အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, August 19, 2017

လမ်းနှစ်သွယ်

လမ်းနှစ်သွယ်
                ကျွန်ုပ်တို့ သည်၊ ဆုတောင်းခြင်းဖြင့်၊ သန့် ရှင်းခြင်းကိုရ ရှိနိုင်ပါသည်။ ထို့ အတူ၊ သမ္မာကျမ်းစာကို၊ ဖတ်မှတ်လေ့လာခြင်းဖြင့်၊ လမ်းညွှန်မူကိုရကြပါသည်။ ထိုနှစ်ခုလုံးကိုပြုလုပ်နိုင်သော်၊ ပို၍ကော င်းပါသည်။ အကယ်၍၊ နှစ်ခုစလုံးကိုမပြုလုပ်နိုင်ပါက၊ စာဖတ်ခြင်းထက်၊ ဆုတောင်းခြင်းကိုပို၍ပြုလုပ်သင့်ကြောင်း၊ စိန်အီစီဒိုကမြွတ်ကြား ခဲ့ပါ သည်။
                အကယ်၍တစ်ဦးတစ်ယောက်သည်၊ ဘုရားရှင်နှင့်အ စဉ် ရှိနေလိုလျှင်၊ မကြာမကြာဆုတောင်းရပေမည်။ စာပေကိုလည်း၊ မကြာ မကြာဖတ်ရူ့ မှတ်သားရပေမည်။ အဘယ်ကြောင့်ဆိုသော်၊ ဆုတော င်းခြင်းသည်၊ ဘုရားရှင်နှင့်ကျွန်ုပ်တို့ စကားပြောခြင်းဖြစ်ပြီး၊ စာပေဖတ်ရူ့ သောအချိန်ဍ်မူ၊ ဘုရားရှင်သည်ကျွန်ုပ်တို့ အားစကားပြောလျှက်ရှိပါသည်။



ဝိညာဉ်ရေးနှင့်ဆက်စပ်သောတိုးတက်ပြောင်းလဲမူအားလုံးသည်၊ စာပေ ဖတ်ရူ့ ခြင်းနှင့်ထောက်ရူ့ စဉ်းစားခြင်းမှရရှိလာပါသည်။ စာပေ ဖတ်ရူ့  ရာမှ၊ ကျွန်ုပ်တို့ မသိသောအကြောင်းအရာများကို၊ သိရှိလာပြီး၊ ထောက်ရူ့ စဉ်းစားခြင်းဖြင့်၊ ကျွန်ုပ်တို့ ဖတ်ရူ့ ခဲ့သောအကြောင်းအရာ များကို၊ ပြန် လည်ထိန်းထားခြင်းဖြစ်ပေသည်။
               သမ္မာကျမ်းစာကိုဖတ်ရူ့ ခြင်းဖြင့်၊ အကျိုးကျေးဇူးနှစ်ခု ကိုရရှိစေ ပါသည်။ ပထမအကျိုးထူးမှာ၊ နားလည်မူစွမ်းရည်ကို၊ ပွားများတိုးတက်ေ စပြီး၊ ဒုတိယအကျိုးထူးမှာ၊ မတည်မြဲသောလောကတပ်မက်စွဲလန်းမူမှ၊ လူတို့ ၏အာရုံကိုဝေးကွာစေပြီး၊ ဘုရားရှင်၏အနှိုင်းမဲ့သော၊ ချစ်ခြင်းဆီ သို့ ဦးဆောင်သွားပါသည်။
            သမ္မာကျမ်းစာကိုဖတ်ရူ့ ရာဍ်လည်း၊ ဦးတည်ချက်နှစ်ခုရှိပါသည်။ ပထမဦးတည်ချက်မှာ၊ သမ္မာကျမ်းစာကိုနားလည်အောင်၊ မည်သို့  ပြုလုပ် ရမည်ဖြစ်ပြီး၊ ဒုတိယအချက်မှာ၊ နားလည်ပြီးသောသမ္မာကျမ်းစာကို၊ အဘယ်သို့ အကျိုးရှိရှိ၊ လက်တွေ့ ကျကျဟောပြောသက်သေခံ မည်နည်း တို့ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ပထမဦးတည်ချက်ဍ်၊ ကျွန်ုပ်တို့ သည်၊ မိမိတို့ ဖတ်ရူ့ ခဲ့သော၊ သမ္မာကျမ်းစာပါအကြောင်း အရာကို၊ နား လည်သဘောပေါက်ပြီးဖြစ်သော်လည်း၊ တစ်ပါးသူအားလက်ဆင့် ကမ်း မျှဝေရန်မှာ၊ မိမိဖတ်မှတ်လေ့လာခဲ့သော အကြောင်းအရာ များမှ၊ ဆက် စပ်ထွက်ပေါ်လာခြင်းအပေါ်မူတည်ပါသည်။
              ဇွဲနဘဲကြီးစွာဖြင့်၊ သင်ယူမှတ်သားသူများသည်၊ မိမိဖတ်ရူ့ ခဲ့ေ သာအကြောင်းအရာများကို၊ နားလည်ရုံသက်သက်မျှမဟုတ်ဘဲ၊ လက် တွေ့ အသုံးချရန်၊ အဆင်သင့်ရှိနေပေမည်။ အမှန်ဆိုရသော်၊ မသိခြင်း ထက်၊ သိပြီးသားအရာများကို၊ လက်တွေ့ ဘ၀ဍ်၊ ရှင်သန်လုပ်ဆောင် ရန်မှာ၊ ပို၍ပင်ခက်ခဲ့ပါသည်။ ‘၄င်းကိုတန်ဖိုးကြီးစွာထားပါ။ ၄င်းသည်၊ သင့်အားချီးမြောက်လိမ့်မည်။ ၄င်းကိုမှီဝဲဆည်းကပ်လျှင်၊ သင့်အား ဂုဏ်ပြုလိမ့်မည်’ ဟုရေး သားထားသကဲ့သို့ ၊ သမ္မာကျမ်းစာကို နားလည် ရန်၊ အကောင်းဆုံးနည်းလမ်းမှာ၊ စာစောင်နှင့်ရင်းရင်းနှီးနှီး ရှိခြင်းပင်ဖြစ် ပါသည်။ သမ္မာကျမ်းစာ နှင့်ပိုမိုရင်းနှီးလေလေ၊ သမ္မာကျမ်း စာမှ ရှိလာသောအကျိုးအမြတ်များ၊ ပိုမိုများပြားပေမည်။ တနည်းမှာ၊ စိုက်ခင်း သည်ပိုမိုစိုက်ပျိုးနိုင်လေ၊ သီးနှံ ပိုမိုရိတ်သိမ်းရသကဲ့သို့ ပင်ဖြစ်ပေမည်။          
            အချို့ သောသူများသည်၊ အသိဥာဏ်ရှိသော်လည်း၊   စာ ဖတ်ခြင်းကိုလစ်လှူရူ့ သောကြောင့်၊ စာဖတ် ခြင်းမှရသောဗဟု သုတ များဆုံးရှုံးကြရပါသည်။ အချို့ သောသူများသည်၊ နားလည်နိုင်မူစွမ်း ရည်ဍ်၊ အားနည်းသော်လည်း၊ ဗဟုသုတရလိုစိတ် (သိလိုစိတ်) အား ကြီးသောကြောင့်၊ ဥာဏ်ရည်ကောင်းသူများထက်၊ နားလည် သိကျွမ်း မူရရှိကြပါသည်။
ပင်ကိုယ်အားဖြင့်၊ ဥာဏ်ရည်နှေးသော်လည်း၊ ကြိုးစားမူကြောင့်၊ ကြိုးစားမူ၏အသီးအပွင့်ကို၊ ၄င်းတို့ ကခံစားရသော်လည်း၊ ပင်ကိုယ် ဥာဏ်ကောင်းပြီး၊ ကြိုးစားလုံ့ လမစိုက်ထုတ်သောသူများသည်၊ ဘုရားပေးသောဥာဏ်ရည်ရှိသော်လည်း၊ ပျင်းရိခြင်း၏သား ကောင်းများ ဖြစ် နေကြရပါသည်။ ကျေးဇူးတော်မပါဘဲ၊ နားဖြင့်ကြားလိုက်ရသောအကြောင်းအရာများသည်၊ စိတ်နှလု့ါ်ထဲသို့ မည်သို့ မျှစိမ့်ဝင်မသွားနိုင်ပေ။ ဤအခြေအနေကို၊ ဥပမာထား၍ပြရလျှင်၊ ပြင်ပဍ်အသံဗလံဆူညံသွားသော်လည်း၊ အတွင်းဍ်မူ၊ မည်သည့်အကျိုးအမြတ်မျှတင်ကျန်ရစ်မည်မ ဟုတ်ပေ။ ဘုရားရှင်၏အသက်ပေးတရားတော်သည်၊ နားဖြင့်ကြားနာပြီး၊ နှလုံးထဲစိမ့်ဝင်ကာ၊ ဘုရားရှင်၏ကျေးဇူးတော်ဖြင့်၊ ကျွန်ုပ်တို့ ကို၊ တို့  ထိမှသာလျှင်၊ နားလည်သဘောပေါက်နိုင်စွမ်းသော၊ ကျေးဇူးတော်ကိုရရှိကြပေမည်။
ဘာသာရေးစာပေများကို၊ ခုံမင်ခြင်းဖြင့်၊ သောကအစုံစုံကို၊ ဖြေလျော့ကျော်လွှားနိုင်ကြပါစေ…………..

မှတ်ချက်။ ။A reading from the Book of Sentences of St. Isidore မှကောက်နုတ်ပြန်ဆိုခြင်းဖြစ်ပါသည်။

Credit to Cle Pike

No comments:

Post a Comment