သြဂုဏ်လ (၂၅) ရက်နေ့ 
ယနေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ ရှင်နေ့ရှင်
စိန်လွီစ်(St.Louis)
ယနေ့ ပွဲနေ့ ရှင်သည်ပြင်သစ်နိုင်ငံ၏ပြည့်ရှင်မင်းကြီးဖြစ်
ပါသည်။ သူဘု ရင့်ထီးနန်းကိုဆက်ခံချိန်၌အ သက် (၂၂) သာရှိသေး သည်။ သူ့ အား (၁၂၁၄) ခုနှစ်တွင်မွေးဖွားသန့် စင်ခဲ့သည်။ သူသည် ဘုရင်ဖြစ်သော်လည်းဘု ရားတရားအလွန်ကြည်ညိုကိုင်းရှိုင်းပြီး၊ သာမန် ဘာသာတူများအတွက်ကျင့်ကြံအားထုတ်နိုင်သောစိန်ဖရန်စစ်၏ ၀ိညာဉ်ရေးကျင့်စဉ်ကိုကျင့်ကြံဆောက်တည်သူဖြစ်သည်။ သူသည် ဘု ရင်ဖြစ်သော်လည်းဆုတောင်းခြင်း၊ သနားခြင်း၊ ခရစ်ယာန်ကျင့်ဝတ် များ ကိုကျင့်ကြံရာ၌စံပြုထိုက်သူဖြစ်သည်။ သူသည်အိမ်ထောင်ပြုခဲ့ပြီး၊ ပျော် ရွှင်သောမိသားစုကို လည်းတည်ထောင်နိုင်ခဲ့ပြီး၊ သားသမီး (၁၁) ထွန်း ကားခဲ့သည်။ သူသည်တိုင်းသူပြည်သားအပေါ်၌လည်းဘာသာရေး ၏အ ဆုံးအမကိုအခြေခံ၍အုပ်ချုပ်သူဖြစ်သည်။ ဘုရားသခင် ၏နိုင်ငံတော်တိုး ချဲ့ရာတွင်လည်းစိတ်အားထက်သန်သူ၊ ကူ ညီသူဖြစ်သည်။ သူသည် ခရူး ဆိတ်စစ်ပွဲတွင်နှစ်ကြိမ်ပါဝင်ခဲ့သည်။ သူသည် (၁၂၇၀) ခုနှစ်၊ အာဖရိ ကနိုင်ငံ၊ ကာလ် သေ့ခ်ျမြို့၌နတ်ရွာစံသွားခဲ့ပါသည်။ သူနတ်ရွာစံချိန်၌ မည်သည့်အဆောင်အယောင်မျှမပါဘဲ၊ ရိုးရှင်းနိမ့်ချစွာထွက်ခွာ သွားခဲ့ သည်။
သူသည်လည်းဘုရားတရားအလွန်ကိုင်းရှိုင်းသောဘုရင်တစ်ပါ ဖြစ်သည်။ စိန်လွီစ်ဘုရင်မှသားတော်အားဝိညာဉ်ရေးအသက်တာကိုအ ဘယ်သို့ ကျင့်ကြံအားထုတ်ရမည်ကိုလမ်းညွှန်ရေးသားခဲ့ သောစာ
ချစ်ရပါသောသား …
သင်၏အသက်တာ၌ပထမဦးဆုံးနေရာတွင်ထားရှိရှင်သန်ရ မည့်အရာမှာသင်၏ဘုရားသခင်၊ ထာဝရဘုရားကိုစိတ်အားရှိသမျှ၊ အစွမ်းရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်ရမည်။ အကယ်၍ဤသို့ မပြုပါကသင် သည်ကယ် တင်ခြင်းမရနိုင်။ ဘုရားသခင်မကြိုက်၊ မနှစ်သက်သော အ ရာအားလုံးကိုသင်သိ၍၊ ရှောင်ရှားနိုင်ရမည်။ အရိုးရှင်းဆုံး ပြောရမည် ဆိုလျှင်အပြစ်ကြီးအားလုံးကိုမကျူးလွန်မိရန်သတိနှင့်ရှောင်ရှားရမည်။ အပြစ်ကြီးတစ်စုံတစ်ခုကိုပြုရန်အား ထုတ်မည်ထက်၊ အသက်အသေ ခံရန်အဆင်သင့်အနေအထားတွင်အမြဲရှိနေရမည်။
အကယ်၍ဘုရားသခင်သည်သင့်အားခံထမ်းရန်စုံစမ်းပါက လည်း ခံထမ်းရန်အဆင်သင့်ရှိနေရမည်။ ထိုစုံစမ်းမူကိုပြစ် တင်ငြီးငြူခြင်း ထက်ကျေးဇူးတင်စွာဖြင့်ခံထမ်းရန်ကြိုးစားရမည်။ အဘယ်ကြောင့် ဆိုသော်သင့်အ သက်တာရင့်ကျက်မူအတွက်ပေးလာခြင်းဖြစ်သည်။ သို့ မဟုတ်တစ်စုံတစ်ရာအတွက်ဆပ်ဖြေရန်သင်ထိုက်တန်သော ကြောင့် လည်းဖြစ်နိုင်သည်။ ထို့ အတူဘုရားသခင်က သင့်အားကောင်း ကြီးမ င်္ဂလာတစ်ခုခုသွန်းလောင်းသည်ဆိုပါလျှင် လည်း၊ ငါထိုက်၍၊ တော်၍၊ တတ်၍ခံစားရသည်ဟုမာန်တက်မည့်အစား၊ နှိမ့်ချခြင်းဖြင့်ကျေး ဇူးတင် စွာလက်ခံတတ်ရ မည်။ ထိုကျေးဇူးတော်ကိုအ လွှဲသုံးစားပြု၍မိမိ ကိုယ် မိမိဆိုးယုတ်အောင်မပြုမိရန်သတိရှိပါလေ့စေ။ ဘုရားသခင်ပေးသ နားသောကျေးဇူးတော်ကိုအမီပြု၍၀ါကြွာခြင်း၊ ဂုဏ်မောက်ခြင်း၊ ပြိုင် ဆိုင်ခြင်းများလုံးဝမပြုမိစေနှင့်။
ဘုရားသခင်၏သာသနာတော်ကိုပြည့်ဝရက်ရောပျော်ရွှင်စွာ ကူညီ ပံ့ပိုးပေးပါ။ သင်သည်ဘု ရားကျောင်းတွင်း၌ရှိနေစဉ် သင်၏အာရုံများ ကိုထွေရာလေးပါးဦးတည်ရာမဲ့လွှင့်ပါးမနေစေနှင့်။ မလိုအပ်သောစကား များ ကိုပြောဆို၍လည်းအချိန်ကုန်မခံနှင့်။ တစ်နေ့ တာ၏အချိန် အနည်း ငယ်ကိုသာပေး၍ပြုသောထိုခဏတာအချိန်ကိုအ ကောင်းဆုံးအ သုံးပြု ၍အာရုံစူးနစ်ကာဘုရားသခင်ထံဆုတောင်းလော့။ ကျေးဇူးတင်လော့။ မိမိ၏အပြည့်စုံမူ၊ အပြစ်အ မှားများအတွက်ဝန်ချတောင်းပန်လော။ ဤအ မူကိုအသံထွက်၍သော်လည်းကောင်း၊ သင်၏စိတ်နှလုံးထဲ၌တိတ်ဆိတ် စွာဖြင့်လည်းကောင်းဆုတောင်းလော့။
တိုင်းပြည်အတွင်းရှိချို့ငဲ့သူ၊ မပြည့်စုံသူ၊ အတိဒုက္ခရောက်နေသူများ ကိုသနားစိတ်မွေးလော့။ နှစ်သိမ့်မူပေးပါလော့။ သင့်အားသွန်းလောင်းေ ပး ခဲ့သောဘုရားသခင်၏ကျေးဇူးတော်ကြီးငယ်တစ်ပါးခြင်းဆီကိုရေ တွက်၍ကျေးဇူးတင်ပါလော့။ ဤသို့ ဖြင့်သင်သည်ထိုထက်ကြီး မား များပြားသောကျေးဇူးတော်ကိုထိုက်တန်စွာထပ်မံခံ စားရကောင်းခံ စား ရပေမည်။ တိုင်းသူပြည်သားများအပေါ်၌လည်းတရားမျှ တစွာဖြင့်အုပ် ချုပ်မင်းလုပ်ပါလော့။ တစ်စုံ တစ်သောအကြောင်းကြောင့်တရားဥပဒေ စိုးမိုးရာတွင်တိမ်းစောင်းသွေဖီသွားခြင်းများမဖြစ်စေပါနှင့်။ တရား ဥပဒေ အ ရေးနှင့်ပတ်သက်လာလျှင်ငွေများငွေနိုင်သည့်စနစ်မျိုးမကျင့်သုံး ဘဲအ မှန်တရားပေါ်ပေါက်လာစေရန်အာဏာမဲ့၊ ချို့တဲ့ နွမ်းပါး သူများဖက်မှအ စဉ်ရပ်တည်၍အမှန်တရားကိုဖော်ထုတ်ပေးပါ။ ငြိမ်းချမ်းခြင်း၊ စည်း လုံးခြင်း၊ တရားမျှတခြင်း၊ တ ရားဥပဒေစိုးမိုးခြင်းရှိအောင် တိုင်းပြည်အ တွင်း၌ဖော်ဆောင်နိုင်ရန်အားထုတ်ပါ။ သာသနာ့ဝန်ထမ်း များအတွက် ပိုမို၍ စောင့်ရှောက်ပေးနိုင်ရန်အားထုတ်ပါ။
အလွန်ချစ်ရပါသောသား … ကျွန်ုပ်တို့ ၏အမိဖြစ်သောကက်သ လစ်သာသနာကိုနာခံပါ။ လောက၌ဘုရားသခင်အမြင့် ဆုံးအာဏာ ကိုပေးထားခြင်းခံရသောသာသနာပိုင်ရဟန်းမင်းကြီးကိုလည်းသင်၏၀ိညာဉ်ရေး ဖခင်အဖြစ်နာခံပါ။ အပြစ်များအားလုံးမှ ကင်းရှင်းရန်အား ထုတ်ပါ။ အထူးသဖြင့်ဘုရားသခင်အားမရှိမသေပြောဆို ခြင်းနှင့်လွှဲ မှားသောအယူဝါဒများကိုတိုင်းပြည်အတွင်း၌မွေးဖွားရှင်ခွင့်လုံးဝမပေးလေနှင့်။
ချစ်သား … နောက်ဆုံးအနေဖြင့်ခမည်းတော်တစ် ပါးအနေဖြင့်ေ ပးနိုင်သောကောင်း ကြီးအ ဖြာဖြာကိုသင့်အားပေးပါသည်။ ခမည်းတော်၊ သားတော်၊ သန့် ရှင်းသောဝိညာဉ်တော်၊ သန့် ရှင်းသောဘုရားသခင်၏ ကောင်းကင်တမန်၊ ရဟန္တာသူတော်သူမြတ်များအားလုံးသင့် အားမေ ကာင်းမူဟူသမျှမှကာကွယ်စောင့်ရှောက်ပေးစေ တော်မူပါ။
ဘုရားသခင်သည်သူ၏အလိုတော်ကိုလုပ်ဆောင်နိုင်ရန်သင့် အားစိတ်ကောင်းနှလုံးကောင်း နှင့်ဆန္ဒကိုပေးသနားတော်မူပါစေ။ သင်၏လုပ်ဆောင်ချက်များအားဖြင့်လည်းသူ၏ဘုန်းတော်ထွန်းလင်းတောက်ပပါ စေ။ သို့ ဖြစ်၍ယခုအသက်တာကုန်ဆုံးသောအခါ၊ နောက်ထာဝရအသက်ချမ်းသာ၌ပျော်ရွှင်စွာဆုံဆည်း၍ထာဝရ ပျော်ရွှင်စွာနေထိုင်သွားကြပါစို့ ဟုတိုက်တွန်းခဲ့ပါသည်။
Credit to Cle Pike

No comments:
Post a Comment