အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, August 24, 2017

ငြိမ်းချမ်းရေးနှစ်

2017 August Editorial of CBCM Herald
ငြိမ်းချမ်းရေးနှစ် . . .
 ကက်သလစ်အသင်းတော်တွင် ဇန္နဝါရီလ ၁ ရက်နေ့ကို ကမ္ဘာ့ငြိမ်းချမ်းရေး နေ့ အဖြစ် သတ်မှတ် ကျင်းပလာခဲ့သည်မှာ ၂၀၁၇ ခုနှစ် တွင် အကြိမ်ပေါင်း ၅၀ ပြည့်ခဲ့ပါပြီ။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကပင် အသင်းတော်၏ ဥေဿျှာင် ပုပ်ရဟန်းမင်းကြီးများသည် ကမ္ဘာကြီး ငြိမ်းချမ်းရန် လိုက်နာရမည့် လမ်းစဉ်များကို ညွှန်ပြခဲ့ကြသည်။
 ၁၉၆၈ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပထမဦးဆုံးသော သဝဏ်လွှာကို ထုတ်ပြန်ခဲ့သည်။ ထိုသဝဏ် လွှာတွင် "ငြိမ်းချမ်းရေးသည်သာ လူသားတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသော လမ်းစဉ် ဖြစ်သည်။" ဟု ရေးသားခဲ့သည်။ "ဂုဏ်တုဂုဏ်ပြိုင်လိုသော အမျိုးသားရေး စိတ် ကြောင့် ဖြစ်သော တင်းမာမှုများ၊ အကြမ်းဖက်တိုက်ခိုက် အနိုင်ယူခြင်းများ၊ တရားဥပဒေ စိုးမိုးရေးဟူသော လွဲမှားသည့် ခေါင်းစဉ်အောက်၌ ဖိနှိပ်ချုပ်ချယ်မှုများ၌ တိုးတက်မှု မရရှိ နိုင်ပါ။" ဟု ပုပ်ရဟန်းမင်းကြီးက သင်ကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတကာပဠိပက္ခများ အား ဖြေရှင်းရာတွင် လက်နက်ကိုသာ အားကိုးခြင်း သည်လွှဲမှားသော အယူအဆ ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးကို တရားမျှတသော ဥပဒေအပေါ် အခြေခံဆွေးနွေးခြင်း၊ တရားမျှတခြင်းနှင့် သာတူညီမျှ ဖြစ်ခြင်းတို့၌သာ အဖြေရှာကြရန် တိုက်တွန်းခဲ့သည်။ ငြိမ်းချမ်းခြင်း၏ အနက်နှင့် မြတ်နိုးခြင်းတို့သည် အမှန်တရား၊ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့အပေါ်တွင် တည်ဆောက်မှသာ ခိုင်မာနိုင်မည်ဟု ရေးသား ခဲ့သည်။
(PAUL VI, Message for the First World Day of Peace, 1 January 1968).



 အနှစ် ၅၀ ကျော်လွန်လာပြီးသော်လည်း ထိုစကားလုံးတို့သည် တန်ဘိုးကျ သွား ခြင်း အလျဉ်းမရှိသလို၊ ယခုထက်တိုင် လိုအပ်နေဆဲ ဖြစ်သည်။ အနှစ် ၅၀ ပြည့် သဝဏ် လွှာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူသားတိုင်း၌ ရှိအပ်သော "ဂုဏ်သိက္ခာ" အကြောင်းကို ရှေ့တန်းတင်ကာ "အကြမ်းမဖက်ရေးသည် ငြိမ်းချမ်းခြင်းဖေါ်ဆောင်သော နိုင်ငံရေး" ၏ လမ်းစဉ်ဖြစ်ကြောင်း ညွှန်ပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘုရား သခင်၏ နာမတော်၌ တိုက်သော စစ်ပွဲများ အကြမ်းဖက်မှုများသည် မည်သို့မျှ အဓိပ္ပါယ် မရှိကြောင်းနှင့် ငြိမ်းချမ်းရေးသာ မွန်မြတ်သည် ဟု မိန့်ဆိုခဲ့သည်။
 ပုပ်ရဟန်းမင်းကြီးက ကမ္ဘာပေါ်တွင် စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ မတရားမှုများ အလွန်ပြည့်နက်နေပြီဖြစ်သဖြင့် ထိုအရာများ ဆန့်ကျင်ရန် အကောင်းဆုံးသော နည်း လမ်းမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့် ကောင်းမြတ်ခြင်းကို ပိုမို ပွါးများလာအောင် အားထုတ်ကြဖို့ ဖိတ်ခေါ်ထားသည်။
  ၂၀၁၇ ခုနှစ်ကို မြန်မာနိုင်ငံတော် အစိုးရနှင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော် ကြီးများ အဖွဲ့ချုပ် တို့မှ ငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်ထားသည်။ ငြိမ်းချမ်းရေး အတွက် အင်တိုက် အားတိုက် ကြိုးပမ်း လုပ်ဆောင်ကြဖို့ စိတ်ပိုင်းဖြစ်ပြီး ဤသို့ သတ် မှတ်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ကျွန်ုပ်တို့သည် ၂၀၁၇ ခုနှစ်ကို အစာရှောင်ခြင်း၊ ဆုတောင်းခြင်းတို့ဖြင့် စတင်ခဲ့ကြသည်ကို အမှတ်ရကြပါလိမ့်ဦးမည်။ စစ်ပွဲတွေအားလုံး ရပ် ဟူသော ကြွေးကြော်သံ များပါ ညံစေခဲ့သည်။ ယခုအချိန်တွင် ၂၀၁၇ ခုနှစ်၏ သုံးပုံ နှစ်ပုံကုန်လွန်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတော်အတိုင်းအတာနှင့် အသင်းတော်အတိုင်းအတာ ပါ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများကို အားတက်ဖွယ် တွေ့မြင်ခဲ့ရသည်။ သို့သော် လုပ်စရာ များစွာကျန်နေသေးသည်၊ ငြိမ်းချမ်းရေးသည် မျှော်လေတိုင်း ဝေး နေသည့် အိပ်မက် ပန်းတိုင်တစ်ခုလိုဖြစ်နေသည်။ မငြိမ်းချမ်းခြင်း၏ ဒဏ်ကို အပြစ်မဲ့ ပြည်သူ များစွာ ခံစားနေရဆဲ ဖြစ်သည်။ သို့သော် ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေကြခြင်းသည်ပင်လျှင် ငြိမ်းချမ်းရေးဟုဆိုရပေမည်။
 ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ၏ ငြိမ်းချမ်းရေးသဝဏ်လွှာတွင် အကြမ်းမဖက် ရေးကို လူသားတိုင်း ကျင့်ကြံဆောက်တည်နိုင်ကြောင်း နည်းပေးလမ်းပြထားသည်။  "ကျွန်ုပ်တို့အားလုံး ငြိမ်းသက်ခြင်းကို ရယူလိုပါသည်။ လူအများက ငြိမ်းချမ်းရေး ရရှိရန် နေ့စဉ် သေးငယ်သော အရာလေးများ ဆောင်ရွက်နေကြပါသည်။ အများပိုင်းမှာ ဝေဒနာ မျိုးစုံ ခံစားနေရသည်။ သို့သော် ဇွဲမလျှော့ဘဲ ဆက်လက်ဆောင်ရွက်နေကြသည်။ ၂၀၁၇ ခုနှစ်တွင် ကျွန်ုပ်တို့ တစ်ဦးစီသည် မိမိတို့ နှလုံးသားများ၊ စကားလုံးများ နှင့် အပြုအမူ များထဲမှ ရုန့်ရင်းကြမ်းတမ်းခြင်းများကို ဖယ်ရှားပြီး အကြမ်းမဖက်သော လူ့အသိုင်းအဝိုင်း တစ်ခုကို ဝိုင်းဝန်းဆောက်တည်ကြပါစို့။ ကျွန်ုပ်တို့အားလုံး၏ နေအိမ်ဖြစ်သော ကမ္ဘာမြေ အား ဝိုင်းဝန်း စောင့်ရှောက်ကြပါစို့။ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် ချည်းကပ်သူတို့ အတွက် မဖြစ်နိုင်သော အရာမရှိပါ။ လူတိုင်းသည် ငြိမ်းချမ်းခြင်းကို ဆောက်တည်သူ ဖြစ်နိုင်ပါသည်။"

No comments:

Post a Comment