ခြေ လှမ်းပင်ဖြစ်ပါသည်။ သင့်ကိုယ်သင် ချစ်ပါ။ ဘုရားသခင်က
သင့်ကိုချစ်နေတယ်ဆိုတာယုံကြည်ပါ။ သင်ကြိုက်ကြိုက် မကြိုက်ကြိုက် ဘုရားကသင့်ကိုချစ်နေတယ်။
ကျွန်ုပ်တို့ ဒီ လောကကြီးထဲကိုမွေးဖွားလာရခြင်းဟာ ဘုရားသခင်၌ ကျွန်ုပ်တို့ တစ်ဦးချင်းစိတ်အတွက်
သီးသန့်အစီစဉ်တွေရှိ လို့ပဲဖြစ်တယ်။ သင်ဟာထူးခြားတဲ့ လူတစ်ယောက်ဖြစ် တယ်။ ဘာဖြစ်လို့လည်းဆိုတော့
သင်နဲ့တူတဲ့လူပုဂ္ဂိုလ် ဤ လောကထဲမှာ အတိတ်ကလည်း
မရှိခဲ့၊ ယခုလည်းမရှိနိုင်၊ အနာဂတ်မှာလည်းရှိလာမည်မဟုတ်လို့ဘဲ ဖြစ်တယ်။ သခင်
ယေဇူးလက်ဝါးကပ်တိုင်ပေါ်မှာ အသွေးတော်သွန်းလောင်း ပြီး ကျွန်ုပ်တို့ကို ကယ်တင်ခဲ့တဲ့အတွက်
ကျွန်ုပ်တို့တတွေ တန်ဖိုးဖြတ်လို့မရတဲ့ အသွေးတော်ရဲ့တန်ဖိုးကို ပိုင်ဆိုင် ကြသူများဖြစ်ကြောင်းမမေ့ပါနဲ့။
သင်ဟာဤလောကကြီး ထဲကို မတော်တဆ ရောက်ရှိလာခြင်းမဟုတ်။ ဘုရားရဲ့တာ ဝန်ကို လုပ်ဆောင်ဖို့ရန်
ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အရာအားလုံးကိုဖန်ဆင်းတော်မူတဲ့ ဘုရားသခင်ကတောင် သင့်ကိုယုံကြည်တယ်၊
ချစ်နေတယ်ဆိုရင် သင့်ကိုယ်သင် ဘာဖြစ်လို့ မယုံနိုင်ရမှာလဲ။ သင့်ကိုသင်ဘာဖြစ်လို့ မချစ်နိုင်
ရမှာလဲ။ ဒါကြောင့် သင့်ကိုယ်သင်ချစ်နိုင်အောင်အရင် ကြိုးစားပါ။ သူ့ကိုယ်သူတောင်မချစ်နိုင်တဲ့သူက
သူများကို ဘယ်လိုချစ်နိုင်မလဲ။ သူများကိုချစ်နိုင်ဖို့ အချစ်တွေ ဘယ်က ရမှာလဲ။ သူများကို
တစ်ခုခုလက်ဆောင်ပေးချင်တယ်ဆိုရင် ကိုယ်ပေးချင်တဲ့ပစ္စည်းကို အရင်ပိုင်ဆိုင်ထားမှ ပေးလို့ရမှာ
ပေါ့။ ကိုယ့်ကိုယ်ကိုမချစ်ဘဲ သူများကိုချစ်တယ်လို့ပြောတာ ယုတ္တိရှိအုံးမှာလား။
ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုတာ တစ်ကိုယ်ကောင်း ဆန်ခြင်းနဲ့ လုံးဝမတူပါ။
သူ့ကိုသူချစ်တဲ့လူဆိုတာ သူ့ကိုယ် သူ ယုံကြည်သူ၊ တန်ဖိုးထားမြတ်နိုးသူ၊ သူ့ဘဝအခြေအနေ
နဲ့လုပ်နိုင်စွမ်း၊ အတိုင်းအတာကို သိရှိနားလည်လက်ခံနိုင်သူ ပဲဖြစ်တယ်။ သင်ဘယ်ဘဝကိုပိုင်ဆိုင်ထားသလဲဆိုတာထက်
သင်ရရှိတဲ့ဘဝကို သင်ဘယ်လို အသက်ရှင်သလဲဆိုတာ ပို အရေးကြီးပါတယ်။ ဒါကြောင့် သင်ရရှိတဲ့ဘဝကနေ
ဘုရား သခင်ကိုရှာဖွေတွေ့ရှိနိုင်အောင်ကြိုးစားပါ။ သင်လုပ်ဆောင် သမျှအရာအားလုံး ဘုရားသခင်မှ၊
ဘုရားသခင်နဲ့၊ ဘုရား သခင်အတွက်ဖြစ်ပါစေ။
ဘုရားကိုရှာတွေ့နိုင်ဖို့၊ သူနဲ့အမြဲပေါင်းစပ်နိုင်ဖို့ အတတ်ပညာ၊
အရောင်အဆင်းတွေ၊ ဂုဏ်ပကာသနတွေ ဟာ အဓိကမဟုတ်ပါ။ ဖြူစင်သောနှလုံးသားမှ ထွက်ပေါ် လာသော
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဖြင့်သာ ဘုရားကို ရှာ ဖွေတွေ့နိုင်မည်။ ဘာသာရေးဘွဲ့တွေ အထပ်ထပ်ရပြီး
ကျမ်းစာတစ်အုပ်လုံး အထစ်အငေါ့မရှိ အာဂုံဆောင်နိုင်သူ ဖြစ်ပါစေဦးတော့ သင့်ရဲ့နှလုံးသားထဲမှာ
စစ်မှန်တဲ့ချစ်ခြင်း မေတ္တာမရှိဘူး၊ ဒီပညာတွေကို သူ့နေရာနဲ့သူ အသုံးမချ တတ်ဘူးဆိုရင်
သင်ဟာဘာသာရေး ဗဟုသုတြ<ွကယ်ဝပြီး ဘာသာရေးပညာမဲ့သူသာ ဖြစ်လိမ့်မည်။ ဘုရားနဲ့လည်းဝေး
နေအုံးမည် အမှန်ပင်။ အကြောင်းမှာ ဘုရားသခင်ဟာ လူ သားတွေရဲ့ နှလုံးသားကိုကြည့်ပြီး စီရင်တော်မူသော
ဘုရား ဖြစ်လို့ပဲ။
ကျွန်ုပ်တို့လူသားတွေဟာ ရတဲ့ဘဝကိုမလိုချင်၊ လို ချင်တဲ့ဘဝကိုကျတော့
မရနိုင်ကြပြန်ဘူး။ ဒီလိုနဲ့လောက လူသားကနေ လောဘလူသားများဖြစ်လာကြတယ်။ ကိုယ်ရ တဲ့ဘဝကိုလက်မခံနိုင်ခြင်း၊
ကိုယ့်ကိုယ်ကိုအထင်သေးခြင်း၊ ရောင့်ရဲတင်းသိမ်မှု့မရှိနိုင်ခြင်းဟာ ကိုယ်လက်လှမ်းမမှီ
သော၊ လက်တွေ့မဆန်သော စံချိန်စံညွှန်းများကို ချမှတ်ကာ ပြည့်စုံချင်ကြ၊ ကောင်းမွန်ချင်ကြလို့ပဲဖြစ်ပါတယ်။
ဒီလို ကိုယ့်ဘဝကိုလက်မခံနိုင်ခြင်းဟာ တစ်နည်းအားဖြင့် ကိုယ့်ကိုဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ဘုရားသခင်ကို
ငြင်းဆန် ခြင်း၊ ဆန့်ကျင်ခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် တန်ဖိုးထားခြင်း၊
သင့်ကိုသင် ချစ်မြတ်နိုးခြင်း၊ သင့်ဘဝအရှိ အတိုင်း လက်ခံနိုင်ခြင်းအားဖြင့် ဘုရားသခင်ကို
သင့်ဘဝ၊ သင့်နှလုံးသားထဲမှာ တွေ့ရှိနိုင်ပြီး ပိုမိုချီးမွမ်းတတ်၊ ကျေးဇူး တင်တတ်လာမည်။
ခင်ဗျားဒုတိယလှမ်းရမည့်ခြေလှမ်းက ''သင်နှင့် နီးစပ်သောသူ'' ဆီလှမ်းရမယ့်ခြေလှမ်းပဲဖြစ်ပါတယ်။
''သင်နဲ့နီးစပ်သောသူကို သင်နဲ့အမျှချစ်လော'' ဟု သခင် ယေဇူး ပညတ်ထားတော်မူခဲ့တယ်မဟုတ်လား။
သင်နဲ့နီး စပ်သောသူဆိုတာ သင့်ရဲ့အကူအညီလိုနေသူအားလုံးကိုဆို လိုခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့်
ပြောရမယ်ဆိုရင်တော့ ဖန်ဆင်းခံအရာအားလုံးကို ဆိုလိုတာပါ။ သင်နဲ့နီးစပ်သော သူကို သင်နဲ့အမျှချစ်နိုင်ဖို့ဆိုတာ
သင့်ကိုယ်ကိုအရင်ချစ်နိုင် မှ သင်နဲ့အမျှနီးစပ်သူကို ချစ်နိုင်မှာမဟုတ်ဘူးလား။ ဒါ ကြောင့်
ကိုယ့်ကိုယ်ကိုချစ်ရမယ်ဆိုတဲ့ ခြေလှမ်းကို အရင် လှမ်းရခြင်းပဲဖြစ်ပါတယ်။
ဘုရားသခင်ဟာကျွန်ုပ်တို့ လူသားအားလုံးကိုသူ့ရဲ့ ရွှေပုံသဏ္ဍာန်နဲ့တူအောင်
ဖန်ဆင်းထားပေမယ့် ကျွန်တော် တို့ တစ်ဦးချင်းစီကို မတူညီတဲ့ ကျေးဇူးတော်အသီးသီးပေး
ထားပြီး တာဝန်အသီးသီးခန့်အပ်ပါတယ်။ ဒါ့ကြောင့် သင် ရရှိထားတဲ့ကျေးဇူးတော်နဲ့ သင်လုပ်ရမည့်တာဝန်ဟာ
အခြားသူတစ်ယောက်နဲ့မတူပါ။ ဘုရားက ကျွန်ုပ်တို့ကို မတူ ကွဲပြားတဲ့ ကျေးဇူးတော်တွေပေးရခြင်းရဲ့
အဓိကအကြောင်း ရင်းမှာ တစ်ယောက်နဲ့တစ်ယောက်မတူညီတာတွေကို ခွဲ ခြား၊ ကဲ့ရဲ့၊ နှိုင်းယှဉ်၊
ပြိုင်ဆိုင်နေဖို့မဟုတ်ပဲ မတူကွဲပြားတဲ့ ကျေးဇူးတော်တွေကို ပေါင်းစည်းပြီး အတူတကွပူးပေါင်း
ဆောင်ရွက်ရင်း တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝအသက်တာမှာ
ဘုရားရဲ့ချစ်ခြင်း မေတ္တာကို သက်သေခံဖို့နဲ့ သူ့ရဲ့ဘုန်းတော်ဂုဏ်တော်ကို ဤ လောက၌ ထင်ရှားစေဖို့ပဲဖြစ်ပါတယ်။ ပန်းဥယျာဉ်ဟာ
ပန်း ပေါင်းစုံစိုက်ထားမှ လှနိုင်သလို လောကကြီးဟာလည်း လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနဲ့
လှပနေတယ်မဟုတ် လား။ ကျွန်ုပ်တို့ဖန်ဆင်းရှင်ဘုရားကို ချစ်သည်မှန်လျှင် ဖန် ဆင်းခံအရာအားလုံးကို
ဘာဖြစ်လို့မချစ်နိုင်ရမှာလဲ။ ဖန်ဆင်းခံအရာအားလုံးကို အုပ်စိုးဖို့လူသားတွေဟာ ဘုရားရဲ့တာဝန်
ပေးအပ်ခြင်းခံကြရကြောင်း ကမ္ဘာဦးကျမ်း ထဲမှာတွေ့ရပါတယ်။ ကျွန်ုပ်တိှု့ဖန်ဆင်းခံ အရာအားလုံးကို
လူသားတို့တွေရဲ့ကောင်းကျိုးအတွက် အသုံးပြုနိုင်သည်။ ဒါပေမယ့် နှိပ်စက်ခွင့်မရှိ။ သုံးခွင့်ရှိသည်။
ဖြုန်းတီးပိုင်ခွင့် တော့မရှိ။ ဖန်ဆင်းခံအရာတွေကို မလေးစားနိုင်ဘူး၊ မချစ် နိုင်ဘူး၊
တန်ဖိုးမထားနိုင်ဘူးဆိုရင် သွယ်ဝိုက်တဲ့နည်းနဲ့ ဖန် ဆင်းရှင်ဘုရားကို စော်ကားခြင်းပဲ
ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အာရုံငါးပါးဖြင့် ခံစားသိရှိနိုင်သော ဖန်ဆင်းခံတွေကို တန်
ဖိုးမထားနိုင်၊ မလေးစားနိုင်ပဲ ယုံကြည်ခြင်းဖြင့်သာ ခံစား သိရှိနိုင်သော ဘုရားသခင်ကို
ချစ်တယ်လို့ပြောတာ ယုတ္တိရှိ အုံးမလား။ ''ဝ''မရှိဘဲ ''ဝိ'' လုပ်လို့ရမလား။ ဒါကြောင့်
ဘုရားသခင်ရဲ့လက်ရာတော်တွေဖြစ်တဲ့ သင်နဲ့နီးစပ်သူတွေ နဲ့ ဖန်ဆင်းခံအရာအားလုံး၌ ဘုရားသခင်ကို
မြင်နိုင်အောင် ကြိုးစားပါ။ သင်နှင့်နီးစပ်သောသူကို မချစ်နိုင်သ၍ သင် ဟာ ဘုရားနဲ့ဝေးနေဦးမှာပါ။
သူများကိုတော့ မချစ်နိုင် ဘူး၊ သင့်ကိုယ်သင်တော့ချစ်တယ်ဆိုရင် ဒါဟာချစ်ခြင်း မေတ္တာအစစ်မဟုတ်ပါ။
တစ်ကိုယ်ကောင်းဆန်ခြင်းသာ ဖြစ်သည်။ အခြားသူများကို ပျော်ရွှင်အောင် မလုပ်နိုင်ဘဲ သင်ဟာ
စစ်မှန်သောပျော်ရွှင်မှုမရနိုင်ပါ။ စစ်မှန်သော ချစ် ခြင်းမေတ္တာလိုချင်ရင် သင့်ရဲ့စစ်မှန်သောချစ်ခြင်းမေတ္တာ
ကို အရင်ပြပါ။ ပျော်ရွှင်မှုများကို အခြားသူများနဲ့မျှဝေ ခံစားလေလေ အဆများစွာ တိုးပွားလေလေပင်ဖြစ်
သည်။ စစ်မှန်သောချစ်ခြင်းမေတ္တာသည်သာ လူသားတွေရဲ့ အတွင်းစစ်မီးနဲ့ အပြင်စစ်မီး နှစ်ခုစလုံးကို
ငြိမ်းအေးစေနိုင် သည်။ သင့်ကိုသင်လည်းချစ်တယ်၊ သင့်နဲ့နီးစပ်သူကိုလည်း ချစ်နိုင်တယ်ဆိုရင်
သင်ဟာဘုရားသခင်ကို ရှာဖွေတွေ့ရှိနိုင် သူပဲဖြစ်တယ်။ ''ဘုရားသခင်ကိုရှာဖွေတွေ့ရှိခြင်းဟာ
ဘုရား ကိုအမြဲ ရှာဖွေခြင်းဖြစ်တယ်'' လိှု့အ.
ွမနါသမပ က ပြောခဲ့တယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့
နေ့စဉ်ဘဝအသက် တာမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေကို ခံစား၊ နားလည်၊ ကျေးဇူးတင်တတ်မယ်၊
ကိုယ့်နဲ့နီးစပ်သူတွေရဲ့ဘဝထဲမှာ လည်း ဘုရားသခင်ရဲ့လက်ရာတော်တွေကို တွေ့ရှိနိုင်မယ်ဆို
ရင် ကျွန်ုပ်တို့တွေဟာ ဘုရားကိုရှာဖွေတွေ့ရှိသူတွေ ဖြစ်လာ ကြမှာအမှန်ပဲ။
သူတော်သူမြတ် မာသာရ်ထရေးဇားဟာ သူမရဲ့ ဘဝမှာ ဘုရားကိုအမှန်တကယ်
ရှာဖွေတွေ့ရှိခဲ့သူပါ။ မိဘမဲ့ ကလေးတွေ၊ ဆင်းရဲသားတွေ၊ နူနာစွဲသူတွေနဲ့ သေလုဆဲဆဲ လူနာတွေကို
ကရုဏာစိတ်အပြည့်နဲ့ ကိုယ်ဖိရင်ဖိပြုစုစောင့် ရှောက်ခဲ့ခြင်းရဲ့ အဓိကအကြောင်းရင်းကား
သူမဟာ ဒီဒုက္ခ ရောက်နေတဲ့သူတွေတစ်ဦးချင်းစီရဲ့ဘဝထဲမှာ သခင်ယေဇူး ကိုမြင်လို့ပဲဖြစ်ပါတယ်။
ဒုက္ခရောက်နေသူတွေရဲ့ဘဝထဲမှာ သူမဟာ သခင်ယေဇူးကို မြင်အောင်ကြည့်နိုင်တာလဲ သူမရဲ့ နှလုံးသားထဲမှာ
သခင်ယေဇူးရှိနေလို့ပဲဖြစ်ပါတယ်။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်း
မေတ္တာရှိတဲ့နေရာမှာ ဘုရားရှိပြီး ဘုရားရှိတဲ့နေရာမှာလည်း ချစ်ခြင်း မေတ္တာရှိနေမှာအမှန်ပင်။
မာသာရ် ထရေးဇာဟာ သခင်ယေဇူးကို ပိုင်ဆိုင်ထားလို့သာ လူသားတိုင်းကို ချစ်ခြင်းမေတ္တာပြနိုင်ခဲ့သလို
ကမ္ဘာကလည်း သူမကိုအချစ် နိုဘယ်လ်ဆုရှင်လို့ အသိအမှတ်ပြုကြတာပေါ့။
ဒါ့ကြောင့် ကျွန်ုပ်တို့ဘုရားရှာပုံတော်ဖွင့်ခန်းတွင် ပထမခြေလှမ်းဖြစ်သည့်
မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်း၊ ချစ်ခြင်း၊ လေးစားတန်ဖိုးထားခြင်းနှင့် ဒုတိယခြေလှမ်း
ဖြစ်သည့် ကိုယ်နဲ့နီးစပ်သောသူများကို ကိုယ်နှင့်အမျှချစ် ခြင်း၊ ဖန်ဆင်းခံအရာအားလုံးကို
လေးစားတန်ဖိုးထားခြင်း စသည့် ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ခြင်းအားဖြင့် ကျွန်ုပ် တို့၏တစ်ခုတည်းသော
နောက်ဆုံးမျှော်လင့်ရာဖြစ်သည့် ဘုရားရှင်ကိုရှာဖွေတွေ့ရှိနိုင်သော ဝိညာဉ်ရေးစုံထောက်
ကောင်းများအဖြစ် ကြိုးစားသွားကြပါစို့လို့ နှိုးဆော်တင်ပြ လိုက်ပါသည်။
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည်
။
No comments:
Post a Comment