၁။ မင်းသုံးပါးတို့၏ နာမည်များမှာ
-
(က) ဂါစပါး (Gaspar)
(ခ) မဲလ်ကိသြ (Melchior) နှင့်
(ဂ) ဘာလ်သစား ( Barthasar)
တို့ဖြစ်သည်။
သူငယ်တော်ယေဇူးအား မင်းသုံးပါးတို့ဆက်ကပ် ခဲ့သော လက်ဆောင်ပစ္စည်းများနှင့်
၎င်းတို့၏အဓိပ္ပါယ် များမှာ -
(က)
လှော်ဗန် = ''ဘုရား''
(ခ) မီးရပ်
= ''လူ''
(ဂ) ရွှေ = ''ဘုရင်''
ဟူသောအဓိပ္ပါယ်ဆောင်သည်။
၂။ ဝိညာဉ်အတွက် ရန်သူ (၃) ပါး။
(က) နတ်ဆိုးရန်သူ၊
(ခ) လောကရန်သူ နှင့်
(ဂ) အသွေးအသားရန်သူ
တို့ဖြစ်သည်။
၃။ ကက်သလစ်ဘာသာ၌ အသင်းတော် (၃)
မျိုး
(က) အောင်မြင်ပြီးသောအသင်းတော်
(ကောင်းကင်ဘုံ၌ စံစားနေသော သိကြားရဟန္တာများ)၊
(ခ) ဒုက္ခခံသောအသင်းတော်
(ငရဲငယ်၌ အပြစ်ဒဏ်ဆပ်ဖြေနေသော
အသင်းတော်)
(ဂ) စစ်တိုက်နေသောအသင်းတော်
(လောက၌ ရုန်းကန်လှုပ်ရှားသောအသင်းတော်)
၎။ ကားတိုင်ထိပ်၌ INRI
ကို ဘာသာစကားသုံးမျိုးဖြင့် ရေးသားထားသောစားသားနှင့် ၄င်း၏အဓိပ္ပါယ်မှာ -
INRI = (Iesu Nazarenus Rex
Iudeorum)
(Jesus
of Nazareth, King of the Jews)
(ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေဇူး)
ဘာသာစကားသုံးမျိုးမှာ - ဟေဗြဲဘာသာ၊
ဂရိဘာသာ နှင့် လက်တင်ဘာသာ။
၅။ ကိုယ်တော်မြတ်မုန့်အကြီးပေါ်၌
တံဆိပ်ရိုက်ထားသော ဂရိစကားလုံးမှာ -
IHS = (Iesus Hominus Salvator)
(Jesus, Savior of Men)
(လူသားများ၏ ကယ်တင်ရှင်သခင်ယေဇူး)
၆။ စက္ကရမင် မင်္ဂလာများ။
တစ်ကြိမ်တည်းသာ ခံယူခွင့်ရှိသော စက္ကရမင်မင်္ဂလာ
များမှာ-
(က) ဆေးကြောခြင်း စက္ကရမင်မင်္ဂလာ၊
(ခ) ခရစ္စမားအားပေးခြင်း စက္ကရမင်မင်္ဂလာ၊
(ဂ) ရဟန်းသိက္ခာခံယူခြင်း စက္ကရမင်မင်္ဂလာ တို့ဖြစ်ပါသည်။
တစ်ကြိမ်ထက်ပို၍ ခံယူခွင့်ရှိသော စက္ကရမင်မင်္ဂလာ
များမှာ-
(က) ကိုယ်တော်မြတ်ပင့်ယူခြင်း
စက္ကရမင်မင်္ဂလာ၊
(ခ) အာပတ်ဖြေခြင်း စက္ကရမင်မင်္ဂလာ၊
(ဂ) လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်မင်္ဂလာ၊
(ဃ) ပရိတ်တော်ဆီလူးခြင်း စက္ကရမင်မင်္ဂလာ
တို့ဖြစ်ပါသည်။
၇။ ဝိညာဉ်နှင့်ဆိုင်သော ကောင်းမှု
(၇) ပါး။
(က) မှားယွင်းသော သူတို့ကိုဆုံးမခြင်း။
(ခ) ဘုရားတရား မသိနားမလည်သူ၊ ပေါ့လျော့သူတို့ကို
သွန်သင်ခြင်း။
(ဂ) ယုံကြည်ခြင်း၌ နှောက်နှေးခြင်းရှိသော
သူတို့ကိုကောင်း သောအကြံပေးခြင်း။
(ဃ) ညိုးငယ်ပူဆွေးသူတို့ကို နှစ်သိမ့်ပေးခြင်း။
(င) သူတစ်ပါး၏အပြစ်များကို ခွင့်လွှတ်ခြင်း။
(စ) မိမိကိုထိခိုက်သော သူတို့အား
သီးခံခြင်း။
(ဆ) သေသူရှင်သူတို့ကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
၈။ ကာယနှင့်ဆိုင်သော ကောင်းမှု
(၇) ပါး။
(က) ငတ်မွတ်သူတို့အား စားစရာပေးခြင်း။
(ခ) ရေငတ်သူတို့အား ရေပေးခြင်း။
(ဂ) အဝတ်မရှိသူတို့အား အဝတ်ဖြင့်
ဖုံးအုပ်ခြင်း။
(င) နေထိုင်စရာ အိမ်မရှိသူတို့အား
နေစရာပေးခြင်း။
(စ) မကျန်းမာသောသူတို့အား သွားရောက်ကြည့်ရှုအား
ပေးခြင်း။
(ဆ) ထောင်ထဲ၌ရှိသော သူတို့အား
သွားရောက်ကြည့်ရှု၍ အကူအညီပေးခြင်း။
(ဇ) သေသူတို့၏အလောင်းကို သင်္ဂြိုလ်ပေးခြင်း
တို့ဖြစ်သည်။
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည်
။
No comments:
Post a Comment