သားမိုက်နောင်တ၊ မနှောင်းခဲ့ပါ ……..
အမိကက်သလစ်သာသနာတော်အားဦးဆောင်ခဲ့သောရ ဟန်းမင်းကြီးများသည်၊ ၄င်းတို့  ၏ခေတ်ကာ လနှင့်အညီသာသနာ အ တွက်သော်လည်းကောင်း၊ လူမူအသိုင်းအ၀ိုင်း၏လိုအပ်ချက် များကို မျက်ခြေအပြတ် လေ့လာ ပြီးအချိန်အခါနှင့်အညီကြေညာချက်များ၊ စာ ချွန်တော်များထုတ်ပြန် ရင်းအကျိုးပြုခဲ့ကြ၊ ထူးခြားမူများစွာ ကိုပြုလုပ်နိုင် ခဲ့ပါသည်။ ထို့ အတူရဟန်းမင်းကြီးဂျွန်ပေါလ် (၂) (ယခုသူတော်စင်) သည်သက်ရှိထင်ရှားစဉ်၌ကမ္ဘာသူကမ္ဘာသား များအား (ဘာသတူ၊ မတူ သူ) အ လွန်လွှမ်းမိုးခဲ့သူ၊ ကမ္ဘာ့နိုင်ငံများစွာသို့ ခရီးအများဆုံးထွက်ခဲ့သူ၊ ကွန်မြူနစ်စနစ် အောက်၌လူငယ်ဘ ၀ကိုဖြတ်သန်းခဲ့ရသူ၊ လူငယ် များနှင့်တွေ့ လျှင်ငယ်မူငယ်သွေးပြန်၍အလွန်ပျော် တတ်သူဟုသိထား ကြပါသည်။ ၄င်းတို့ထက်ပို၍ထူးခြားသောအချက်တစ်ချက်မှာသူသည်မိ မိကိုသတ်ရန်ကြံစည်ခဲ့သူ အားလည်း ကိုယ်တိုင်ကိုယ်ကျထောင်သို့  သွားရောက်၍တွေ့ ဆုံခဲ့၊ ခွင့်လွှတ်ခဲ့၊ လွှတ်ငြိမ်းခွင့်ရရန်အယူခံဝင်ပေး ခဲ့သူလည်းဖြစ်ပါ သည်။
ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) သည် (၁၉၈၁) ခုနှစ်၌၊ လုပ် ကြံခြင်းခံခဲ့ရသော်လည်းကံသီ စွာဖြင့်ပစ်လွှတ် လိုက်သောကျည် ဆံမှန် သွားသော်လည်း၊ သေကံမရောက်သက်မပျောက်ဘဲ၊ ခွဲစိပ်ကုသမူ ခံ ယူပြီးနောက်ပြန်လည် ကျန်းမာလာခဲ့ပါသည်။
ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) အား Mehmet Ali Agca ဟုခေါ်သောတူရကီနိုင်ငံသားမှ၊ စိန်ပီတာရင် ပြင်သို့ စုရုံးရောက် ရှိနေသောကမ္ဘာတစ်ဝှမ်းလုံးမှဘုရားဖူးများအားစီးတော်ယာဉ်ဖြင့်ထွက် ကြွနုတ်ဆက်နေစဉ်တွင်သေ နတ်ဖြင့်ပစ်ခံခဲ့ရခြင်းဖြစ်ပါသည်။
ဗာတီကန်ရုံးတော်၏ပြောရေးဆိုခွင့်ရှိသူဘုန်းတော်ကြီး Ciro Benedettini ပြောကြား ချက်အရရဟန်း မင်းကြီးအားသေနတ်ဖြင့် ပစ် ခတ်ခဲ့သူသည်၊ ဒီဇင်ဘာ (၂၇) ရက်နေ့ ၌ဗာတီကန်သို့ ရောက်ရှိလာပြီး၊ ရဟန်းမင်း ကြီး ဂျွန်ပေါလ် (၂) လျှောင်းစက်ရာအုပ်ဂူသို့ လာရောက် ၍ ပန်းစည်းချ ခဲ့ကြောင်းသိရပါသည်။
ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) သည်လုပ်ကြံ မူကြောင့် ရရှိ ခဲ့သောသေနတ်ဒဏ်ရာကိုခွဲစိပ် ကုသမူခံယူပြီး နောက်အကျဉ်းထောင် တွင်ထောင်နန်းစံနေသော Mehmet Ali Agca အားကိုယ်တိုင် သွားရောက်တွေ့ ဆုံစကား ပြော ခဲ့ပါသည်။ နှစ် (၂၀၀၀) ကျေးဇူးတော်ဂျူ ဘီလီနှစ်၌မိမိအားလုပ်ကြံ ရန်ကြံစည်ခဲ့သူအားလွှတ်ငြိမ်းသာ ခွင့်ပေးရန် ကို လည်းအီတလီအစိုးရနှင့်ညှိနှိုင်းဆွေးနွေးမူများပြုလုပ် ပေးခဲ့ပါသည်။ Mehmet Ali Agca သည်ကျူးလွန်ခဲ့သောရာဇ ၀တ်မူကြောင့်တစ် သက် တစ်ကျွန်းကျခံ နေခဲ့ရခြင်းဖြစ်ပါသည်။ သူသည်တူရကီနိုင်ငံ ၌လည်း အခြား ရာဇ၀တ်မူကြောင့် ထောင်ကျခံခဲ့ရသူဖြစ်ပါ သည်။ ဘုရား သခင် သည်ကျွန်ုပ်တို့ ၏အပြစ်မည်မျှရှိသည်ဟုလည်းစာရင်းဇယားမပြုစု၊ ကျွန်ုပ် တို့ အ ပြစ်အဘယ်မျှကြီးမားသည်ဟုတိုင်းတာမည်မဟုတ်ပေ။ ဘုရားသ ခင်စိတ်ဝင်စားသောအရာမှာကျွန်ုပ် တို့ သည် ပြုခဲ့သောအပြစ်၊ အမှားများ အတွက်စုံလင်သောနာကျင်ခြင်းဖြင့်၊ နိမ့်ချစွာခွင့်လွှတ်ခြင်းခံရ မည်ဟု သည့်ယုံကြည်ချက် ဖြင့်နောင်တယူကတောင်းပန်တတ်ရန် ကိုသာလို လားပါသည်။ မိဘများအ တွက်သားမိုက်၊ သမီးမိုက်နောင်တဘယ် တော့ မှမနှောင်းပါ။ နောင်တမရခြင်းသည်သာမိဘများအ တွက်ဝေဒနာဖြစ်ပါ သည်။
Credit to Cle Pike

No comments:
Post a Comment