အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Monday, August 21, 2017

ရှင်ပီအူး

သြဂုဏ်လ (၂၁) ရက်နေ့ 
ယနေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ ရှင်
ရှင်ပီးအို (၁၀) (Saint Pius X)
 ယနေ့ ပွဲနေ့ ရှင်အားအမှတ်အရဆုံးဖြစ်စေသောလုပ်ဆောင်ချက် (သို့ ) သာသနာအတွင်းအ ပြောင်းအလဲတစ်ခုမှာ၊ ကိုယ်တော်မြတ်နေ့  စဉ် (သို့ ) မကြာမကြာပင့်ယူနိုင်ခြင်းအခွင့်ကိုပြုခဲ့ခြင်းဖြစ် သည်။ ထို့  အတူကလေးများသည်အမှန်အမှားခွဲခြားတတ်၊ ကောင်းမကောင်းခွဲခြား တတ်သောအသက်အရွယ်မှသည်ကိုယ်တော်မြတ်ကိုပင့်ခွင့်ရ သည်မှာ ယနေ့ ပွဲနေ့ ရှင်၏လက်ထက်၌၊ အကြောင်းအချင်း ရာများစွာကိုပြန်လည် သုံးသပ်ပြီးခွင့်ပြုခဲ့ခြင်းဖြစ်သည်။
 သူအား (၁၈၃၅၊ ဇွန်လ၊ ၂) ရက်နေ့ တွင်၊ မပြည့်စုံလှသောအီတလီ လူမျိုးမိသားစုမှမွေးဖွား သန့် စင်ခဲ့သည်။ သားသမီး (၁၀) ဦးအနက်၊ ဒုတိ ယရင်သွေးဖြစ်သည်။ သူ၏ငယ်မည်မှာဂျိုးဇက် ဆားလ်တိုဖြစ်ပြီး၊ ရဟန်း  မင်းကြီးဖြစ်အဖြစ်ရွေးချယ်တင်မြောက်ခံရချိန်တွင်၊ သူအလွန်လေးစားေ သာရှင်ပီအုစ့်အမည်ကိုခံယူခဲ့သည်။ ထိုဘွဲ့ တော်ကိုခံယူစဉ်က၊ ထိုဘွဲ့  ကိုခံယူထားပြီးသောရဟန်းမင်းကြီး (၉) ပါးပင်ရှိခဲ့ပြီဖြစ်ရာ၊ သူသည် (၁၀) ပါးမြောက်ဖြစ်လာခဲ့သည်။ ရဟန်းမင်းကြီးဖြစ်လာချိန်တွင်၊ သက်ေ တ်ာမှာ (၆၈) ဖြစ်ပြီး၊ သူသည်(၂၀) ရာစုရဟန်းမင်းကြီးများအနက်အလွန် လုပ်ရည်ကိုင်ရည်ရှိ သော၊ ပြတ်သားပြီး၊ ရဲစွမ်းသတ္တအပြည့် ရှိသောရ ဟန်းမင်းကြီးတစ်ပါးဖြစ်ခဲ့သည်။




 သူသည်အလွန်နှိမ့်ချသူအဖြစ်လူသိများသည်။ သူ၏လက်သုံးစ ကားမှာ ‘ကျွန်ုပ်သည်ချို့တဲ့ စွာ ဖြင့်မွေးဖွားခဲ့သည်။ ထို့ ကြောင့်ခြွေတာစွာ ကျွန်ုပ်နေသည်။ ထို့ အတူချို့တဲ့စွာဖြင့်အသက်တာကုန်ဆုံးရ မည်’ ဟုဖြစ် သည်။ သူသည်ဤစကားကိုမျက်ရည်မျက်ခွက်ဖြင့်သူ၏ငယ်ပေါင်း မိတ်ေ ဆွရင်းတစ်ဦးအား မိန့် ကြားခဲ့သည်။ သာသနာ၏အမြင့်ဆုံးအ မူတော် များကိုယနေ့ ခေတ်အခါ၌သူ့  ထက်ငါရယူရန်တရား သောနည်းဖြင့်သော် လည်းကောင်း၊ မတရာသောနည်းဖြင့်သော်လည်းကောင်းလုပ်ဆောင်နေ စဉ်တွင်ယနေ့ ပွဲနေ့ ရှင်ရဟန်းမင်းကြီးကသူအခြားမိတ်ဆွေတစ်ဦးကို ‘ဤရဟန်းမင်းကြီးနှင့်ဆိုင်သောအမူ တော်များကိုသူ့ အနေဖြင့် ထမ်းေ ဆာင်နေရခြင်းသည်၊ အပြစ်ဒဏ်ဆပ်ဖြေခြင်းဟုခံယူထမ်းဆောင်နေ သည်။ အစောင့်အကြပ်များနှင့်သွားလာရသောအခါ၊ ယေဇူးသခင် ဂျက်ေ ဆးမနီဥယျာဉ်တွင်အဖမ်းခံရ ပြီး၊ အစောင့်အကြပ်နှင့်ပီ လားတူနှင့်ရ ဟန်းအကြီးအကဲရုံးသို့ ခြံရံလျက်ပို့ ဆောင်သကဲ့သို့ ခံစားရသည်’ ဟု မှတ်သားစရာ၊ သံဝေဂရစရာမြွတ်ကြားခဲ့ပါသည်။
 သူသည်နိုင်ငံရေးကိုစိတ်ဝင်စားသည်။ ရဟန်းမင်းကြီးသည် အီတ လီကက်သလစ်ဘာသာတူ များကိုနိုင်ငံရေး၌ပါဝင်ကြရန် အားပေးတိုက် တွန်းခဲ့သည်။ (ကြုံ၍လွန်ခဲ့သော ၂၀၀၇ မြန်မာနိုင်ငံ၏ရွှေဝါ ရောင်လှုပ် ရှားမူကာလတွင်နိုင်ငံရေးနှင့်မပတ်သက်ရန်စာထုတ်ပြန်ဖူးသည်ကိုဆန့်  ကျင်ဘက်သဘော ပြန်လည်မြင်ယောင်နေမိပါသည်။ စက်တင်ဘာ လ လည်းမကြာမီရောက်လာတော့မည်) ရဟန်းမင်းကြီး အဖြစ်အရွေးခံ ရပြီး သည်နောက်ပိုင်း၊ ပထမဦးဆုံးသောအပြောင်းအလဲ မှာရွေးချယ် တင်မြောက်သောရ ဟန်းမင်းကြီးကိုသဘောမကျလျှင်ပယ် ချနိုင်သည့် စနစ်ကိုပယ်ချခဲ့၍၊ (၁၉၀၃) ခုနှစ်မှစ၊ လျှို့ဝှက်မဲဖြင့်ရ ဟန်းမင်းကြီး ကိုရွေး ချယ်တင်မြောက်သောစနစ်ကိုစတင်ကျင်းပခဲ့သည်။ သူသည်လည်း ထိုစ နစ်ဖြင့်ရွေး ချယ်ခံခဲ့သည်။
 (၁၉၀၅) ခုနှစ်သို့ ရောက်သောအခါ၊ ပြင်သစ်နိုင်ငံသည်ဗာ တီ ကန်နှင့်သဘောတူထားသောအ ချက်ကိုပယ်ချ၍၊ သာသနာ အားခြိမ်းခြောက်စပြုလာပါသည်။ အထူးသဖြင့်သာ သနာပိုင်ဝတ္ထုများ ကိုနိုင်ငံပိုင်အဖြစ်သိမ်းသွင်းရန်ကြိုးစားလာသည်။ ထို့ အတူသာသ နာ အရေးကိုလည်းဝင်ရောက်စွပ်ဖက်မူများ ပြုလုပ်လာပါသည်။ ဤလုပ် ရပ်ကိုရဟန်းမင်းကြီးပီးအုစ် (၁၀) ကရဲရင့်ပြတ်သားစွာဖြင့်ပယ်ချကာ၊ အေးဆေးတည်ငြိမ်စွာတုန့် ပြန်ခဲ့သည်။
 ပီရူးနိုင်ငံ၏ဒေသခံများစိုက်ပျိုးရေးနှင့်စပ်လျင်း၍အခွင့်အရေး များဆုံးရှုံးနေရ၍၊ သူ့ အရင်ရ ဟန်းမင်းကြီးအမူတော်ကိုထမ်း ခဲ့သော သူများစာချွန်တော်များကဲ့သို့ ရေးသားထုတ်ဝေခဲ့ခြင်းမရှိသော် လည်း၊ မက်ဆီးနာတွင်ငလျှင်လှုပ်ခတ်၍လူများသေကြေကြ၊ အဆောင်အ အုံ များပျက်ဆီးဆုံးရှုံးသွား ချိန်တွင်အကူအညီများချက်ချင်းပေးပို့ ၍ကယ် ဆယ်လုပ်ငန်းများကိုလုပ်ဆောင်စေခဲ့သည်။ ထိုအသုံးစ ရိတ်များ အားလုံး သည်သူ၏ကိုယ်ပိုင်စရိတ်မှမျှပေးခဲ့သည်။
 ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရသော (၁၁) နှစ်မြောက်နှစ်ပတ် လည်တွင်၊ ဥရောပသည်ပထ မကမ္ဘာစစ်မီးတောက်ထဲသို့ မဖြစ်မနေ၀င် ရတော့မည့်အခြေအနေသို့ ရောက်သွားသည်။ ဤအခြေအ နေကို သူ ကြိုတင်မြင်ခဲ့သည်။ သူ့ အားပြင်းထန်သောဝေဒနာကိုထကြွစေခဲ့သည်။ ‘ဤကားတိုင်ကား ယေဇူးသခင်သူ့ ထံသို့ နောက်ဆုံးလည် ပတ်ခြင်း ကိုဖော်ဆောင်သောအမှတ်လက္ခဏာဖြစ်ပေမည်။ မည်သို့ ပင်ဖြစ်စေ၊ သနားစရာကောင်းသောကျွန်ုပ်၏သိုးများအတွက်ဤထိတ်လန့် ဖွယ်ရာ အခြေအ နေမှကာကွယ်ကယ်တင်မည်’ ဟုဆုံးဖြတ်ခဲ့သည်။ သို့ သော်က မ္ဘာစစ်မီးဖြစ်ပွားပြီးရက်တ္တပတ်အနည်း ငယ် (၁၉၁၄၊ သြဂုဏ်လ၊ ၂၀) တွင်ပျံလွန်သွားခဲ့ပြီး၊ (၁၉၅၄) ခုနှစ်တွင်ရဟန္တာအဖြစ်တင်မြောက်ခြင်း ခံခဲ့ရပါသည်။
 သူ၏နှိမ့်ချသောအသက်တာသည်သူအလွန်ချစ်ခင်ရသောဘု ရားသခင်၊ လူထုနှင့်ဆုံတွေ့ ရန် မည်သည့်အဟန့် အတားမျှမရှိခဲ့။ ရ ဟန်းမင်းကြီးပီအုစ့် (၁၀) အနေဖြင့်သူ၏များပြားရှုပ်ထွေးလှသော အတော်များကိုထမ်းဆောင်နိုင်ရန်အင်အား၊ အမူအကျင့်မတူ၊ ခံစား ချက်မတူ၊ အလွှာမတူသောလူများ အားသိမ့်မွေ့ ၊ နွေးထွေးစွာထိတွေ့  ဆက်ဆံနိုင်ရန်မှာ၊ ကျေးဇူးတော်အားလုံး၏အရင်းအမြစ်ဖြစ်သည် ယေ ဇူးသခင်ထံမှရယူခြင်းပင်ဖြစ်သည်။ ရဟန်းမင်းကြီးနှင့်ဆန့် ကျင်သော အမူအကျင့်မှာကျွန်ုပ်တို့  သည်ကျွန်ုပ်တို့ ၏လူမူရေးနောက်ကြောင်း (မိ ဘအကြောင်း၊ မိမိ၏ငယ်ဘ၀ချို့တဲ့မူများ) များကိုလူသိ အောင်ပြော ဆို ရန်ရှက်နေတတ်သည်။ ထိုမလုံမခြုံ၊ ရှက်ကြောက်တတ်သည့်စိတ်သည်၊ သူရဲကောင်း ကြီးဟုယနေ့ ကျွန်ုပ်တို့ အထင်ကြီးလေး စားနေသောသူ များနှင့်တူအောင်၊ နီးစပ်အောင်ပြုလုပ်ပေးခြင်း မှဝေးသည် ထက်ဝေးစေ ပါသည်။ ကျွန်ုပ်တို့ သည်အထက်မှလူဖြစ်လာ လျှင်အောက်ခြေလူ တန်း စားများ၊ ဘ၀များကိုလစ်လျူရူ့လာသည်။ ထို့ ကြောင့်ခရစ်တော်၌ အရာ အားလုံးကိုအ သစ်မှပြန်စရန်လိုအပ်ပါ သည်။ အထူးသဖြင့်ဒဏ် ရာဒဏ် ချက်များနှင့်အသက်ဆက်လက်ရှင်သန်နေသောလူသားများ၏ဘ၀ကို ကု စားပေး၍အစပျိုးပေးရန်လိုအပ်ပါသည်။

Credit to Cle Pike

No comments:

Post a Comment