ယနေ့လူငယ်၊
နောင်ဝယ်လူကြီး။ အနာဂတ်သည် လူငယ်များ၏လက်ထဲတွင်ရှိပါသည်။ လူငယ်များ ပခုံး ပြောင်းတာဝန်ထမ်းဆောင်ရမည့်
အခြေအနေသို့ ရောက် လာတော့မည်ဖြစ်သည်။ လူငယ်များသည် နုပျိုသည်၊ ဖျတ်လတ်သည်၊ သွက်လက်သည်၊
အင်အားရှိသည်၊ သန်မာ သည်၊ အတွေးအခေါ်အသစ်၊ အမြင်သစ်၊ ဖန်းတီးမူအသစ် များဖြင့် ပြည့်နေသောဘဝကို
ဖြတ်သန်းသောအချိန်ကာလ ဖြစ်သည်။ လုပ်ရဲကိုင်ရဲရှိကြသည်။ လူငယ်များသည် မိမိ ဘဝအား မည်ကဲ့သို့
ပုံဖော်ထုဆစ်ကြရမည်ကိုသိကြသည်။ အနာဂတ်အိမ်မက်များ မြင်မက်ပြီး ကြိုးစားလုပ်ဆောင် နေကြသော
ကာလလည်း ဖြစ်ပါသည်။ တစ်နေ့လောကကြီး ကို ပခုံးပြောင်းတာဝန်ယူမည့်လူငယ်များသည် ပစ္စုပ္ပန်
အချိန်ကာလ၌ မည်သည့်အရာများ လုပ်ကြရမည်နည်း။ မည့်ကဲ့သို့ပြင်ဆင်ကြရမည်နည်း။ စာရေးဆရာများ၊
ပညာ ရှင်များ လမ်းညွှန်ရေးသားဖော်ပြပေးထားသော စာအုပ်များ၊ မဂ္ဂဇင်းများ အများအပြားပင်ရှိပါသည်။
လူငယ်ဘဝ၌ အကျိုးရှိရှိ အနာဂတ်အတွက် ပြင်ဆင်ရန်လေ့လာ ကြပါစို့။
(၁) ရည်းမှန်းချက်ထားပါ။
ရည်မှန်းချက်မရှိလျှင် ရွက်မရှိသောလှေနှင့် တူ မည်ဖြစ်သည်။ ကမ်းမမြင်၍
ပင်လယ်ထဲ၌သာ မျောနေမည် ဖြစ်သည်။ လူငယ်တစ်ယောက်၌ ရည်မှန်းချက်သည် ရှိသင့် ရှိထိုက်သော
အရာတစ်ခုဖြစ်ပါသည်။ ရည်မှန်းချက်ကြောင့် လူငယ်များကြိုးစားနေကြသည်မှာ အထင်ရှားဖြစ်သည်။
သို့သော် ရွေးချယ်စရာများစွာ ရှိသည့်အတွက်ကြောင့် ရည်မှန်းချက်များ ပျောက်ဆုံးနေသောလူငယ်များ
များစွာ ရှိပါသည်။ လူငယ်များရည်မှန်းချက်ကြီးကြီးထား၍ ကြိုးစား ကြရမည်ဖြစ်ပါသည်။ ရင်လောက်မှန်းမှ
ဒူးလောက်ရောက် မည်ဖြစ်သည်။ ရည်မှန်းချက်မရှိသေးရင် ရှိအောင်ထားရ မည်။ လူငယ်များ ရည်မှန်းချက်
ထားရှိနိုင်ကြပါစေ။
(၂) ပညာရပ်တစ်ခုခုလေ့လာဆည်းပူးပါ။
ပညာရပ်များစွာရှိသည်အနက် ပညာရပ်တစ်ခုခု အား လေ့လာဆည်းပူးခြင်းသည်
အနာဂတ်တွင် ပခုံးပြောင်း တာဝန်ယူထမ်းဆောင်နိုင်စေမည့် လုပ်ရပ်တစ်ခုပင်ဖြစ် ပါသည်။ ထို့ကြောင့်
လူငယ်များ ပညာရပ်တစ်ခုခုအား လေ့လာ ဆည်းပူးသင့်ပါသည်။ ကျောင်းတက်သည့်အရွယ် တွင် ကျောင်းစာကြိုးစားရမည်ဖြစ်သည်။
အကြောင်းအမျိုး မျိုးကြောင့် ကျောင်းမတက်နိုင်သော်လည်း ကျောင်းပြင်ပ တွင် ပညာရပ်တစ်ခုခု
လေ့လာနိုင်ပါသည်။ ကျောင်းတွင်သာ မဟုတ် ကျောင်းပြင်ပတွင်လည်း လေ့လာဆည်းပူးနိုင်သော ပညာရပ်များ၊
များစွာပင်ရှိပါသည်။ နှောင်ဝယ်လူကြီးဖြစ် မည့် လူငယ်များ အချိန်မဖြုန်းပဲ ပညာရပ်တစ်ခုခုအား
ကြိုးစား၍ လေ့လာဆည်းပူးနိုင်ကြပါစေ။
(၃) အကောင်းမြင်တတ်ပါစေ။
အမြင်ကောင်းရန်သာမက အကောင်းမြင်တတ် ရမည်မှာ အားလုံးအသိပင်ဖြစ်သည်။
အကောင်းမြင်တတ် ခြင်းသည် လူငယ်တစ်ယောက်အား စိတ်စွမ်းအားတိုး စေပါသည်။ အကောင်းမမြင်ခြင်းကြောင့်
လူငယ်များ မိမိတို့ ၏မိသားစု၊ ပတ်ဝန်းကျင်များနှင့် ပြဿနာပေါင်းစုံတွေ့ ကြုံရသည်မှာ
မဆန်းပေ။ အကောင်းနှင့် အဆိုးအမြဲဒွန်တွဲ နေသောကြောင့် အရာအားလုံးသည် အကောင်းချည်း မဖြစ်နိုင်ပေ။
သို့သော် အကောင်းမြင်နိုင်လျှင် အရာ အားလုံးသည် အကောင်းချည်းပင်ဖြစ်သည်။ လူပေါင်းစုံနှင့်
တွေ့ဆုံဆက်ဆံကြရမည့် လူငယ်များ အရာရာ၌ အကောင်း မြင်တတ်သောစိတ် ထားရှိနိုင်ကြပါစေ။
(၄) ကျန်းမာရေးအသိရှိပါ။
''အာရောဂျံ၊ ပရာမံလာဘံ။'' ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သည်။
ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ် ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာရရှိသကဲ့သို့
ကျန်း မာရေးအသိရှိခြင်းဖြင့် ရောဂါမဖြစ်မီ ကာကွယ်နိုင်မည်ဖြစ် သည်။ လူငယ်များ အလုပ်များသည်ဟု
ဆင်ခြင်ပေးကာ ကျန်းမာရေး လိုက်စားမှုအားနည်းနေကြသည်။ ကိုယ်ကာယ လေ့ကျင့်ခန်း (သြိပ ဘကငိုငညါ)
ပြုလုပ်ခြင်းသည် အချိုးအစားကျသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်စေသည်သာမက မိမိကိုယ်ကိုယုံကြည်မှု
ပိုမိုရရှိလာစေပါသည်။ စိတ်ဓါတ် ခိုင်မာစေပါသည်။ အဟာရရှိသော အစားအစာများ စားသုံး ရန်သိရှိရမည်။
အထူးသဖြင့် လတ်ဆတ်သော အသီးအရွက် များသည် ကျန်းမာရေးအတွက် ကြီးမားစွာအထောက်အကူ ပေးပါသည်။
ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ခန်းနှင့် ကျန်းမာရေးအသိရှိခြင်းဖြင့် လူငယ်များမိမိထမ်းဆောင်
ရမည့်တာဝန်များ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များ
အနာဂတ်တွင် တာဝန်များ မလစ်ဟင်းရလေအောင် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ၊ ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ခန်းများ
သိရှိကြိုးစားလေ့ကျင့်နိုင်ကြပါစေ။
(၅) ဘုရားတရားကြည်ညိုလေးစားသောသူ
ဖြစ်ပါစေ။
ဘုရားတရား ကြည်ညိုလေးစားသောသူသည် လူအများလေးစားတတ်ကြသည်။ သတိထားမိသည်မှာ
လူငယ်များ ဘုရားတရားဘက်တွင် အားနည်းလာကြသည်။ ဘုရားတရား ကြည်ညိုတတ်သောလူငယ်များလည်း
ရှိပါ သည်။ သို့သော် အလွန်နည်းပါးနေပါသည်။ ဘုရားတရား ကြည်ညိုခြင်းဖြင့် တည်ငြိမ်ရင့်ကျက်သော
စိတ်ကိုရရှိစေပါ သည်။ ဘုရားအရိပ်၊ တရားအရိပ်အောက်တွင် နေရသော အချိန်ကာလသည် အလွန်ပင်ငြိမ်းချမ်းလှသည်။
အသင်း တော်ကြီး၏အပြောင်းအလဲသည် လူငယ်များ ဘုရားတရား ကြည်ညိုမှု့မရှိလျှင် မည်ကဲ့သို့
အသင်းတော်ကြီး တည်တံ့ခိုင် မြဲနိုင်မည်နည်း။ အသင်းတော်ကြီးသည် လူငယ်များအား ဘုရားတရားကြည်ညိုတတ်ရန်
သွန်သင်လေသည်မှာ ငယ် စဉ်ကတည်းကပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်များ အများ လေးစားသောသူ၊
စိတ်တည်ငြိမ်ရင့်ကျက်သောသူ၊ အသင်း တော်ကြီးတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်
သောသူဖြစ်စေရန် ဘုရားတရားကြည်ညို လေးစားသောသူ ဖြစ်ကြပါစေ။
(၆) လူမှုဆက်ဆံရေးအသိရှိပါ။
မည်သူမျှတစ်ဦးတစ်ယောက်တည်း မနေနိုင်ကြ သည်မှာ လူ့သဘာဝပင်ဖြစ်သည်။
လူသားများတစ်ဦး နှင့်တစ်ဦး ပြောဆိုဆက်ဆံ၊ ဆက်သွယ်ကြရသည်။ သို့သော် လူမှုဆက်ဆံရေးမပြေလည်လျှင်
အဆင်မပြေနိုင်ပေ။ လူ လူချင်း ပြောဆိုဆက်ဆံ၊ ဆက်သွယ်ရသည်မှာ လွယ်သလို၊ ခက်လည်းခက်ပါသည်။
တိရိစ္ဆာန်များ ယဉ်ပါးအောင်လုပ် လျှင် ယဉ်နိုင်ပါသည်။ သို့သော် လူ လူချင်း ယဉ်ကျေးစွာ
ပြောဆိုဆက်ဆံရသည်မှာ ခဲရင်းပါသည်။ သို့သော် နည်း လမ်းရှိပါသည်။ မခက်ပါ။ အထူးသဖြင့်
လူငယ်များသည် အနီးရှိသူငယ်ချင်းများကိုပင် သတိမထားမိကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် လူငယ်များသည်
ဖုန်း၊ ဟန်းဆက် များနှင့်သာ စကားပြော၊ အလုပ်ရှုပ်နေတတ်ကြသည်။ လူမှုဆက်ဆံရေး အသိခေါင်းပါးခြင်း
မဟုတ်သော်လည်း လူတစ်ဦးနှင့်တစ်ဦးအကြားတွင် အနှောင့်အယှက်ဖြစ်စေ သည်မှာ အမှန်ပင်ဖြစ်ပါသည်။
ထို့ကြောင့် လူငယ်များ အနာဂတ်တွင် လူထုနှင့်လိုက်လျောညီထွေစွာ၊ အဆင် ပြေစွာ ပြောဆိုဆက်ဆံ၊
ဆက်သွယ်နိုင်သောသူများ ဖြစ်ကြပါစေ။
(၇) ပျော်ပျော်နေတတ်ပါစေ။
ပျော်ပျော်နေသေခဲ။ သေခဲသည် မဟုတ်သော် လည်း အများအားဖြင့် ပျော်ပျော်နေတတ်သူများသည်
အသက်ရှည်တတ်ကြသည်။ ပျော်ပျော်နေတတ်သော သူသည် လူချစ်လူခင် ပေါများပါသည်။ ပျော်ပျော်နေ
တတ်သောသူ၏အပြုံးကြောင့် လူအများမှတ်မိတတ်ကြ သည်။ ဘယ်နေရာရောက်ရောက်၊ ဘယ်လောက်ဘဲ အခက်အခဲတွေ့ပါစေ
ပျော်ပျော်နေတတ်သောသူသည် အခက်အခဲများ ရင်ဆိုင်ကျော်လွှားနိုင်တတ်ကြပါသည်။ လူငယ်များ
ပျော်ပျော်နေတတ်ကြပါသည်။ သို့သော် မမှန် သော အပျော်ရှာနည်းများကြောင့် အပြစ်ထဲ၊ လမ်းမှားထဲ
ကျရောက်သော လူငယ်များ ဒုနဲ့ဒေးပင်ဖြစ်သည်။ ထို့ ကြောင့် မှန်ကန်သောပျော်ရွှင်မှုရှာ၍
ပျော်ပျော်နေတတ်ရ မည်ဖြစ်သည်။ အနာဂတ်လူငယ်များ ပျော်ပျော်နေတတ် ကြပါစေ။
(၈) တိုးတက်လိုသော စိတ်ဆန္ဒရှိပါစေ။
ခေတ်ရေစီးကြောင်းအတိုင်း လိုက်စားကြသည်မှာ တိုးတက်သည်၊ ခေတ်မှီသည်
ဟုဆိုနိုင်ပါသည်။ သို့သော် ခေတ်ရေစီးကြောင်းလိုက်တိုင်းတိုးတက်သည်၊ ခေတ်မှီသည် ဟုမဆိုနိုင်ပေ။
ခေတ်ရေစီးကြောင်းလိုက်၍ ပျက်စီးနေ သောလူငယ်များ များစွာတွေ့ရှိရပါသည်။ ထို့ကြောင့်
တိုးတက်သည်ဟုဆိုရာ၌ ကိုယ်၊ စိတ်၊ နှလုံး သုံးပါး ပိုမို ရင့်ကျက်လာခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ဗဟုသုတများနှင့် သမိုင်းကြောင်းများ လေ့လာခြင်းအားဖြင့်လည်း တိုးတက် သောသူတစ်ဦး ဖြစ်လာနိုင်သည်။
တိုးတက်လိုသော စိတ်ဆန္ဒရှိသောသူသည် အခက်အခဲများ ရင်ဆိုင်နေရသော် လည်း အောင်မြင်ကျော်လွှားနိုင်သောသူများ
ဖြစ်သည်။ ထို့ကြောင့် လူငယ်များ အောင်မြင်မှုသရဖူဆွတ်ခူးနိုင်ရန် တိုးတက်လိုသော စိတ်ဆန္ဒရှိသောသူများဖြစ်ပါစေ။
(၉) စာဖတ်ပါ။
စာဖတ်ခြင်းအားဖြင့် လူတစ်ဦးအား အသိပညာ ဗဟုသုတ၊ အကျင့်စာရိတ္တ၊
အပြုအမူ၊ အပြောအဆို စသည် ကောင်းသောအရာများပေးစွမ်းနိုင်ပါသည်။ စာဖတ်ခြင်း ကြောင့် အောင်မြင်ကျော်ကြားသော
ပုဂ္ဂိုလ်ထူးများ အများ အပြားပင်ရှိပါသည်။ စာမဖတ်လျှင် မသွေးထားသော ဓါးကဲ့ သို့ တုံးနေမည်ဖြစ်သည်။
လူငယ်များ စာဖတ်ချိန်မရှိကြ တော့ပေ။ အချိန်မပေးနိုင်ကြတော့ပေ။ ဂိမ်းဆော့ရန် အချိန်သာရှိတော့သည်။
လည်ပတ်ရန်သာ အချိန်ရှိတော့ သည်။ ဂိမ်းဆော့လျှင် Óဏ်ကောင်းစေပါသည်။ သို့သော် အလွန်အကျွံဖြစ်လျှင်
မည်သည့်အရာမှမကောင်းပေ။ ဂိမ်းစွဲ သောရောဂါသည် ကုသရန်ခက်ခဲသော ရောဂါတစ်မျိုးပင် ဖြစ်သည်။
လည်ပတ်ခြင်းသည် စိတ်အပန်းဖြေရာ ရောက်စေ ပါသည်။ သို့သော် အလည်အပတ်လွန်လျှင် အချိန်ဖြုန်းရာ
ရောက်ပါသည်။ ထိုအချိန်များ၌ စာဖတ်လျှင် သင့်ဦးနှောက် ထဲတွင် တစ်စုံတစ်ရာကျန်နိုင်ပါသည်။
အကျိုးဖြစ်စေနိုင် ပါသည်။ နှောင်တစ်ချိန်တွင် ဖတ်ထားသောစာများအား အသုံးချနိုင်ပါသည်။
ထို့ကြောင့် လူငယ်များ စာဖတ်ချိန်ရှိ သောသူများနှင့် စာဖတ်သောသူများ ဖြစ်နိုင်ကြပါစေ။
(၁ဝ) အမှားကိုပြုပြင်ပြောင်းလဲလိုသောဆန္ဒရှိပါ။
ပထမအကြိမ်မှားလျှင် သင်ခန်းစာ ယူရမည်ဖြစ် သည်။ ဒုတိယအကြိမ်မှားလျှင်
မှားသောသူ၏အမှားပင် ဖြစ်သည်။ အမှားမှ သင်ခန်းစာ ယူတတ်ရမည်ဖြစ်သည်။ ထိုနောက် ထိုအမှားကို
ပြုပြင်ပြောင်းလဲပစ်ရမည်ဖြစ်ပါ သည်။ ကိုယ်ပြုသည့်အမှားအား မိမိဘာသာပြုပြင်သကဲ့သို့
တစ်ပါးသူပြုပြင်ပေးသောအရာများကိုလည်း လက်ခံ ပြုပြင်ရမည်ဖြစ်သည်။ လူငယ်များ အမှားကို
လက်ခံ ကြသော်လည်း ၄င်းအမှားအား ပြုပြင်ပြောင်းလဲရန် စိတ်က သိကအောက် ဖြစ်တတ်ကြသည်။ ပြုပြင်ပေးသည့်သူကို
လည်း မုန်းတတ်ကြသည်။ ထိုကဲ့သို့ အမှားကို ပြုပြင်ပြောင်း လဲရန် မကြိုးစားပါက အနာဂတ်တွင်
မည်ကဲ့သို့ဦးဆောင် နိုင်မည်နည်း။ ဦးဆောင်မည့်သူသည် အမှားကို ပြုပြင် ပြောင်းလဲလိုသော
ဆန္ဒရှိရမည်ဖြစ်သည်။ သို့မှသာ အမှား နည်းသောသူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အနာဂတ်တွင်
ဦးဆောင်မည့်လူငယ်များ အမှားကို ပြုပြင်ပြောင်းလဲလို သောဆန္ဒရှိကြပါစေ။
အထက်ပါအချက်များသည် လူငယ်များအတွက် ပြည့်စုံစွာမဖြည့်ဆည်းနိုင်ပေ။
ထိုထက်မက လူငယ်များ လိုက်ကျင့်အပ်သောအရာများ များစွာရှိပါသည်။ လူငယ်များ အခြားသောစာအုပ်များ၊
မဂ္ဂဇင်းများ၌လည်း ဖတ်ရှုကာ လက်တွေ့ကျင့်သုံးနိုင်ပါသည်။ အရေးကြီးသည်မှာ အနာ ဂတ်တွင်
ပဲ့ကိုင်နိုင်သော လူငယ်များဖြစ်ရန်ပင် ဖြစ်သည်။ လူငယ်များနေရာများစွာရှိပါသည်။ အခွင့်အရေးများစွာ
ရှိပါသည်။ အခွင့်အလမ်းများစွာရှိပါသည်။ ရွေးချယ်ရန် များစွာ ရှိပါသည်။ ထိုများစွာသောအရာထဲမှ
လူငယ်များ ကောင်းသောအရာများရယူနိုင်ရန် အရေးကြီးပါသည်။ ထိုများစွာထဲမှ မကောင်းသောအရာများသာ
ရယူပါက လူငယ်ကောင်းများ မဖြစ်နိုင်ပေ။ ကောင်းသော လူငယ်၊ လူငယ်ကောင်းတစ်ဦးဖြစ်ချင်လျှင်
အကောင်းဆုံးကြိုးစား ရမည်ဖြစ်သည်။ နုပျိုလန်းဆန်း၊ တက်ြ<ွကခိုင်မာ၊ ရဲရင့် တည်ကြည်၊
ရင့်ကျက်စိတ်ထား၊ အနာဂတ်လူငယ် သား ကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုဆုတောင်းပေးရင်း
.....
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။ မှတိုက်ရိုက်ကူးယူပါသည် ။
No comments:
Post a Comment