အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, August 19, 2017

ဘုရား၏ ကျွန်မ နှင့် သခင်မ

တမြန်​​နေ့က ဆရာ​တော်​ ဖူတန်​ရှင်းရဲ့ "The Word's first love" စာအုပ်​ကို ဖတ်​ကြည့်​မိသည်​။ ဆရာ​တော်​က စာအ​ရေးအသား ​ကောင်း​ကောင်းဖြင့်​ မယ်​​တော့်​အ​ကြောင်း ခြယ်​မှုန်းထားတယ်​။ ထိုစာအုပ်​ကို ဖတ်​ရူ့ပြီး​နောက်​ အမိမယ်​​တော်​ကို ပိုပြီး သဒ္ဒါကြည်​ညိုစိတ်​​ပေါ်လာသလို ပိုပြီးချစ်​လာသည်​။ ထို​နောက်​ ဘာသာတူများကို မျှ​ဝေလိုသည်​။ ထိုစာအုပ်​ထဲမှ ​ကောင်းနိုးရာရာများကိုသာ ​ကောက်​နုတ်​ထားသဖြင့်​ ​ခေါင်းစဉ်​​ပေးရန်​ အခက်​ကြုံရသည်​။ "ဘုရား၏ကျွန်​မ နှင့်​ သခင်​မ" ဟုသာ ​ခေါင်းစဉ်​တပ်​လိုက်​ရသည်​။ အချိန်​ရှိပါက ဖတ်​​စေချင်​သည်​။
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄

                 "ဘုရား၏ ကျွန်​မ နှင့်​ သခင်​မ"

ဘုရားသခင်​က ​လောကထဲဆင်းကြွလာ​တော့မယ်​ဆိုလျှင်​ သူဆင်းကြွမယ့်​ နိုင်​ငံရဲ့ နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ ယဉ်​​ကျေးမှု၊ လူမျိုးနှင့်​ဘာသာစကား စသည်​တို့ကို ​ရွေးချယ်​ရပါသည်​။ ဒါ​ပေမယ့်​ ဒါ​တွေအားလုံးက သူ့မိခင်​ဖြစ်​လာမယ့်​ အမိမယ်​​တော်​ အ​ပေါ်သာ မူတည်​သည်​။



ပန်းချီဆရာ ဝစ်​စလာက သူ့အ​မေပုံကို ​ရေးဆွဲတဲ့အခါ အလှပဆုံး၊ ​အ​ချော​မောဆုံး၊ အ​မေတကာ အတုယူရ​လောက်​​အောင်​ ​ကောင်းမြတ်​တဲ့ အ​မေပုံကို ​ရေးဆွဲခဲ့တယ်​။ ​ယေဇူးဘုရားကလည်း သူ့အ​မေဖြစ်​မယ့်​ မယ်​​တော်​မာရိယားကို ဘယ်​​လောက်​ဂရုစိုက်​ခဲ့မလဲ။

အမိမယ်​​တော်​ရဲ့ ဘဝတစ်​​လျှောက်​လုံး ချီးမွမ်းခြင်းနဲ့ပဲ အသက်​ရှင်​ခဲ့သည်​။ သူ့ဘဝမှာ ဘာမှမ​တောင်းဆိုခဲ့​ပေ။ ဒါလုပ်​လို့ ဒါ​ပေး​ရမယ်​ဆိုတဲ့ ဆန္ဒမရှိခဲ့ပါ။ အတ္တကြီးတဲ့သူက ကိုယ့်​ကိုယ်​ကိုချီးမွမ်းတယ်​ အမိမယ်​​တော်​က ဘုရားကို ချီးမွမ်းတယ်​။ ငါတို့ကို သူငယ်​ချင်းတစ်​​ယောက်​​ယောက်​က ချီးမွမ်းရင်​ သူတို့ကို Thank you လို့​ပြောတယ်​။ ဒါ​ပေမယ့်​ မယ်​​တော့်​ကို ဧလိဇဘတ်​က ချီးမွမ်းတဲ့အခါ ဘုရားကိုချီးမွမ်းတယ်​။ ငါတို့ရဲ့ မာန​တွေကြီးလာတဲ့အခါ ဘုရားအကူအညီမလိုအပ်​သလိုခံစားရပြီး ငါတို့ရဲ့ မာန​တွေ ချွတ်​ခွာလိုက်​​သောအခါဝယ်​ ဘုရားကသာလျှင်​ အရာရာဖြစ်​လာတယ်​။ သဲနဲ့ပြည့်​​နေတဲ့ အိတ်​ကို ​ရွှေထည့်​လိုမရ​တော့။ ကိုယ့်​အတ္တ​တွေချည်းပြည့်​​နေတဲ့နှလုံးသားထဲမှာ ဘုရား​ကျေးဇူး​တော်​ မဖြည့်​နိုင်​​တော့​ပေ။ အမိမယ်​​က သူ့ဘဝကို အကြွင်းမဲ့နှိမ့်​ချပြီး ဘုရားကိုသာ အရာရာပုံအပ်​ခဲ့သည်​။

စတုတ္ထပညတ်​​တော်​ထဲမှာ မိဘတို့အားရို​သေခြင်းကိုပြု​လော့ လို့ဆိုထားသည်​။ ​လောက​ဖေ​ဖေကို ရို​သေတာ၊ ​လေးစားတာက ​ကောင်းကင်​​ဖေ​ဖေအား ကိုးကွယ်ခြင်းကို မထိခိုက်​ပါ။ အမိမယ်​​တော်​ကို ရို​သေအားကိုးခြင်းကလည်း သား​တော်​​ယေဇူးအား ကိုးကွယ်​ခြင်းကို မထိခိုက်​ပါ။ အမိမယ်​​တော်​ကို ဝိညာဉ်​​တွေအားလုံး ​​ယေဇူးထံမှ ခိုးယူ​နေသည်​ဟု စွပ်​စွဲခြင်း​လောက်​မိုက်​ရိုင်းတာမရှိ​ချေ။ ထိုသို့စွပ်​စွဲခင်းသည်​ ​ယေဇူးဘုရားရှင်​က တစ်​ကိုယ်​​ကောင်းဆန်​​သော မိခင်​ကို ​ရွေးထားခြင်းဖြစ်​သည်​ဟုလည်း ဆိုလိုရာ​ရောက်​သည်​။

တက္ကသိုလ်​ပါ​မောက္ခတစ်​​ယောက်​က ကက်​သလစ်​​ကျောင်းသားတစ်​​ယောက်​ကို ခုလို​ပြောသည်​။ "​ယေဇူးအမေနဲ့ ငါ့အ​မေက အတူတူပဲ ဘာများကွာလို့လဲ"တဲ့။ ​ထို​ကောင်​​လေးက ပြန်​​ဖြေပုံမှာ "ဟုတ်​ပါတယ်​ ဒါ​ပေမယ့်​ သား​တော့ကွာတယ်​​နော်​" တဲ့။ ဟုတ်​ပါတယ်​ အမိမယ်​​တော်​ကို သာမန်​အမျိုးသမီးတစ်​ဦးနှင့်​ နှိုင်းလို့မရ။ သူက ​ကျေးဇူးအ​ပေါင်းနှင့်​ပြည့်​ဝ​သော မယ်​​တော်​ပါ။ တစ်​ဝက်​ပဲ ပြည့်​တာမဟုတ်​ ပြည့်​ကိုပြည့်​တာပါ။ အမိမယ်​​တော်​ကို ငါတို့မလိုအပ်​ပါဘူးလို့ ငြင်းလို့ရရင်​ရမယ်​ ဒါ​ပေမယ့်​ ​ယေဇူးက​တော့ မငြင်းနိုင်​ခဲ့ဘူး။ သူတကယ်​ပဲ လိုအပ်​ခဲ့တာရယ်​။

ယေဇူးသခင်​သည်​ လူသားအားလုံးကို ကယ်​နုတ်​ဖို့ ကားတိုင်​​ပေါ်မှာ ၃နာရီကြာခဲ့သည်​။ တရား​ဟော​ပြီး လိုက်​လံသွန်​သင်​တာက သုံးနှစ်​ကြာခဲ့သည်​။ သူ့တပည့်​​တော်​​တွေနှင့်​အတူ သုံးနှစ်​သာ​နေခဲ့သည်​။ ဒါ​ပေမယ့်​ အမိမယ်​​တော်​ရဲ့ လက်​​အောက်​မှာ​တော့ အနှစ်​ သုံးဆယ်​​နေခဲ့သည်​။ သူ့ရဲ့တပည့်​​တော်​​တွေထက်​ ဆယ်​ဆမက​ သူ့အ​မေကို ​ပေးသနားမည်​ဆိုတာ ​မေးခွန်းထုတ်​စရာမလို​ပေ။ ဘုရားသခင်​က​တောင်​ အမျိုးသမီးတစ်​​ယောက်​ကို ရို့ကျို့​တာ၊ အမိန့်​နာခံတာ​တွေဟာ ​သေချာ​တွေးကြည့်​ရင်​ ကြက်​သီးထစရာပင်​။

အမိမယ်​​တော်​ဟာ သား​တော်​ကဲ့သို့ လူသား​တွေရဲ့ ဝိညာဉ်​​တွေ​ရေးအတွက်​ စိတ်​ပူ​ပေးသည်​။ ကြားဝင်​ဆု​တောင်း​ပေးသည်​။ သူကိုယ်​တိုင်​ ကမ္ဘာ​လောကထဲ ဆင်းလာပြီးလည်း ထင်​ရှားပြသည်​။ အသင်း​တော်​အသိအမှတ်​ပြုတဲ့ မယ်​​တော်​ထင်​ရှားပြခြင်းတွင်​ ​အောက်​ပါအချက်​များပါဝင်​​လေ့ရှိသည်​။
၁. မယ်​​တော်​မာရိယာသည်​ ကျွန်ုပ်​တို့ကို ဘုရားသခင်​နှင့်​လည်​​ကောင်း သား​တော်​​ယေဇူးနှင့်​လည်​​ကောင်း ပြန်​လည်​စည်းရုံးရန့်​ဖိတ်​​ခေါ်သည်​။
၂. ကက်​သလစ်​အသင်း​တော်​တွင်​ရှိနှင့်​ပြီး​သော ယုံကြည်​ရာအချက်​​တွေကို ပိုပြီးခိုင်​မာ​စေသည်​။
၃. ကျွန်ုပ်​တို့အား အပြစ်​ဒဏ်​ဆပ်​​ဖြေရန်​၊ ခြိုးခြံရန်​၊ ဆု​တောင်းရန်​၊ စိပ်​ပုတီးစိပ်​ရန်​ နိုး​ဆော်​သည်​။
၎. မယ်​​တော်​ထင်​ရှားပြ​သော​နေရာများတွင်​ တန်​ခိုးအံဖွယ်​ရာများ ဖြစ်​​စေပါသည်​။
ထို​ကြောင့်​ အမိမယ်​​တော်​ကို အမြဲဖက်​တွယ်​အားကိုးနိုင်​ကြပါ​စေလို့ တိုက်​တွန်းနိုး​ဆော်​ရင်း............
                                 

  ❤ကမာလူ❤

No comments:

Post a Comment