အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, August 22, 2017

ကောင်းကင်တမန်များနေ့

ယနေ့ အင်္ဂါနေ့  = ကောင်းကင်တမန်များနေ့ 

- ကောင်းကင်တမန်များသည်ဘုရားသခင်၏ရှေ့
မှောက်၌အခစားဝင်နေရသူများ၊

- ကောင်းကင်တမန်သည်ဘုရားသခင်၏ဘုန်းဂုဏ်တော်၊ နာမတော်ကိုကာကွယ်ပေးနေရသူများ (ရှင်မိုက်ကယ်)၊

- ကောင်းကင်နမန်များသည်ဘုရားသခင်၏သ
တင်းကောင်းများကိုဆောင်ယူကြားပြောရသူ (ရှင်ဂါ
ဘရီအဲယ်)၊

- ကောင်းကင်တမန်သည်ဘုရားသခင်၏သားသမီးများ
ကြုံတွေ့ ခံစားနေရသောအခက်အခဲများကိုကူညီဖြေ
ရှင်းပေး၊ ရောဂါဝေဒနာများကိုဘုရား၏နာမနော်၌
ကုသပေးသူများ (ရှင်ရာဖာအဲယ်)၊



- ကောင်းကင်တမန်များသည်ဘုရားသခင်၏သားသမီးများ အားကောင်းသောလမ်းစဉ်၌အစဉ်လျှောက်လှမ်း
နိုင်ရန်ထိန်းကျောင်းလမ်းပြသူများ (ကိုယ်စောင့်သိ
ကြားများ)၊

- ကောင်းကင်တမန်သည်ဘုရားသခင်ကိန်းဝပ်စံ
ပါယ်ရာသန့် ရှင်းသောဌာနမိားကိုကာကွယ်စောင့်ရှောက်သူ
များ (ခေရုဘင်များ)၊

- ကောင်းကင်တမန်များသည်ဘုရားသခင်းအစေကိုနှိမ့်
ချစွာဖြင့်ထမ်းဆောင်နေသူများ (ဆေရာဖင်)၊

- ကောင်းကင်တမန်များသည်ဘုရားသခင်၏ကောင်း
မြတ်သည့်ဂုဏ်တော်များကိုမရပ်မနားအစဉ်သီဆိုဧကျူး နေကြသူများ (တေးဆိုကောင်းကင်တမန်များ)

- ကောင်ကင်တမန်များသည်ဘရားရှေ့၌အခစားဝင်နေ
ရသူများဖြစ်၍၊ အလွန်စင်ကြယ်သန့် ရှင်းသူများ
ဖြစ်ကြသည်။

- ကောင်းကင်တမန်များသည်ဘုရားသခင်၏ရွှေမျက်
နှာတော်ကိုအစဉ်ဖူးတွေ့ နေရသောကြောင့်မမောမ
ပန်းနိုင်ကြသူများဖြစ်သည်။
ထို့ ကြောင့်ယနေ့ တစ်နေ့ တာကိုဘုရားသခင်နှင့်ပေါင်း
စပ်ရှင်သန်၍၊ ကောင်းကင်တမန်များကဲ့သို့ 
- ဘုရားသခင်၏ဂုဏ်တော်ကိုအစဉ်သီဆိုချီးမွှမ်းနိုင်ရန်၊
- ဘုရားသခင်၏၀မ်းမြောက်ဖွယ်ရာသတင်းကောင်း
များကိုကြေငြာဟောပြောသူဖြစ်နိုင်ရန်ကြိုးစားအား
ထုတ်ကြပါစို့ ။

Credit to Cle Pike

No comments:

Post a Comment