အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 4, 2017

အချစ်ဆိုသည်မှာ


            ချစ်မေတ္တာမှာ အဆင့်အတန်း၊ အရောင်အသွေး၊ အနိမ့်အမြင့်ခွဲခြားမှု မရှိပါ။ ချစ်မေတ္တာ၌ အရင်းတည်လျှင် အရာရာတိုင်းသည် ချောမွေ့လွယ်ကူပါလိမ့်မည်။ အမျက် ဒေါသသည် လူ၏စိတ်ကို အစဉ်အမြဲပူလောင်စေပါသည်။ သို့သော် ''ချစ်မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြု တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝြါ<ွကားခြင်းမရှိ၊ မာန်မာနမရှိ'' ဟု သံပေါလု ကဆိုထားပါသည်။



            လူ့ဘဝ လူ့လောကတွင် လူအချင်းချင်း တစ်ဦးကို တစ်ဦး ဝေးကွာစေသောအရာများသည် လောဘ၊ ဒေါသ၊ မောဟ၊ြ<ွကားဝါခြင်းနှင့် မနာလိုမုန်းတီးခြင်းပင်ဖြစ်ပါသည်။ ဤအရာအားလုံးတို့သည် သူတစ်ပါးအတွက် ကောင်းကျိုးဟူ ၍မရှိပါ။ သို့သော် ချစ်မေတ္တာအားဖြင့် အရာရာကိုနား လည်နိုင်စွမ်းရှိ၏။ ချစ်မေတ္တာသည် သူတစ်ပါး၏အောင် မြင်ခြင်း၌ ဝမ်းသာတတ်၏။ သူတစ်ပါး၏ ဆုံးရှုံးမှုတို့၌ ထပ်တူထပ်မျှ ခံစားပေးတတ်၏။ ''ချစ်မေတ္တာသည် သမ္မာ တရား၌ ဝမ်းမြောက်တတ်၏။'' (ပ-ကောရိ ၁၃း၆) လူအများ၏ ဝေဖန်ခြင်းခံရသော်လည်း လက်ခံနိုင်စွမ်းရှိ၏။ ဝမ်းနည်းစရာတွေ တွေ့သော်လည်း အကောင်းဆုံးနည်းဖြင့် ဖြတ်ကျော်နိုင်သော ထွက်ပေါက်ကို ရှာဖွေတတ်၏။ ချစ် မေတ္တာရှိသောသူသည် မိမိကိုယ်ကို မြတ်နိုးတတ်၏။ ကိုယ့် အကျိုးထက် သူတစ်ပါးအကျိုးကို ဦးစားပေးတတ်၏။ ကိုယ့် မှာရှိသော အရာများကို မျှဝေတတ်သောသဘောရှိ၏။
            ချစ်ခြင်းမေတ္တာရှိသောသူသည် လောကပစ္စည်း ဥစ္စာတို့ထက် ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားတတ်၏။ တစ်ပါးသူကို ယုံကြည်တတ်၏။ အပြောအဆို ယဉ်ကျေး သိမ်မွေ့တတ်၏။ အမှန်တရားကို မြတ်နိုးတတ်၏။ ရက်စက် သောနှလုံးသားရှိသူတို့အပေါ်မှာ စာနာစိတ်ရှိ၏။ သူ တစ်ပါးရဲ့လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်၏။ သူတစ်ပါး အငြင်းပွားခြင်းကို တိတ်ဆိတ်စေ၏။ သူတစ်ပါး၏ စိတ် ဓါတ်ကို မြှင့်တင်ပေးနိုင်၏။ ချစ်ခြင်းမေတ္တာရှိသောသူတို့ သည် တစ်ပါးသူရဲ့အားနည်းချက်ကို ခွင့်လွတ်နိုင်စွမ်းရှိ၏။ မနက်ဖြန်၌ဖြစ်သောအရာတွေကို မျှော်လင့်ခြင်းနှင့်အား ဖြည့်လေ၏။ ချစ်ခြင်းမေတ္တာရှိသောသူသည် ဘဝမှာတစ်ခါ ဆုံးရှုံးရသည့်တိုင်အောင် အောင်မြင်ခြင်းမြောက်များစွာ ရှိသည်ကို သူမြင်၏။
            ချစ်ခြင်းမေတ္တာရှိသောသူသည် အပြောနဲ့အလုပ် တို့၌ ကတိတည်၏။ ချစ်ခြင်းမေတ္တာ၌ တုံ့ပြန်မျှော်လင့်ချက် မရှိပေ။ အရာရာတိုင်းအတွက် ပေးဆပ်ခြင်းသာလျှင် အဓိ ကဖြစ်သည်ကို သူသိနိုင်၏။ ''ချစ်ခြင်းမေတ္တာဖြင့် အရာရာ ကိုခံထမ်းနိုင်၏'' (ပ-ကောရိ ၁၃း၇)။ ချစ်ခြင်းမေတ္တာ တစ်ပါးတည်းသာလျှင် လူ့ဘဝကို ပိုမိုအဓိပ္ပါယ်ရှိအောင် စွမ်းဆောင်နိုင်သတည်း။

                                                            ကြည့်မှန်

ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့  ။
မှတိုက်ရိုက်ကူးယူပါသည် ။ 

No comments:

Post a Comment