ဖာတီမာတွင်အမိမယ်တော်ထင်ရှားပြစဉ်သင်ကြားပေးခဲ့သော ဆုတောင်းမေတ္တာ (၅) ပုဒ်ရှိ သည်သင်သိပါသလား။ ဖာတီမာသည်ပေါ် တူဂီမြို့မှဖြစ်သည်။ မြန်မာပြည်မှအချို့သောဘာသာတူများ ပင်လျင်ဘုရား ဖူးရောက်ရှိခဲ့ကြပြီးဖြစ်သည်။ သိုးထိန်းကလေးသုံးယောက်အား အမိ မယ်တော်ကိုယ်ထင်ရှားပြရာမှဖာတီမာသည်လူသိများလာခဲ့သည်။ အထူးသဖြင့်အမိမယ်တော်အားကြည်ညိုသူများ ဖြစ်ကြသည်။
အမိမယ်တော်သည် (၂၀) ရာစုအစောပိုင်းတွင်ထင်ရှားပြခဲ့ပြီး၊ ဤထင်ရှားပြခြင်းသည်ကက်သ လစ်ကမ္ဘာအတွက်အလွန်ကျော် ကြားသောအံ့ဖွယ်ရာတစ်ပါးဖြစ်ခဲ့သည်။ ကလေးသုံးဦးသည်အမိမယ် တော်ထံမှသတင်းစကားများစွာကိုခံယူရရှိခဲ့သည်။ ထိုသတင်းများအား လုံး၏အဓိကတိုက်တွန်းချက်မှာမိမိတို့ အပြစ်၊ အမှားများမှနောင်တတ ရားယူရန်၊ ဆုတောင်းရန်နှင့်ဆုတောင်းမေတ္တာအသစ် (၅) ပုဒ်ကိုလည်း သစ်လွှင်စွာသင်ကြားပေးခဲ့သည်။ ထိုဆုတောင်းမေတ္တာ (၅) ပုဒ်အနက်တစ်ပုဒ်ကိုမူကျွန်ုပ်တို့  အားလုံးအလွန်ရင်းနှီးကြသည်။ ကျန်လေးပုဒ်ကိုသာလျှင်လူသိပ်မသိကြပေ။
ဖာတီမာမှသိုးကျောင်းသား (၃) ဦးအားသင်ကြားပေးခဲ့သော ဆုတောင်းမေတ္တာ (၅) ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဖာတီမာဆုတောင်းမေတ္တာ (သို့ ) တစ်ဆယ့်စိပ်ပြီးတိုင်းပူဇော်သော ဆုတောင်းမေတ္တာ
အိုယေဇူး၊ ကျွန်ုပ်တို့ ၏အပြစ်များကိုခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့  ကိုငရဲမီးမှလည်းကယ်တင် တော်မူပါ။ ကျွန်ုပ်တို့ ကိုကောင်းကင်သို့ ပို့ ဆောင်တော်မူပါ။ ကိုယ်တော်၏သနားခြင်းကိုအထူးလိုအပ် နေသော သူများကိုသနားတော်မူပါ ‘အာမင်’ ဖြစ်သည်။ ဤဆုတောင်းမေ တ္တာကို စိတ်ပုတီး စိပ်ပြီးတိုင်း ထည့်သွင်းဆုတောင်းရန်၊ အမိမယ်တော် မှ ကလေးသုံးဦးအားမှာကြားခဲ့သည်။
၂။ ခွင့်လွှတ်ခြင်းဆုတောင်းမေတ္တာ (The Pardon Prayer)
ကျွန်ုပ်၏ဘုရား၊ ကိုယ်တော့်ကိုကျွန်ုပ်ယုံကြည်ပါသည်၊ ကျွန်ုပ် ကိုးကွယ်ပါသည်၊ ကျွန်ုပ်မျှော် လင့်ပါသည်၊ ကျွန်ုပ်ချစ်ပါသည်။ ကိုယ်တော့်ကိုမယုံကြည်သူများ၊ မကိုးကွယ်သူများ၊ မျှော်လင့်ချက်မ ထားသူ၊ မချစ်သူများအားလုံးအတွက်ခွင့်လွှတ်ပါရန်ကျွန်ုပ်ခွင့်ပန်ပါသည်။
ဤဆုတောင်းမေတ္တာကိုကောင်းကင်တမန်မှကလေးသုံးဦးအား (၁၉၁၆) ခုနှစ်တွင်သင်ပေးခဲ့သည်။ ထိုခုနှစ်သည်အမိမယ်တော်ဖာတီ မာမြို့၌ထင်ရှားမပြမီတစ်နှစ်ခန့် ကဖြစ်သည်။
၃။ ကောင်းကင်တမန်၏ဆုတောင်းမေတ္တာ (The Angle’s Prayer)
အိုအလွန်သန့် ရှင်းသောပုဂိုလ်သုံးပါးတစ်ဆူဘုရားဖြစ်သော၊ ခမည်းတော်၊ သားတော်၊ သန့်  ရှင်းသောဝိညာဉ်တော်၊ ကိုယ်တော့် ကိုအကျွန်ုပ်လှိုက်လှဲစွာရှိခိုးကိုးကွယ်ပါသည်။ ယေဇူးသခင်ခံထမ်း ရသောစော်ကားမူ၊ မရိုမသေပြုမူနှင့်လစ်လျူရူ့ခံရမူစသော အပြစ်များ အားလုံးအတွက်၊ ကမ္ဘာတစ်ဝှမ်း ရှိ၊ ကိုယ်တော်မြတ်ဗိမာန်တော် တွင် ကိန်းဝပ်စံပါယ်သော၊ ယေဇူးသခင်၏ခနွာတော်၊ သွေးတော်၊ ၀ိညာဉ်နှင့် အလွန်အဖိုးထိုက်သောယေဇူးသခင်၏ဘုရားအဖြစ်တော်ကိုအပြစ်ဒဏ်ဆပ်ဖြေသည့်အနေ ဖြင့်ကိုယ်တော့်ကိုကျွန်ုပ်ပူဇော်ပါသည်။ ယေဇူးရွှေနှ လုံးတော်၏အဆုံးမဲ့သောကျေးဇူးတော်ဖြင့်လည်းကောင်း၊ အမိ မယ်တော် ၏အပြစ်မဲ့သောနှလုံးတော်အားဖြင့်လည်းကောင်း၊ သနားစရာကောင်းေ သာအ ပြစ်ရှိသူတို့ ၏နောင်တရ၊ အကျင့်ပြောင်းလဲရန်တောင်းလျှောက် ပါသည်။
ဤဆုတောင်းမေတ္တာသည်လည်း၊ ကောင်းကင်တမန် မှကလေး သုံးဦးအားပေးခဲ့သည်။ ဤဆု တောင်းမေတ္တာကိုသင်ပေးနေချိန်၌၊ လေ ဟာပြင်တွင်သွေးတော်ဖလားနှင့်ကိုယ်တော်မြတ်မြောက်ပင့် ထားသည် ကိုလည်း၊ ကလေးသုံးဦးလုံးဖူးမြော်ခဲ့ရသည်။ ကောင်းကင်တမန်မှ ကလေးသုံးဦးအားဒူး ထောက်ဆုတောင်းရန်သင်ကြားခဲ့သည်။
၎။ ကိုယ်တော်မြတ်ပတ္ထနာတော်ဆုတောင်းမေတ္တာ (The Eucharistic Prayer)
အလွန်သန့် ရှင်းသောပုဂိုလ်သုံးပါးတစ်ဆူဘုရား၊ ကိုယ်တော့်ကို ကျွန်ုပ်ရှိခိုးကိုးကွယ်ပါသည်။ ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား၊ ကိုယ်တော်မြတ်စက္ကရာမင်းတူတွင်ကိန်းအောင်းသောကိုယ်တော့်ကို ကျွန်ုပ်ချစ်ပါသည်။
အမိမယ်တော်ကလေးသုံးဦးအားပထမဦးဆုံးအချိန်ထင်ရှားပြ သည့်နေ့ မှာ (မေလ၊ ၁၊ ၁၉၁၇) ခုနှစ်တွင်ဖြစ်သည်။ ထိုထင် ရှာြး ပခြင်း၌အမိမယ်တော်ကကလေးသုံးဦးအား ‘သင်တို့ သည်ဒုက္ခများစွာ ကြုံတွေ့ ရလိမ့်မည်။ သို့ သော်ဘုရားသခင်၏ကျေးဇူးတော်သည်သင်တို့  အားနှစ်သိမ့်ခြင်းကိုပေးလိမ့် မည်’ ဟုမြွတ်ကြားခဲ့သည်။ ကလေးသုံး ဦး အနက်၊ အသက်အရွယ်အကြီးဆုံးလည်းဖြစ်ပြီး၊ သုံးဦးအ နက်နောက် ဆုံးကွယ်လွန်ခဲ့သောလူချီးယာ၏အဆိုအရအမိမယ်တော်ပေါ်လာစဉ်တွင်၊ ၄င်းတို့ ဘေး ပတ်လည်တွင်ရောင်ဝါများထွန်းလျှက်ရှိသည်၊ ထိုစဉ်တွင် သတိမထားမိဘဲ၊ အမိမယ်တော်သင်ကြား ပေးသောဆုတောင်းမေတ္တာ ကိုအတူတကွညီညာစွာဆုတောင်းနေခဲ့ကြောင်းဆိုပါသည်။
၅။ ဆုတောင်းခြင်းဖြင့်ဆပ်ဖြေခြင်း (The Sacrifice Prayer)
အိုယေဇူး၊ ကိုယ်တော့်ကိုချစ်သောကြောင့်၊ ကိုယ်တော်ခံရသော ထိခိုက်စော်ကားမူများနှင့်အ ပြစ်မဲ့သောအမိမယ်တော်၏နှ လုံးတော်အား ဆန့် ကျင်မူများအပြင်၊ အပြစ်သားတို့ ၏နောင်တရ အကျင့် ပြောင်းလဲရန် အတွက်၊ ဆပ်ဖြေသည့်အနေဖြင့်ကျွန်ုပ်ပူဇော်ပါသည်။
အမိမယ်တော်သည်ဤဆုတောင်းမေတ္တာ၊ အိုယေဇူး ဆုတောင်းေ မတ္တာများကို (ဇွန်လ ၁၃၊ ၁၉၁၇) ခုနှစ်တွင်သင်ကြားပေးခဲ့သည်။ သင်ခံ စားနေရသောဝေဒနာများကိုဘုရားသခင်အားပူဇော် အပ်နှံသည့်အချိန် များတွင်ဤဆုတောင်းမေတ္တာများကိုရွတ်ဆိုပူဇော်ရန်ဖြစ်သည်။
Credit to Cle Pike
No comments:
Post a Comment