အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, August 22, 2017

လီမာမြို့မှ သူတော်စင်ရို့စ်

လီမာမြို့မှ သူတော်စင် ရို့စ်။
(St. Rose of Lime) (1586-1617)
ပွဲနေ့ August 23.

ရို့စ်သည် တောင်အမေရိကတိုက် ပီးရူး(Peru)
နိုင်ငံတွင်မွေးဖွားခဲ့သည်။ သူမသည် မိဘများ
အား အလွန်ကျိုးနွံသူဖြစ်သည်။ သ္ခင်ယေဇူးကို
ချစ်သောစိတ်ဖြင့် သူမအား ခိုင်းသမျှကိုပြုံးရွှင်
စွာဖြင့် လက်ခံဆောင်ရွက်ခဲ့သည်။ လူများကို
လည်းအမြဲကြိုးစား၍ ကူညီပေးခဲ့သည်။



ရို့စ်
သည် အလွန်လှပသောအမျိုးသမီးတစ်ဦးဖြစ်
သည်။ သူမ၏မိခင်ကသူမအား လှပသော
အဝတ်အစားများ ဝတ်ဆင်စေလိုသည်။
သို့ရာတွင်သူမက “နှလုံးသားလှဖို့ကပို၍
အရေးကြီးပါတယ်မေမေ” ဟုပြန်ပြောခဲ့လေ
သည်။ ချမ်းသာသော လူငယ်တစ်ဦးက သူမ
အားလက်ထပ်လို၍ ခမ်းနားသောအိမ်တစ်လုံး
နှင့်အချွေအရံများစွာတို့ကို လက်ဖွဲ့အဖြစ်တင်
တောင်းသော်လည်း သူမက လက်မခံငြင်းပယ်
ခဲ့သည်။ သူမသည် သ္ခင်ယေဇူးကိုသာ လုံးလုံး
လျားလျားချစ်ပြီး ဘုရားသ္ခင်ကိုသာအစေခံလို
သည်။ ရို့စ် မိဘများ ဆင်းရဲလာသောအခါ သူမ
သည်နေ့စဉ်အပြင်ထွက်၍ အလုပ်ရှာဖွေလုပ်
ကိုင်ပြီး ညဘက်တွင်အိမ်၌ စက်ချုပ်ခြင်းဖြင့်
မိဘများကိုကူညီသည်။ ရို့စ်သည်ဆင်းရဲသား
များအိမ်သို့သွားရောက်ပြီး အားပေးစကားပြော
ကြားခြင်း၊ အစားအသောက်များပေးဝေခြင်းတို့
ကိုပြုခဲ့သည်။ သူမသည် ဘုရားသ္ခင်ထံ သူမ၏ အခက်အခဲဆင်းရဲခြင်းနှင့်ကောင်းမှုကုသိုလ်တို့
ကို အပြစ်ရှိသူများအတွက်ပူဇော်ခဲ့သည်။ သ္ခင်
ယေဇူးသည် ကလေးသူငယ်အသွင်ဖြင့် သူမ
အားမကြာခဏထင်ရှားပြပြီး သူမ စေတနာ
မေတ္တာထား၍ ပြုခဲ့သောဆောင်ရွက်ချက်များ
အတွက်များစွာကျေနပ်မိကြောင်းပြောခဲ့ပါသည်။ (1617)ခုနှစ်အသက်(31)နှစ်တွင် ရို့စ် ကွယ်
လွန်ခဲ့သည်။ သူမသည် အမေရိကတိုက်တစ်ခု
လုံးအတွက် ပထမဆုံးသူတော်စင်အဖြစ်သတ်
မှတ်ခြင်းခံရသူဖြစ်ပါသည်။ Amen.

Credit to Lazarus Kyaw Win

No comments:

Post a Comment