လူ့ဘဝမှာ အောင်မြင်သောပုဂ္ဂိုလ်တစ်ဦး (သို့) အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်တဲ့
လူပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ဆို တာ အပြုသဘောဆောင်တဲ့အတွေးတွေ အမြဲတမ်း မွေးမြူ ထားဖို့လိုအပ်ပါတယ်။
ဖြစ်ပျက်နေတဲ့အရာတိုင်းကို အကောင်းဘက်ကနေ စဉ်းစားဝေဖန်နိုင်ဖို့ အရေးကြီးလှပါ တယ်။
လူငယ်ဘဝမှာ ဆန်းပြားခြင်း၊ လှုပ်ရှားတက်ြ<ွက ခြင်း၊ စူးစမ်းလိုခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊
စွန့်စားလိုခြင်း စသည့် အမှတ်လက္ခဏာများ ပိုင်ဆိုင်ထားကြပါတယ်။ လူငယ်တွေ ရဲ့ ခွန်အားသတ္တိ၊
ပါရမီ၊ အရည်အချင်းတွေအားလုံးကို အသင်းတော်ကြီးရဲ့ တည်ဆောက်ခြင်းမှာ တတ်စွမ်းသ လောက်
ပါဝင်ဆက်ကပ်ကြဖို့ အသင်းတော်က လူငယ်တွေ ကို လိုအပ်လျက်ရှိပါတယ်။ အနာဂတ်အသင်းတော်ကို
တည် ဆောက်ကြမည့် လူငယ်များဟာ စိတ်ထားမွန်မြတ်ပြီး အောင်မြင်လိုသော စိတ်ဆန္ဒမွေးမြူရန်
လိုအပ်ပါတယ်။ စစ် မှန်သောအောင်မြင်မှုဆိုတာ အလိုလိုနေရင်း ရရှိလာနိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။
အခက်အခဲပေါင်းများစွာ ကျော် လွှားပြီး၊ နှစ်ပေါင်းများစွာသေချာပြင်ဆင်ပြီးမှ ရရှိလာတဲ့
အောင်မြင်မှုကသာ အင်မတန်အဓိပ္ပါယ်ရှိပြီး အရမ်းကို ချို မြိန်လှပါတယ်။ ကျွန်ုပ်တို့လူငယ်များ
အောင်မြင်မှု နောက် လိုက်ကြသည့်အခါ တရားလမ်းစဉ်နှင့်
ညီ၊ မညီ အမြဲတမ်း ဆန်းစစ်ဖို့လိုအပ်ပါတယ်။ လူ့ဘဝမှာ ကံကောင်းလို့ အောင် မြင်မှုရရှိတယ်ဆိုတာ
မရှိသလောက် ရှားပါးလွန်းလှပါတယ်။
ကျွန်ုပ်တို့ရဲ့ အကောင်းဆုံး အားထုတ်မှုနဲ့ ဘုရားရဲ့ကျေးဇူး
တော်ကြောင့် ကျွန်ုပ်တို့ရရှိကြတာပါ။ ဒါကြောင့် မည်သည့် လုပ်ငန်းမဆို ဘုရားကို အမြဲတမ်းဦးထိပ်ထားပြီး
သူ၏တရား လမ်းစဉ်အတိုင်း ကျင့်ကြံအသက်ရှင်သွားဖို့ အထူးလိုအပ်ပါ တယ်။ ကျွန်ုပ်တို့ရဲ့အောင်မြင်မှုဟာ
ကျွန်ုပ်တို့တစ်ဦးတည်း အတွက်သာ အကျိုးခံစားရသည်မဟုတ်၊ မိမိနှင့်နီးစပ်သော အသိုင်းအဝိုင်း၊
ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိသည်ကို ကျွန်ုပ်တို့မမေ့အပ်ပေ။ ဒါကြောင့် လူငယ်များသည်
မိမိတို့ ၏လုပ်ရပ်အားလုံးအတွက် တာဝန်သိသိနှင့်လုပ်ဆောင်သွား ရန်လိုအပ်ပါတယ်။ ကျွန်ုပ်တို့ဖြတ်သန်းနေရတဲ့
လူငယ် ဘဝမှာ မှတ်သင့်တာတွေကိုမှတ်ပြီး မေ့သင့်တာတွေကို မေ့ ပစ်ရမှာပါ။ ပြောင်းလဲသင့်တာတွေကို
ပြောင်းလဲပြီး၊ ပြောင်း လဲလို့မရတဲ့အရာတွေကို လက်ခံလာနိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။
လူငယ်သဘာဝအလျောက် လွတ်လပ် စွာ တွေးခေါ်ပိုင်ခွင့်ရချင်ကြမှာ မလွဲပါဘူး။ ဒါပေမဲ့ လူငယ်
တွေအနေနဲ့ မှားယွင်းစွာ တွေးခေါ်ပိုင်ခွင့် မရှိဘူးဆိုတာကို သိထားဖို့လိုပါတယ်။ အတွေးမမှားဖို့၊
အတွေးချော်မသွားဖို့ အမြဲတမ်း သတိထား ဆင်ခြင်သွားဖို့ လိုပါတယ်။ တကယ် တော့ လူ့ဘဝဆိုတာ
ပုခက်တွင်းနဲ့ သင်္ချိုင်းတွင်းကြားကာလ တစ်ခုပဲမဟုတ်လား။ ဒီလိုတိုတောင်းလှတဲ့လူ့ဘဝကို
ထာဝရ တည်မည့်ကောင်းကင်နိုင်ငံအတွက် အသုံးပြုဖို့ သတ်မှတ် ထားပေးတဲ့အချိန်ကို ကောင်းမွန်စွာ
အသုံးပြုရမှာဖြစ်တယ်။ ခဏတာနေရတဲ့ အချိန်တိုလေးမှာ ဝမ်းနည်းစရာ၊ စိတ်ပျက် စရာတွေနဲ့ပဲ
ကုန်ဆုံးတော့မှာလား။ ကျွန်ုပ်တို့တွေးသည့် အတိုင်း ကျွန်ုပ်တို့ နေ့စဉ်ဘဝအသက်တာမှာ
ရှင်သန်လှုပ် ရှားနေကြတာပါ။ အတွေးမြတ်လျှင် အနေလည်းလှမှာပါ။ အောင်မြင်မှုနဲ့ ကျွန်ုပ်တို့ကို
ဝေးကွာစေမည့်အတွေးဆိုး၊ အတွေးညံ့တွေကို စိတ်ထဲက ထုတ်ပစ်လိုက်ပါ။ တစ်ခါတစ်ရံ လူငယ်တွေရဲ့
စိတ်ကူးနဲ့ လက်တွေ့ဘဝ တစ်ထပ်ထဲမကျတဲ့ အခါမျိုးမှာ တို့တတွေဟာ နာကျင်အောင်ခံစားရတတ်ပါ
တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့တတွေ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဘဝမှာ ရှောင်လွှဲလို့မရတဲ့
နာကျင်မှုတွေ ရံဖန်ရံခါ ဝင်လာ တတ်ပါတယ်။ ဒီလိုနာကျင်မှုတွေကို အသင်နဲ့ကျွန်ုပ် အလဲ ထိုးမလား
(သို့) ကျွန်ုပ်တို့ကို အလဲထိုးတာခံမလား ဆိုတာပါ ပဲ။ ဒီလို တိုတောင်းလှတဲ့လူ့ဘဝအသက်ရှင်စဉ်ခဏမှာ
ပျော် ရွှင်မှုတွေနဲ့ ဘာလို့မဖြတ်သန်းနိုင်ရမလဲ။ ကျွန်ုပ်တို့ သိထားဖို့ က ဒုက္ခအခက်အခဲကြားက
ပျော်ရွှင်ခြင်းကို ရှာဖွေတတ်ဖို့လို ပါတယ်။ ဘဝမှာ အခက်အခဲတွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့
အချိန်မှာ ကျွန်ုပ်တို့ ခရစ်ယာန်တွေအတွက် သုခကိုဝယ်ယူဖို့ အဿပြာတွေလို့ ခံယူထားလိုက်ရင်
ဘယ်လိုမျိုးသောဒုက္ခ ကိုမဆို ကျွန်ုပ်တို့ခံထမ်းနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ဒုက္ခများကို
ခရစ်တော်ရဲ့လက်ထဲအပ်နှံပူဇော်ပြီး သူ့ဆီကခွန်အားရယူ ကာ ခံထမ်းရသည့်ဒုက္ခများကို မညည်းမညူပဲ
လက်ခံနိုင် အောင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒုက္ခအခက်အခဲကြားက ပျော်ရွှင်မှုကိုရှာဖွေတဲ့သူ
အင်မတန် ရှားပါးလွန်းလှပါတယ်။ ဒုက္ခအခက်အခဲရဲ့နောက်ကွယ်မှာ အောင်မြင်ခြင်း၊ ပျော်ရွှင်
ခြင်း အမြဲကပ်ပါလာတယ်ဆိုတာ ကျွန်ုပ်တို့မမေ့အပ်ပေ။ ဒုက္ခတွေ့တာနဲ့ အရှုံးပေး နောက်ပြန်လှည့်၊
တပ်ပြန်ဆုပ် လိုက်မယ်ဆိုလျှင် ကျွန်ုပ်တို့တတွေ အောင်မြင်မှုနဲ့ ဝေးသ ထက်ဝေးတော့မဲ့
အကြောင်းပဲဖန်လာတော့မှာပါ။
ယနေ့လူငယ်များဟာ အနာဂတ်အသင်းတ်ာကြီး ရဲ့ အသက်၊ အားအင်များ ဖြစ်ကြပါတယ်။
အသင်းတော်ကြီး ဟာလည်း လူငယ်များအပေါ် စိတ်ဝင်စားမှုအပြည့်၊ ချစ်ခြင်း များစွာနဲ့ စောင့်ရှောက်ပေးလျက်ရှိပါတယ်။
လူငယ်တွေဟာ အင်မတန်တန်ဖိုးရှိပြီး အဖွဲ့အစည်းတည်ဆောက်ခြင်းမှာ အဓိကပါဝင်မည့် ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။
အမိအသင်း တော်ကြီးက လူငယ်တွေကို လိုအပ်သလိုပဲ လူငယ်တွေက လည်း အမိအသင်းတော်ကြီးကို လိုအပ်နေပါတယ်။
ဒါ ကြောင့် ဦးဆောင်ဦးရွက်ပြုကြမည့် လူငယ်များ လူတော် လူကောင်း ဖြစ်ဖို့လိုအပ်ပါတယ်။
ကျွန်ုပ်တို့ရှင်သန်နေရတဲ့ အသက်တာမှာ မိမိတို့ရဲ့ခွန်အားအပေါ်သာ အမှီမပြုပဲ ဘုရားရှင်အပေါ်
မိမိဘဝတစ်ခုလုံးကိုပုံအပ်ပြီး သူ့ရဲ့အလို တော်အတိုင်း ခရစ်တော်ရဲ့တပည့်ကောင်းများပီသစွာ
အ သက်ရှင်နေထိုင်ရန် အရေးကြီးလှပါတယ်။ ကျွန်ုပ်တို့လူငယ် တွေ နှိမ့်ချသောစိတ်ထားနှင့်
ခံယူတတ်သောနှလုံးသားပိုင် ရှင်များဖြစ်အောင် ကြိုးစားကြပါစို့။ ကျွန်ုပ်တို့တွေးခေါ်ကြံ
စည်သည့်အရာတိုင်း ဘုရား၏ဘုန်းဂုဏ်တော်အတွက် အမြဲ ဖြစ်ရအောင် ကြိုးစားကြပါစို့။ နောင်အနာဂတ်အသင်း
တော်ကို ဦးဆောင်ဦးရွက်ပြုကြမည့် လူငယ်များအားလုံး မွန် မြတ်သောစိတ်ထား၊ ရိုးသားသောသဘောထား၊
အမြဲတမ်း အပြုသဘောဆောင်သော အတွေးကောင်း၊ အတွေးမြတ် များမွေးမြူနိုင်အောင် ကြိုးစားကြပါစို့။
လူငယ်များအားလုံး တိုင်းပြည်အကျိုးအတွက်၊ သာသနာအကျိုးအတွက်၊ အများ အကျိုးအတွက် သယ်ပိုးနိုင်သောသူများ
ဖြစ်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုရင်း ....
ဘီအာရ်ဂျွန် (ကိန္နရာမောင်)
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည်
။
No comments:
Post a Comment