ဝေဒနာလမ်း ဆိုတာကတော့ သခင်ယေဇူးရဲ့ဒုက္ခ စရိယာလမ်းကိုပြောတာပါ။
သခင်ယေဇူးရဲ့ဒုက္ခစရိယာ လမ်းကို လေ့လာကြည့်ရင် ရက်စက်ယုတ်မာသောသူတွေကို တွေ့နိုင်တယ်။
အခြားတစ်ဖက်မှာလည်း မေတ္တာရှင်လေး တွေကိုလည်း ရှားရှားပါးပါးတွေ့ရမှာပါ။ အခုကျွန်တော်
တင်ပြချင်တာကတော့ မေတ္တာရှင်လေးတွေရဲ့အကြောင်းပါ။
ပထမအနေနဲ့ ဆီမုန်ဆီရေနေဦးဆိုသော မေတ္တာ ရှင်လေးအကြောင်း ပြောပြပါရစေ။
သူ့ကိုတော့ ကားတိုင် လမ်းရဲ့ပဉ္စမအရပ်မှာ တွေ့ရပါလိမ့်မယ်။ သူဟာ သခင် ယေဇူးရဲ့ကားတိုင်ကို
ကူထမ်းပေးခဲ့သူပါ။ ယေဇူးဘုရား ရှင်ဟာ ခွန်အားကုန်လို့ ရှေ့ဆက်မလျှောက်နိုင်တော့တဲ့
အချိန်မှာ အာဏာသားတွေဟာ ဆီမုန်ကို အနိုင်အထက် ပြုပြီး ခရူးစူးကိုထမ်းစေကြတယ်။ အစကတော့
မထမ်းချင် ခဲ့သော်လည်း နောက်ပိုင်း ခရူးစူးရဲ့အာနုဘော်ကြောင့် စိတ်ပါကိုယ်ရောက်ဝင်ထမ်းခဲ့တာကို
တွေ့ရပါတယ်။ မိတ် ဆွေ .. သင်ဟာ ဆန်တစ်အိတ်ကိုထမ်းလာစဉ် လမ်းကြုံ ကားတစ်စီးက သင့်ရဲ့ဆန်အိတ်အပြင်
သင့်ကိုပါခေါ်တင် သွားရင် သူဟာသင့်ရဲ့မဟာကျေးဇူးရှင်ကြီးပါပဲလို့ သင် ထင်နေမိမယ်မဟုတ်လား။
ကျွန်တော်တို့က ဆီမုန်ဆီရေ နေဦးတော့ မဖြစ်နိုင်ပါ။ သို့သော် သူ့ကဲ့သို့သောသူတော့ ဖြစ်နိုင်ပါသေးတယ်။
တကယ်တွေးကြည့်မယ်ဆိုရင် သခင် ယေဇူးကားတိုင်ထမ်းရခြင်းဟာ လူသားတွေအပြစ်ရှိလို့ ဒီအပြစ်ထဲက
ရွေးနှုတ်ကယ်တင်ရန် အတွက်သာဖြစ်တယ်။ ကျွန်တော်တို့တတွေဟာ စိတ်အားဖြင့်လည်းကောင်း၊ နှုတ်အားဖြင့်လည်းကောင်း၊
အကျင့်အားဖြင့်လည်းကောင်း အပြစ်များပြုနေကြတယ်။ မသိလို့လုပ်လိုက်မိတဲ့အပြစ်ရှိ သလို
သိသိကြီးနဲ့ကိုပဲ မှားကြတာလဲရှိတယ်။ ဒီအပြစ်တွေကို သတိနဲ့ရှောင်တတ်ရင်တော့ ကျွန်တော်တို့လည်း
စီမုန်လို သခင်ယေဇူးရဲ့ကားတိုင်ကို ကူထမ်းပေးနိုင်ပြီလို့ ယူဆ နိုင်ပါတယ်။
ဒုတိယမေတ္တာရှင်လေးက ကားတိုင်လမ်းရဲ့ဆဋ္ဌမ နေရာမှာတွေ့ရတဲ့ ဝေရောနီကားပါပဲ။
သူဟာ သခင်ယေဇူး ရဲ့မျက်နှာကို ပုဝါဖြင့်ချွေးသုတ်ပေးခဲ့သူပါ။ ကျွန်တော်တို့ တတွေလည်း
ဝေရောနီကားလိုပဲ သခင်ယေဇူးအပေါ် ဘယ်လိုမေတ္တာပြကြမလဲ။ သခင်ယေဇူးကတော့ ပြောထား တယ်။
''ငါရေငတ်သောအခါ သင်တို့ ငါ့ကိုရေပေး၏။ ငါဆာသောအခါ သင်တို့စားစရာပေး၏။ ငါထောင်ထဲမှာ
ရှိစဉ် သင်တို့ငါ့ကိုလာတွေ့ကြ၏။ ငါ့အဝတ်မရှိသောအချိန် မှာ သင်တို့ ငါ့ကိုဝတ်စရာအဝတ်ပေး၏။''
လို့ဆိုထားပါ တယ်။ နားမလည်နိုင်သော တပည့်တော်တွေက ''ကိုယ် တော့်ကို ဘယ်တုန်းက ကူညီခဲ့လို့လဲ''
ဟု မေးကြတဲ့အခါ သခင်ဘုရားက ''သင်တို့ဟာ ဒုက္ခရောက်နေသူကို ငါ့နာမ ကြောင့်ကူညီခဲ့ရင်
ငါ့ကိုကူညီတာဖြစ်တယ်'' လို့ ပြန်လည် မိန့်ကြားခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရှေ့မှာ
အခက်အခဲတွေ့နေသူများရှိရင် ကူညီကြစို့၊ လဲနေသူကို လည်း ထူပေးကြစို့၊ အားငယ်သူကိုလည်း
အားပေးကြစို့၊ အဲ့ဒီလိုလိုက်ကျင့်ခြင်းအားဖြင့် ဝေရောနီကားလို မေတ္တာရှင် လေးများဖြစ်အောင်
ကြိုးစားကြပါစို့။
တတိယအနေနဲ့ဝေမျှပေးချင်သော မေတ္တာရှင် လေးတွေကိုတော့ ဂျေရုဇလင်မြို့မှ
မိန်းမများလို့ ကျွန်တော် တို့ သိကြပါတယ်။ သူတို့ဟာ သခင်ယေဇူးအတွက် ငိြုေ<ွကး ညဉ်းတွားကြတာကို
ဒုက္ခစရိယာလမ်းရဲ့အဋ္ဌမအရပ်မှာ တွေ့ နိုင်တယ်။ ကျွန်တော်တို့ ဒုက္ခအခက်အခဲနှင့် ရင်ဆိုင်နေရ
ချိန်မှာ ဘေးကသူငယ်ချင်းက ဟားတိုက်နေတယ်ဆိုရင် ကျွန်တော်တို့စိတ်တိုတတ်ကြပါတယ်။ အဲဒီလိုမဟုတ်ပဲ
သူက ကျွန်တော်တို့နှင့် ထပ်တူထပ်မျှခံစားပေးရင် ကျွန်တော်တို့ ကျေးဇူးတင်တတ်ကြတယ်။ နောက်ပြီး သူဟာ ကျွန်တော်တို့
ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို့ ကျွန်တော်တို့ပြော တတ်ကြတယ်မဟုတ်လား။ ဒီနေရာမှာတော့
ဒီကရုဏာ ရှင်မလေးတွေဟာ သခင်ယေဇူးအတွက် သူငယ်ချင်း ကောင်းပေါ့။ ကျွန်တော်တို့တတွေလည်း
မိသားစုကိုလည်း ကောင်း၊ သူငယ်ချင်းအပေါ်၌လည်းကောင်း၊ ဆရာသမား များအားလည်းကောင်း စာနာ
နားလည်ပေးကြစို့၊ အလိုက် တသိဖြင့် ရိုင်းပင်းကူညီကြစို့၊ အချင်းချင်းအမုန်းများ ခဝါ
ချကာအချစ်ပွားကြစို့။ အဲ့ဒီလိုလိုက်ကျင့်ခြင်းဖြင့် ကျွန် တော်တို့လည်း သခင်ယေဇူးရဲ့သူငယ်ချင်းကောင်းများ
ဖြစ်အောင် ကြိုးစားကြပါစို့။
ဒုက္ခစရိယာလမ်းရဲ့ နောက်ဆုံးပိုင်းတိုင်အောင် သခင်ယေဇူးနှင့်အတူရှိနေသော
မေတ္တာရှင်လေးများလည်း ရှိပါသေးတယ်။ သူတို့ကတော့ အမိမယ်တော်နှင့် အမျိုးသမီး တစ်ချို့၊
ပြီးတော့ တပည့်တော်ကြီး သံယောဟန်တို့ပါ။ အခြားသူတွေကြောက်လန့်ပြီး ထွက်ပြေးကြသော်လည်း
သူ တို့ဟာ သစ္စာရှိရှိဖြင့် သခင်ယေဇူးအသက်တော်ချုပ်ငြိမ်း ချိန်တိုင်အောင် ကားတိုင်ခြေရင်းမှာ
ရှိနေကြတယ်။ သူတို့ ကားတိုင်ခြေရင်းမှာရှိတော့ သခင်ယေဇူးအတွက် ဘာထူး မှာလဲလို့မေးရင်မေးကြမယ်။
တစ်ခါတစ်လေတော့ ကျွန် တော်တို့ဖျားနေတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီချိန်မှာ ကျွန်တော်တို့ကို
လူနာလာမေးသောမိတ်ဆွေနဲ့ လျစ်လျူ ရှုသောမိတ်ဆွေတို့ထဲမှာ ဘယ်မိတ်ဆွေသူငယ်ချင်းက ကျွန်တော်တို့ကို
တန်ဖိုးထားတယ်လို့ ခံစားမိပါသလဲ။ သခင်ယေဇူးလည်း အဲ့ဒီလိုခံစားမိမှာ အမှန်ပါ။ ဒီမေတ္တာ
ရှင်လေးတွေ သူ့အပေါ်အဆုံးတိုင် သစ္စာရှိနေတာကိုတွေ့ လိုက်ခြင်းအားဖြင့် သူ့ဒဏ်ရာကို အနည်းငယ်တော့သက်
သာစေမှာ အမှန်ပါ။ ကျွန်တော်တို့တတွေလည်း သခင် ယေဇူးရဲ့ဒဏ်ရာတွေကို ကုစားသင့်တယ်မဟုတ်လား။
ဒါ့ ကြောင့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာကို လက်ဆုပ်ကိုင်လျက် သခင်ယေဇူးအပေါ်
သစ္စာရှိကြပါစို့။ ကျွန်တော်တို့ ခံယူထားသော ကတိသစ္စာများအတိုင်းတည် ကြည်စွာ အသက်ရှင်ကြပါစို့။
ဥပမာ - ဆေးကြောခြင်းမှာ ဘာကတိတွေ ခံယူထားလဲ၊ ဘုန်းတော်ကြီး၊ စစ္စတာများ၊ ကိုရင်များလဲ
ဘာကတိသစ္စာခံယူထားလဲ၊ လက်ထပ်ခြင်း ခံယူပြီးသူများလည်း ဘာကတိသစ္စာတွေရှိလဲ - ဒါတွေ အတွက်
ကတိတည်ကြပါစို့၊ တစ်ဆက်တည်းမှာပဲ သမ္မာ တရားက သွန်သင်ထားသောလမ်းစဉ်အတိုင်း ရှင်သန် ကြပါစို့။
ဘုရားကို စိတ်နှလုံးအြ<ွကင်းမဲ့ချစ်ပြီး နီးစပ်သော သူများအားလည်း ကိုယ်နှင့်အမျှချစ်ကြပါစို့။
အပြစ်များကို သတိဖြင့်ရှောင်ကျဉ်ရင်း ခရစ်တော်ရဲ့ဒဏ်ရာများအား ကုစားပေးနိုင်သူများဖြစ်နိုင်အောင်
အတူတကွကြိုးစားကြ ပါစို့။
သင့်အပြစ်ကြောင့် မောဟိုက်နေသော ခရစ် တော်အား အမောဖြေပေးပါ။
သင့်အပြစ်တွေရဲ့ ရိုက်နှက် မှုကြောင့် သွေးတွေ၊ ချွေးတွေ ပေနေသူအား ချွေးသုတ် ပေးပါ။
သင့်အပြစ်ကြောင့် ဝမ်းနည်းကြေကွဲနေသောသူ အတွက် ကရုဏာပြပါ။ သင့်အတွက် လက်ဝါးကားတိုင်
ထက်တွင် အသက်ပေးသူအတွက် သစ္စာရှိပါ။
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည် ။
No comments:
Post a Comment