'ဆယ်ကျော်သက်အရွယ်'ကို
ယေဘူယျအားဖြင့် အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြားအရွယ်ဟု ကျွန်ုပ်တို့လက်ခံ သတ်မှတ်ကြသည်။
မြီးကောင်ပေါက်အရွယ်ဟုလည်း ခေါ် ကြသည်။ အူကြောင်အရူးမူးထချိန်ဟုလည်း ပြောတတ် ကြသည်။
မြီးကောင်ပေါက်ရွယ် အူမြူးရွယ်ဟုလည်းဆို ကြသည်မဟုတ်လော။
မှန်ပါသည်။
ဤအရွယ်တွင် လူငယ်များသည် သစ် ရွက်လှုပ်တာလေးမြင်လျှင်ပင် အူပေါက်လို့မတတ် ရယ် မောနိုင်ကြသည်။
အူမြူးပျော်ရွှင်တတ်ကြသည်။ တစ်ခါတစ်ခါ အူကြောင်ကြောင် လုပ်နိုင်လွန်းတတ်ကြ သည်။ လွတ်လွတ်လပ်လပ်
သွားလာချင်ကြသည်။ 'အုပ် ထိန်းသူဟူသမျှ ဘေးရှောင်ကြ'ဟုြေ<ွကးကြော်တတ်ကြ သောအရွယ်ဖြစ်သည်။
အသစ်အဆန်းများကို ကိုယ်တိုင် စမ်းသပ်ချင်ကြသည်။ စူးစမ်းသိလိုစိတ်ဝိညာဉ် ပြင်းထန် သောအရွယ်လည်း
ဖြစ်သည်။
ဆယ်ကျော်သက်အရွယ်သည် 'မကြီး မငယ်' အရွယ် ဖြစ်သည်။
ကလေးမဟုတ်၊ လူကြီးမပီ ဟိုမရောက် ဒီမ ရောက် ကြားနေအရွယ်ဖြစ်သည်။ 'သောင်မတင် ရေမကျ' ဆိုသလိုပင်။
ဆယ်ကျော်သက်များသည် မိဘအုပ်ထိန်းမှုကို ကျိုးနွံနာခံလွန်းတတ်သော ကလေးများမဟုတ်တော့ပေ
မယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သော အရွယ် ရောက်ပြီးသောပုဂ္ဂိုလ်များ၏ စာရင်းထဲထည့်ရန်လည်း
မရ သေးချေ။ ကလေးသူငယ်များလို တစ်ချိန်လုံးဂျီမကျတော့ ပေမယ့် လူကြီးလိုတော့မတည်ငြိမ်ကြသေးချေ။
သူတို့ကမ္ဘာ၊ သူတို့ဘဝကား ထူးခြားသည်။ သီးသန့်ဂြိုလ်ပေါ်တွင် ရှင် သန်ရသလိုပင်။ သီးခြားနေရာတွင်
နေထိုင်ရာသလိုပင် တည်း။
ဆယ်ကျော်သက်ရွယ်လူငယ်တို့သည် မိဘအုပ်ထိန်း သူများလက်အောက်မှ
လွတ်မြောက်ရှောင်ပြေးချင်ကြ သည်။ ကိုယ့်အတောင်ပံနှင့်ကိုယ်ပျံသန်းရန် ကြိုးစားအရဲစွန့်
ချင်ကြသည်။ မိဘပေးသောအကြံဥာဏ်များလည်း နားမ ထောင်တော့ဘဲ မိမိဘာသာ ဆုံးဖြတ်ချင်ကြသည်။
မိဘ ဖန်တီးပေးသော ဘဝတွင်မနေလိုတော့ဘဲ ကိုယ်တိုင်ဖန်တီး သောဘဝသစ်ကို ပိုင်ဆိုင်လိုကြသည်။
မိဘပေးသော အကြံဥာဏ်များသည် ဟောင်းနွမ်း ခေတ်နောက်ကျလွန်း သည်ဟု မြင်တတ်ကြသည်။ 'ငါသည်သာ'ဟု
စိတ်ကြီး ဝင်ကာ ရင်ကော့ခေါင်းထောင်ချင်ကြသည်။ မိမိကိုယ်ကို မိမိ ယုံကြည်မှုလွန်ကဲတတ်သောသဘောထားလည်း
ရှိ တတ်ကြသည်။
ဆယ်ကျော်သက်များသည်
မိဘအုပ်ထိန်းသူ များနှင့်အတိုက်ခံလုပ်ပြီး ကိုယ်လုပ်ချင်ရာကိုလုပ်ရမှ ကျေ နပ်တတ်သော
သဘောလည်းရှိတတ်ကြသည်။ မိဘက 'ဗူး'ဆို ရင် သူတို့က 'ဖရုံ'သီးအောင်လုပ်ပြချင်သည်။ မိဘက
'သြ' ဆိုရင် သူတို့ကလက်တည့်စမ်းမှ ကျေနပ်သည်။ မိဘကတားမြစ်ပိတ်ပင်ရင် သူတို့ကပိုလုပ်ချင်ကြသည်။
အရွဲ့တိုက်တတ်သောစိတ်သဘော ရှိတတ်ကြသည်။ ဤသို့ ကိုးလိုးကန့်လန့်လုပ်နိုင်လွန်းကြသော်လည်း
သူတို့အား လူဆိုးလူမိုက်ဟု မှတ်ယူလို့မရပေ။ မိဘစကားနားမထောင် အာခံတတ်၊ ပြန်ပတ်ပြောနိုင်လွန်းကြသော်လည်း
သားမိုက်၊ သမီးမိုက်ဟု မသတ်မှတ်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘဝသစ်ကို ရှာဖွေနေကြခြင်းသာဖြစ်သည်။
အပြောင်းအလဲဖွံ့ဖြိုးဖွံ့ကို အချိန်နှင့်သဘာဝတရားကဖြစ် ပွားစေ၍ ဤအသစ်အဆန်းများကိုသိနားလည်ရန်လည်း
တိုက်တွန်းလှုံ့ဆော်ခြင်း ခံနေရကြလို့ဖြစ်သည်။
ဆယ်ကျော်သက်များသည်
လမ်းလျှောက်တတ်ရန် သင်ယူနေသော ကလေးငယ်နဲ့နှိုင်းယှဉ်လို့ရသည်။ တစ်ချိန် လုံးမှောက်အိပ်လိုက်၊
ထိုင်လိုက်လုပ်နေရသော ကလေးငယ် သည် အချိန်တန်လျှင်မတ်တပ်ရပ်ရန်ကြိုးစားသည်။ ပြီး နောက်
ခြေလှမ်းလှမ်းနိုင်ရန် ကြိုးစားလာမည်။ အစကဖြင့် မိဘအုပ်ထိန်းသူ၏ လက်တွဲကူညီမှုကို သူလိုအပ်သည်။
ကူ ညီရန်လည်းတောင်းဆိုမည်။ သိပ်မကြာပေ အုပ်ထိန်းတွဲ ခေါ်ပေးသူနှင့်လမ်းလျှောက်ခြင်းကို
တတ်ကျွမ်းပိုင်နိုင်ပြီး ငြီးငွေ့လာကာ မိမိဘာသာမိမိ လျှောက်နိုင်မည်ဟု ယုံကြည် မှုဝင်လာသောအခါ
ကလေးငယ်သည်အုပ်ထိန်းသူများ၏ အကူအညီကို ငြင်းတတ်လာသည်။ တစ်ယောက်တည်းလမ်း လျှောက်ရန်ကြိုးပမ်းလာမည်။
သို့ပေမယ့် ကလေးငယ်သည် အကြိမ်ကြိမ်အခါခါ လဲကျမည်။ ကြိုးစားလည်း လဲမြဲပင်။ ထိုအခါ မိဘအုပ်ထိန်းသူမှဘဲ
ကလေးငယ်လမ်းလျှောက် ရာ၌တတ်ကျွမ်းပိုင်နိုင်သည်အထိ တွဲကူဖေးမ၊ အားပေး စမြဲပင်။ ဆယ်ကျော်သက်များသည်လည်း
ထိုနည်းတူပင်။ အသက်အရွယ်၊ အသိပညာ၊ ဘဝသင်ခန်းစာများ၌ သိကျွမ်း လာပြီဟုထင်မှတ်ကြသောအခါ
မိဘလက်အောက်မှလွတ် မြောက်ရန် ကြိုးပမ်းကြမည်။ မိမိဘဝကိုမိမိ ထိန်း ကျောင်းနိုင်မည်ဟုထင်လာကြမည်။
မိဘ၏အကြံဥာဏ် ပေးမှု့မပါဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ကြိုးစားရုန်းကန်ချင်ကြသည်။
သက်တူရွယ်တူသူငယ်ချင်း များသည်သာ သူတို့အတွက်အရေးကြီးသည်။ လူကြီးမိ ဘများနှင့်ဝေးလေ
ကောင်းလေ၊ လွတ်လပ်လေဟု ခံယူကြ သည်။ သို့ပေမယ့် ဝမ်းနည်းစရာကောင်းသည်မှာ ဆယ် ကျော်သက်များသည်
များသောအားဖြင့် ခလုတ်တိုက် မှောက်လဲတတ်ကြခြင်းပင် ဖြစ်သည်။ မှန်းချက်နှင့်နှမ်းထွက်
မကိုက်တဲ့အဖြစ်မျိုးကြုံကြိုက်ရသည်။ အမှားအယွင်း လွဲချော်မှုများနှင့် မကင်းနိုင်ဖြစ်ကြရသည်။
တစ်ခါတစ်လေ ဘဝပျက်ဆီးဆုံးရှုံးရသည်အထိပင်။
ဤသို့
တည်ငြိမ်ရင့်ကျက်ရန်၊ ကိုယ့်ဘဝကိုကိုယ် ပုံဖော်စူးစမ်းရှာဖွေရင်း လဲကျမှောက်ခုံဖြစ်ကြရသော
သူတို့ လေးများကို အုပ်ထိန်းသူမိဘများကပင် စိတ်ရှည်သည်းခံ လျှက် အားပေးတွဲခေါ်ပေးရန်လိုအပ်ပါသည်။
သူတို့ဘက်မှ မလိုလားငြင်းပယ်လျှင်တောင် လက်လွှတ် အလျှော့ပေးဖို့ မဟုတ်ချေ။ မနီးမကမ်းမှ
ကြည့်ရှု့ထိန်းသိမ်းပေးနေရမည်။ ပြုစုကာကွယ်ပေးနေရမည်။ တိုးတက်ပြောင်းလဲရန် ကူညီ ပေးရမည်။
ထို့အပြင်ဆယ်ကျော်သက်အရွယ်တွင်
အပြောင်း အလဲမြန်သည်။ အပြိုင်အဆိုင်များတတ်သည်။ ခေတ်မှီ ဆန်းသစ်သော ဝတ္ထုပစ္စည်းများ၏
သားကောင်များအဖြစ် သို့ ရောက်သွားတာများသည်။ သို့သော် သူတို့သည် စိတ် ရှည်သည်းခံနိုင်စွမ်းအားနည်းသည်။
စောင့်ဆိုင်းရခြင်းကို မုန်းကြသည်။ စိတ်မြန်လက်မြန်ရှိကြသည်။ ဒေါသကြီးနေ တတ်သည်။ သို့သော်
သူတို့သည် ထိခိုက်ပွန်းပဲ့လွယ်သည်။ ခံစားကြေကွဲလွယ်သည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူ
ဘက်မှ သတိထားဆက်ဆံတတ်ကြဖို့ အရေးကြီးလှသည်။ သူတို့နှင့်ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးချိုသာနိုင်သမျှ
ကြိုးစားအလျှော့ပေးရန် လိုအပ်သည်။ အပြောမတတ်လျှင် ဆဲရာကျနိုင်သည်။ အချောသပ်မကောင်းလျှင်
ဖျက်ဆီးရာ ရောက်နိုင်သည်။ အဆုံးမ မတတ်လျှင် ကြိမ်းမောင်းရာကျ မည်။ ကုစားမပြုပြင်တတ်လျှင်
ဝေဒနာပေးရာရောက်မည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများသည် အစစအရာ ရာတွင်သတိဆွဲလျှက် မေတ္တာတရားနှင့်
ပြေပြေလည်လည် အလိုက်ထိုက်လေးနေပေးတတ်ဖို့ လိုအပ်လှပါသည်။ သူတို့ နှင့်အပြိုင် ရမ်းကားနေဖို့မဟုတ်ချေ။
ကိုယ့်သားသမီးတို့
မိုက်မဲပြစ်မှားမှုများရှိလျှင် လည်း ဝိုင်းဝန်းဖြေရှင်းပေးကြရန် မိဘများ၌တာဝန်ရှိသည်။
ဥပေက္ခာပြု မျက်စိမှိတ်၊ နားပိတ်နေလို့ မသင့်ပေ။ ဤသို့ သော အခြေအနေနဲ့ကြုံရလျှင် သူတို့အမှားကို
သိမြင်စေရန်၊ အပြစ်နှင့်အပြစ်၏အကျိုးဆက်ကို နားလည်အောင်ရှင်းပြ ထောက်ပြနိုင်လျှင် လုံလောက်သည်။
သူတို့အပေါ်ထားရှိ သော ကိုယ့်သဘောထားအမြင်ကို လက်ခံနားလည်နိုင်ရန် ဖြောင်းဖြပြောဆိုနိုင်လျှင်
အကောင်းဆုံးဖြစ်သည်။ ဤသို့ မဟုတ်ဘဲ သူတို့အပြစ်များအတွက် ဝိုင်းကူဖြေရှင်းခြင်းမ ပြုဘဲ
လက်လျှိုလျူနေမည်ဆိုလျှင်(ဝါ) မကူညီသည့်အပြင် အပြစ်တင် ဝေဖန်ပုတ်ခတ် ငေါက်ငန်းပြုမည်ဆိုလျှင်
ရေ နစ်သူကို ဝါးကူထိုးသလိုဖြစ်ချေမည်။ မြေနိမ့်ရာလှံစိုက်ဆို သလိုဖြစ်ချေမည်။
ဒုက္ခနွံထဲရောက်နေသော သားသမီးများကို မိဘများက မကယ်နှုတ်လျှင်
အဘယ်သူကယ်နှုတ်မည်နည်း။ ကိုယ့်သား သမီးကိုပင် သနားညှာတာမှုမရှိလျှင် အဘယ်သူကိုသနား ညှာတာပေးနိုင်မည်နည်း။
မိဘ၏စွန့်ပစ်ခြင်းခံရသော သားသမီးလောက် အဘယ်သူ ကံဆိုးလိမ့်မည်နည်း။ မိဘဟူ သည်သားသမီးများအတွက်
ဤလောက၏မြင်နိုင်ရာ ဘုရား များမဟုတ်ပါလော့။
ဆယ်ကျော်သက်အရွယ်တွင်
အမှားများပြုတတ် တာမှန်ပါသည်။ နာမခံ၊ ခေါင်းမာတတ်ကြတာ လူအများ သိသည်။ မိုက်ရူးရဲခြင်းတွင်
ပြိုင်ဘက်ကင်း ဖြစ်ချင် ဖြစ်နေမည်။ သို့သော် ဆယ်ကျော်သက်လူငယ်များသည် ဆင်ခြင်ဥာဏ်ကင်းမဲ့သော
ငတုံး၊ ငအများ မဟုတ်ပေ။ လူမိုက်လူဆိုးကြီးများမဟုတ်ကြပါ။ ဆင်ခြင်သုံးသပ်တတ် ကြသည်။
ထက်မြက်ကြသည်။ ရဲဝင့်ကြသည်။ သစ္စာလည်း ရှိကြသည်။ အကောင်းပြုဖို့လည်း ရည်ရွယ်တတ်ကြသည်။
ကောင်းသည်ဟုထင်သောအရာများသာ လုပ်တတ်ကြ သည်။ သိချင်၊ တတ်ချင်သောအရာများကိုသာ စမ်းသပ်လို
ကြသည်။ အသစ်အဆန်းများကို ရှာဖွေလိုကြသည်။ သို့ပေ မယ့် မိုက်ရူးရဲခြင်းသည် ကောင်း၍ မိုက်ကြရူးကြခြင်း
မဟုတ်ပေ။ ရူးမိုက်ခြင်း၏အရသာကို စမ်းသပ်လိုခြင်း သာဖြစ်သည်။ ဆိုလိုသည်မှာ ဆယ်ကျော်သက်များသည်ြူငညိ ကြီးမလုပ်တတ်ကြပေ။ လောကအရသာ၊ အာရုံ ငါးပါး၏အရသာများကို
လွတ်လွတ်လပ်လပ် အားပါးတရ မြည်းစမ်းလိုကြခြင်းသာဖြစ်သည်။ သို့သော် စိတ်မကောင်း စရာဖြစ်ရသည်မှာ
ဆယ်ကျော်သက်များ၏ အပြုအမူများ သည် တရားဥပဒေ၊ တရားအဆုံးအမ၊ လူ့တန်ဖိုး စသည့် အကျိုးပြုရာနည်းလမ်းများမှ
သွေဖယ်သွားကြခြင်းပင်ဖြစ် သည်။
သားသမီးများကို
မတော်မတန် ငေါက်ငမ်းတတ် ကြသော မိဘအုပ်ထိန်းသူများအား မေးခွန်းမေးချင်ပါ သည်။ သင့်အပြစ်ကြောင့်
သင့်မိုက်မဲမှုကြောင့် ဘုရားသခင် သည် သင့်ကို ဘယ်နှစ်ခါစွန့်ပစ်ဖူးသနည်း။ သင့်နာမ ခံမှုကြောင့်
ဘုရားသခင်သည် သင့်ကို ဘယ်နှစ်ကြိမ် ကြိမ်းမောင်းဖူးသနည်း။ သင့်အားနည်းချက် အမှားများ
ကြောင့် ဘုရားသခင်သည် သင့်ကိုဘယ်နှစ်ကြိမ် ကြိမ်း မောင်းဖူးသနည်း။ သင့်အားနည်းချက်အမှားများကြောင့်
ဘုရားသခင်သည် သင့်ကို ဘယ်နှစ်ခါမျက်နှာလွှဲဖူးပါ သနည်း။ မိဘများ မိမိကိုယ်ကိုမိမိ ဆန်းစစ်ရန်လိုသည်။
ဘုရားသခင်သည် သင့်ကိုဘယ်အခြေအနေ၌ရှိရှိ သင့်ပေါ် ကောင်းမွန်စမြဲ မဟုတ်ပါလော့။ ကိုယ့်သားသမီးများကို
မတူမတန်၊ မတော်မသင့်၊ မညှာမတာဆက်ဆံလျှင် မျှတမှု ရှိရဲ့လား။ တရားသလား။ ဘုရားကြိုက်မလား။
ဤ ... လား ..ပေါင်းများစွာကို မိဘအုပ်ထိန်းသူများ မိမိကိုယ်ကိုမိမိ ပြန် မေးသင့်သည်။
ဆယ်ကျော်သက်လူငယ်တို့၏စိန်ခေါ်မှု၊ အတွေးအခေါ်၊ အယူအဆနှင့်
သူတို့၏လောကအမြင် သဘောထားတို့သည် တမူထူးခြားနေတတ်သည်ဆိုသည်ကို မိဘတိုင်းနားလည် သင့်သည်။
ထိုမှသာ သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်လို့ရမည်။ ဆယ်ကျော်သက်လူငယ်တို့၏ဘဝနှင့်အလှကိုလည်း
မြင် တတ်အောင် ကြည့်တတ်ဖို့လိုသည်။ အယုတ်အညံ့ကြီး သာမြင်နေရင် အကောင်းဟူသည် ပေါ်လာမည်မဟုတ်ပေ။
တစ်ချိန်တစ်ခါက ကိုယ်တိုင် ဆယ်ကျော်သက်ဘဝကို ရင် ဆိုင်ကျော်ဖြတ်ဖူးသည်ကို မိဘအုပ်ထိန်းသူများ
ပြန်သတိ ရဖို့လိုအပ်သည်။ သို့မှသာ ဆယ်ကျော်သက်ဘဝကို ပိုမို နားလည် ခွင့်လွှတ်ပေးနိုင်လိမ့်မည်ဖြစ်သည်။
အမြင် ဖြောင့်နိုင်မည်ဖြစ်သည်။
ထို့အပြင် ဆယ်ကျော်သက်လူငယ်များသည် ပဲ့ပြင် လမ်းညွှန်ပေးသူ
အစဉ်အမြဲ လိုအပ်နေမည်။ မိဘလောက် အဘယ်သူသည် ကိုယ့်သားသမီးပေါ် စိတ်ရှည်ရှည်ထား လမ်းညွှန်ပေးနိုင်မည်နည်း။
ထို့ကြောင့် မိဘတို့သည် မပြည့်စုံသေးသောသူတို့အား ပြည့်စုံခြင်းဆီလမ်းညွှန် ပေးတတ်ရန်လိုသည်။
မရင့်ကျက်သေးသောသူတို့အား တည်ငြိမ်ရင့်ကျက်မှုဆီ တွဲခေါ်ပေးရန်လိုအပ်သည်။ အား နည်းသောသူတို့အတွက်
ခွန်အား၊ မှားယွင်းတတ်သောသူတို့ အတွက် ကြည့်မှန်၊ အနာတရ ငိြုေ<ွကးနေသောသူတို့အတွက်
အားဆေးသဖွယ် ဖြစ်နေပေးရန်လိုအပ်သည်။ အမှန်စင်စစ် မိဘများသည် သားသမီးတို့၏မြင်နိုင်ရာ
သိင်္ကြားမင်းများ လိုပင်တည်း။
နောက်အရေးကြီးတဲ့တစ်ခုကိုလည်း
မိဘတိုင်း သိသင့်သည်ဟု ထင်မိပါသည်။ ထိုအရာကား မိဘတို့သည် သားသမီးတို့၏ အနာဟောင်းကို
ပြန်ပြန်ဖော်ထုတ်ဆဲဆို ခြင်းမပြုရန်ဖြစ်သည်။ ဤသို့ပြောခြင်းဖြင့် မိဘတို့သည် သားသမီးများကို
ဆုံးမပိုင်ခွင့်မရှိဟု မဆိုလိုပါ။ မိဘဟူသည် သားသမီးတို့၏ ထာဝရဆရာများဖြစ်သည်။ ဆရာဟူသည်
မှားလျှင်ပြင်ပေးသည်။ ဆိုးသွမ်းလျှင် ဆုံးမသည်။ မိဘများ လည်း ထိုနည်းတူပင်တည်း။ သို့ရာတွင် သားသမီးများအား ဆုံးမပဲ့ပြင်ခြင်းဟူသည် ညှင်းပမ်းနှိပ်စက်ခြင်းနှင့်မတူပေ။
ပြုပြင်ပေးခြင်သည် စိတ်တိုင်းကျ ရိုက်နှက်အပြစ်ပေးခြင်း မျိုးမဟုတ်ပေ။ ဆုံးမတာကနည်းနည်း
ညှင်းဆဲတာက များများဖြစ်တတ်သည်ကို သတိပြုရန်လိုသည်။ ကိုယ်နာလျှင် ခဏ၊ စိတ်နာလျှင် ထာဝရဖြစ်တတ်သည်။
ရုပ်ခန္ဓာဒဏ်ရာ ကို ကုစားရန်လွယ်သည်။ စိတ်ဒဏ်ရာကား ကုသရန်ခက် သည်။ ထို့ကြောင့် ကိုယ့်သားသမီးကိုပြောဆိုဆုံးမရာတွင်
သတိထားရန်လိုသည်။ မှတ်လောက်သားလောက် သိနား လည်သည့်အဆင့်ထိသာ ဆုံးမတတ်ရန်လိုသည်။ ဘယ်
အရာမျှလွန်လျှင်မကောင်းပေ။
မိဘဟူသည်
သားသမီးတို့၏ပဲ့ကိုင်ရှင်များဖြစ် သည်။ သားသမီးတို့ဘဝကို ပုံသွင်းပေးသူများဖြစ်သည်။
သူတို့၏အကျင့်စာရိတ္တရုပ်လုံးပေါ်ရန် ထွင်းထုပေးသူများ ဖြစ်သည်။ ကိုယ်ထွင်းထုသည့်အတိုင်း
ရုပ်လုံးကပေါ်လာ မည်ဖြစ်သည်။ ကိုယ်စိုက်ပျိုးသည့်အတိုင်း ကိုယ်ရိတ်သိမ်းရ မည်သာဖြစ်သည်။
ထို့ကြောင့် သားသမီးတို့၏အကျင့် စာရိတ္တကောင်းစားရေး၊ ဘဝတိုးတက်ပြောင်းလဲရေး၊ တန်ဖိုးရှိပြီး
လူကောင်းလူရည်ချွန်များ ဖြစ်လာစေရေးသည် မိဘအုပ်ထိန်းသူများနှင့်များစွာ သက်ဆိုင်လှပါသည်။
မိဘက
အုပ်ထိန်းကွပ်ကဲမှုကောင်းလျှင် သားသမီး တို့သည် ယဉ်ကျေးလိမ္မာကြမည်။ မိဘကဆုံးမပဲ့ပြင်ရာ၌
နည်းလမ်းမမှန်လျှင် သားသမီးပျက်စီးမည်။ မိဘကပုံသွင်း ကောင်းလျှင် သားသမီးဘဝ လှမည်။
ညံ့လျှင်မူကား သား မီးဘဝ နစ်နာမည်။ ပျက်စီးယုတ်လျှော့ခြင်း၏ နှုတ်ခမ်းဝသို့ ပို့ဆောင်ပေးသလိုဖြစ်မည်။ ထို့ကြောင့် ဆယ်ကျော်သက်
လူငယ်များကိုပုံသွင်းပေးရာတွင် မိဘတို့ဘက်မှကျွမ်းကျင်မှု့ လိုအပ်သည်။ အသိပညာသုံးတတ်ရန်လိုသည်။
ပါးနပ်ရန် လိုသည်။ ဘုရားသခင်နှင့် အစဉ်အမြဲ ပေါင်းစပ်တိုင်ပင်ရန် လိုသည်။
မိဘအုပ်ထိန်းသူများ မိမိတို့၏ ဆယ်ကျော်သက် အရွယ်လူငယ်များနှင့်ပတ်သက်၍
သိထိုက်လိုက်နာသင့် သော ပညတ်ချက်တစ်ချို့ကို ဖော်ပြလိုပါသည်။
(၁) သားသမီးများအား ကောင်းမွန်လိမ္မာသောနေ့ ရက်များ၌ချစ်သလို၊ ဆိုးသွမ်းမိုက်မဲသောနေ့ရက်များ၌
လည်းချစ်ပါ။
(၂) ကိုယ်ကျင့်တရား၏အရေးပါမှုကို သင့်သားသမီး များအားဝေမျှပေးပါ။ ကိုယ့်ဘဝကို
ကိုယ်တိုင်ရပ်တည် နိုင်ရန် အခြေခံကျသောလူ့ကျင့်ဝတ်များအား သူတို့သိနား လည်နိုင်ရန်
လမ်းညွှန်ပေးပါ။
(၃) သားသမီးများပြောသည်ကို လိုလိုလားလား နား ထောင်ပေးပါ။ သူတို့ထံမှ လေ့လာသင်ယူပါ။
အထူးသဖြင့် လက်ရှိ သူတို့ရင်ဆိုင်ကြုံတွေ့နေရသော လူငယ်တို့၏ယဉ် ကျေးမှု၊ ဖိအား၊ စိတ်နေသဘောထားနှင့်
ခံစားမှုများကို သင်ယူမျှဝေကူညီပါ။
(၄) ကောင်းကောင်းမွန်မွန် ပြောနိုင်သည့်အချိန်၌ သားသမီးများကို မကြိမ်းမောင်းပါနဲ့၊
မအော်ပါနဲ့။
(၅) သင်၏သားသမီးများကိုယုံကြည်ပေးပါ။ သို့ပေ မယ့် အချိန်တိုင်းဟု မဆိုလိုပါ။
(၆) သင့်သားသမီးများ၏သူငယ်ချင်းများကို အလျင် စလို ပြင်းပြင်းထန်ထန် မဝေဖန်ပါနဲ့။
(၇) သင့်သားသမီးများက နက်နက်နဲနဲ မှတ်ယူသည့် အရာကို ပေါ့ပေါ့တန်တန်မလုပ်ပါနဲ့။
(၈) သင်၏သားသမီးများကို သင့်ဘဝ၏ အရာအား လုံးဟု မမှတ်ယူပါနဲ့။ နှစ်ဦးနှစ်ဖက်အတွက်
အကျိုးနည်း တတ်သည်ကို သိထားပါ။
(၉) သားသမီးတို့၏ ယုံကြည်ကိုးကွယ်မှုသဒ္ဓါတရားကို ပုံသွင်းပြုပြင်ပေးပါ။
(၁ဝ) တာဝန်သိတတ်သော သားသမီးများဖြစ်စေရန် ဖန်တီးလမ်းညွှန်ပေးပါ။ တာဝန်ဝတ္တရားသိတတ်ခြင်း၏
အကျိုးဆက်များကိုလည်း ခံစားခွင့်ပေးပါ။
(၁၁) အခွင့်ခါရတိုင်း သားသမီးတို့အား ချီးကျူးအား ပေးစကားပြောဆိုပါ။
(၁၂) လူ့ဘဝ၊ လူ့တန်ဖိုးနှင့် လူတို့၏နောက်ဆုံးပန်းတိုင် အကြောင်း သားသမီးများ
ကောင်းကောင်းမွန်မွန် တန်ဖိုး ထား သိနားလည်နိုင်စေရန် လမ်းညွှန်ဖေးကူပါ။
(၁၃) သားသမီးများအတွက် နေ့စဉ်ဆုတောင်းမေတ္တာ ပို့သပေးပါ။
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည်
။
No comments:
Post a Comment