သွား၊ ရောင်း၊ ပေး၊ လိုက်ပါ (သံမာတေဦး ၁၉း၂၁)
အန်ထော်နီသည်၊ မိဘများတိမ်းပါးသွားပြီးနောက်၊ သူနှင့်၊ သူ၏ညီမလေးတို့ ခမျာ၊ မိဘမဲ့ဘ၀ဖြင့်၊ ကျန်ရစ်ခဲ့ကြပါသည်။ ထိုစဉ်ဍ်၊ သူ၏ညီမလေးမှာ၊ အသက်အရွယ်အားဖြင့်၊ ငယ်ရွယ်နုနယ်သေးသည်။ အန်ထော်နီ၏အသက်မှာ (၁၈-၂၀) ၀န်းကျင်ရှိပြီးဖြစ်ပါသည်။ ထို့  ကြောင့်၊ အိမ်မူကိစ္စနှင့်၊ ညီမဖြစ်သူကို၊ သူကိုယ်တိုင်၊ စောင့်ရှောက် ထိန်းကျောင်းခဲ့ပါသည်။
မိဘများ၊ မျက်ကွယ်ပြုသွားပြီး၊ ခြောက်လခန့် ကြာပြီးနောက်၊
တစ်နေ့ ၊ သူသွားနေကျအတိုင်း၊ ဘုရားကျောင်းသို့ ၊ မစ္ဆားတရားပါဝင်ရန် သွားနေစဉ်၊ အမှတ်မထင်သောအတွေးစတစ်ခု၊ သူ၏အာရုံကိုလှုပ်နိုး လိုက်သလိုခံစားလိုက်ရပါသည်။ ထိုအတွေးမှာ၊ ခရစ်တော်၏နောက်သို့  လိုက်ခဲ့သော၊ တပည့်တော်များ၊ မိမိတို့ ၏ပိုင်ရာဆိုင်ရာများ၊ အတွယ်အ တာများ၊ နောက်ဆံတင်းစရာများ၊ စသောလောကီဥစ္စာများကို၊ အဘယ် သို့ စွန့် လွှတ်နိုင်ခဲ့ကြသနည်း၊ ဆိုသည့်အချက်ကိုအတွေး နယ်ချဲ့နေမိပါ သည်။ ထို့ အပြင်၊ တမန်တော်ဝတ္ထုထဲမှ၊ ရှေးဦးခရစ်ယာန်များသည် လည်း၊ မိမိတို့ ၏ဥစ္စာပစ္စည်းများကို၊ ထုခွဲရောင်းချပြီး၊ တပည့်တော်တို့  အား၊ ရက်ရောစွာ၊ လုံးဝဥသုန်ပုံအပ်ပြီး၊ ချို့ တဲ့သူများကိုဝေငှပေးရန်၊ လှူ ဒါန်းနိုင်ခဲ့သည့်ဖြစ်အင်များကို၊ စဉ်းစားမိခဲ့ပါသည်။ ဤသူများသည်ကော င်းကင်နိုင်ငံတော်ဍ်၊ ထာဝရဘဏ္ဍာတော်ကို၊ စုဆောင်းသို မှီးနိုင်ကြပေ မည်ဟုလည်း၊ မျှော်တွေးနေမိသည်။ ထိုအတွေးများ နှင့်အတူ၊ ဘုရားရှိ ခိုးကျောင်းတွင်းသို့ ဝင်ရောက်သွားလေ၏။ တိုက်ဆိုင်စွာ၊ ထိုနေ့ မနက် မစ္ဆားတရားအတွင်း၊ ဖတ်ရူ့ ပူဇော်သောဧ၀ဂေလိ ကျမ်းစာမှာ၊ ခရစ်တော် သခင်က၊ ဥစ္စာပေါ၊ ရုပ်ချော၊ ကြေးရတတ်သောလူငယ်လေးအား၊ သွား၊ ရောင်း၊ ပေးပြီး၊ ငါ့နောက်လိုက်ပါဆိုသည့်၊ စိန်ခေါ်မူထုနှင့်ထည်နှင့်ပါေ သာ၊ ကျမ်းချက်ဖြစ်ပါသည်။
ထိုနေ့ မနက်တွေးမိသော၊ ရဟန္တာတို့ ၏စွန့် လွှတ်၊ စွန့် စားမူ များနှင့်၊ ထိုနေ့ နံနက်ဖတ်ရူ့ ပူဇော်သော၊ ဧ၀ဂေလိကျမ်းစာသည်၊ နောက် ဆံတင်းနေသော၎င်းအား၊ တိုက်ဆိုင်စွာဘုရားရှင်မှ ရွေးချယ်၍၊ ဖြစ်ပေါ်ေ စခဲ့သောအတွေးများလေလားဟုပင်၊ ထင်မှတ်ရပါသည်။ အန် ထော်နီ သည်၊ ထိုကျမ်းချက်ကိုကြားနာရပြီးနောက်၊ ဘုရားကျောင်းတော်မှ၊ လစ် ကနဲ့ ထွက်သွားပြီး၊ ၄င်း၏မိဘများချန်ထားခဲ့သော၊ အမွေများ ဖြစ်သည့်၊ မြေဆီမြေနစ်ကောင်းသော၊ စိုက်ပျိုးမြေယာဧက (၃၀၀) ခန့် ကို၊ မိမိ၏ရွာ သားများအား၊ ခွဲဝေပေးလိုက်ပါတော့သည်။ သို့ မှသာ၊ ထိုဥစ္စာမျာသည် ၄င်းတို့ အား၊ နောက်ဆံတင်နေစရာအကြောင်းမဖြစ်တော့ပေ။ ၄င်းတို့ ၏ အမွေများအားလုံးကိုလည်း၊ ထုခွဲရောင်းချပြီး၊ ၄င်းညီမလေး၏နောင်ရေး အတွက်၊ အနည်းငယ်ချန်လှပ်ထားသည်မှအပ၊ ကျန်သောဥစ္စာ များအား လုံးကို၊ ချို့ တဲ့သူများအား၊ ပေးကမ်းစွန့် ကြဲ လိုက်ပါတော့သည်။
နောက်တစ်ကြိမ်၊ ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြန်ရာ၊ ထို တစ်ကြိမ်ဍ်လည်း၊ ထူးခြားသောစေ့ဆော်မူတစ်ခုကို၊ ကျမ်းစာတော် မြတ် မှခံစားလိုက်ရပါသည်။ ထိုတိုက်ဆိုင်မူမှာ၊ ‘နက်ဖန်နေ့အတွက်မစိုးရိမ်နှင့်’ ဟူသော၊ လုံခြုံစေရန်ရည်ရွယ်ခြင်းသည်၊ မလုံခြုံမူ၊ စိတ်ဖိစီးမူကိုခံစား ရစေသည့်အကြောင်းတရားကို၊ ဖေါ်ညွှန်းသောကျမ်းစာ ကိုကြား လိုက်ရ သည်နှင့်၊ မမျိုသိပ်နိုင်တော့ဘဲ၊ ဘုရားကျောင်းမှချက်ခြင်း ထွက်သွားပြီး၊ အရေးအကြောင်းဍ်၊ မိမိအတွက်သုံးရန်၊ ချန်ထားရစ်သော၊ အကြွင်းအ ကျန်များအားလုံးကိုလည်း၊ မပြည့်စုံသူများအား၊ တစ်ခုမကျန်အောင်ပေး ပစ်လိုက်ပါတော့သည်။ ထို့ အတူ၊ ၄င်း၏ညီမလေးအားလည်း၊ သီလ ရှင်ကျောင်းဍ်၊ အပ်နှံထားခဲ့၍၊ ပြုစုပျိုးထောင်စေခဲ့ပါသည်။ သူမူကား၊ ၀ါရှောင်ခြင်း၊ ဆုတောင်းခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း၊ ပြန်လည်ဆန်း စစ်ခြင်း၊ စသောအမူများကို၊ ၄င်း၏မွေးရပ်မြေနှင့်၊ မလှမ်းမကမ်းတစ်နေ ရာဍ်၊ တရားစခန်းဖွင့်လှစ်ပြီး၊ ကျင့်ကြံအား ထုတ်ခဲ့ပါသည်။
‘အလုပ်မလုပ်သောသူသည်၊ အစာကိုလည်းမစားစေနှင့်’ ဟု ကျမ်းစာတော်မြတ်ဍ်၊ ရေးသားထားသောကြောင့်၊ သူသည် ၄င်း၏၀မ်း ရေးအတွက်၊ ပင်ပန်းကြီးစွာ လုပ်ကိုင်ရင်း၊ အဘယ်သူအားမျှ၊ ၀န်ထုတ် တစ်ခုမစေဖြစ်ရန်၊ ၄င်း၏လုပ်အားဖြင့်၊ ဘ၀ရပ်တည်ခဲ့ပါသည်။ ထိုသို့  ပင်ပန်းဆင်းရဲခြင်းကြီးစွာဖြင့်၊ ရရှိလိုက်သော၎င်း၏ ၀င်ငွေတစ် ၀က်ကို သုံးစွဲပြီး၊ ကျန်တစ်ဝက်ကိုမူ၊ ချို့ တဲ့သူများအား၊ ပေးကမ်းစွန့် ကြဲခဲ့ပါ သည်။
သူသည်၊ ဆုတောင်းခြင်းကို၊ မကြာမကြာပြုခြင်းဖြင့်၊ ဆိတ် ကွယ်ရာအရပ်ဍ်၊ ဆုတောင်းရန်လိုအပ်ကြောင်း၊ သင်ကြားညွှန်ပြပေးခဲ့ သောဆုတောင်းစာများကို၊ ရွတ်ဖတ်ပူဇော်တော်မူသည်။ သမ္မာကျမ်းစာ ဖတ်ရူ့ ရာဍ်လည်း၊ မိမိ၏ဂရုမစိုက်မူကြောင့်၊ ကိုယ်တော်ရှင်၏တရား တော်၊ မကျန်ရစ်ရလေအောင်၊ သတိကြီးစွာဖြင့်၊ ဖတ်ရူ့ ပူဇော်လေ့ရှိပါ သည်။ ဖတ်မိသမျှကိုလည်း၊ မှတ်ထားနိုင်အောင်အားထုတ်လေ့ရှိပါ သည်။ ထိုသို့ အလွှတ်မှတ်သားထားခြင်းဖြင့်၊ စာအုပ်လွှတ်ဖြင့်၊ ကျမ်းစာ ကိုလေ့လားနိုင်ပါသည်။
၎င်း၏ရွာသူ၊ သားများနှင့်၊ သူနှင့်ပတ်သက်ဆက်နွယ်သူများသည်၊ အန်ထော်နီ၏၊ စံပြအသက်တာကြောင့်၊ သူသည်အဘယ်သို့ သော်လူ စားမျိုးဖြစ်သည်ကို၊ ကောင်းစွာသိသောကြောင့်၊ ရွာသားများကသူ့ ကို ‘ဘု ရား၏မိတ်ဆွေတော်ကြီး’ ဟု၊ တင်စားခေါ်ကြပါသည်။ အချို့ သည်သူ့  ကို၊ သားအရင်းတစ်ဦးကဲ့သို့ လည်းကောင်း၊ အချို့ သည်၊ တစ်အူတုံစင်း ညီအစ်ကိုတစ်ဦးကဲ့သို့ လည်းကောင်း၊ ခင်တွယ်ချစ် ခင် ခဲ့ကြပါသည်။ သူ့ ကိုရသေ့တို့ ၏ဖခင်၍လည်း၊ တင်စားခေါ်ဝေါ်ကြပါသည်။ သူ့ ကို (၂၅၀) ခုနှစ်တွင်၊ အီဂျစ်နိုင်ငံဍ်၊ မွေးဖွားခဲ့ပါသည်။ သူ သည်ကန္တာရဍ်၊ တရားအားထုတ်ခဲ့ပြီး၊ ပုံစံကောင်းနမူနာကြောင့်၊ နောက်လိုက်နောက်ပါ များစွာရှိခဲ့ပါသည်။ သူ၏အသင်းသားများသည်၊ မိမိတို့ ယုံကြည်ခြင်းေ ကြာင့်၊ နှိပ်စက်၊ ညှင်းဆဲခံရသူများအား၊ ရဲဝံ့စွာအားပေးနစ်သိမ့် ခဲ့ကြ ပါသည်။ သူသည်၊ (၃၅၆) ခုနှစ်ဍ်၊ ပျံလွန်ခဲ့ပါသည်။
မှတ်ချက်။ ။ စိန်အာသနားစီအု့ (စ်) မှရေးသားခဲ့သော၊ Saint Anthony, Abbot ၏ဘ၀ဖြစ်စဉ်မှ၊ ပြန်ဆိုခြင်းဖြစ်ပါသည်။
Credit to Cle Pike

No comments:
Post a Comment