၁။ သင့်အကြောင်း သင်ကိုယ်တိုင်ပြောဖို့ဖြစ်လာရင် ဂရုတစိုက်ပြောပါ။
++++++++++++++++++++++++++++++++++++++++++++++
ရှင်ဘုရင်ကြီးဖြစ်ဖို့ ယောသပ်ကို ဘုရားသခင်က အိပ်မက်ရူပါရုံပေးတာ မှန်ပါတယ်။ အစ်ကိုတွေက ရှိခိုး ရမယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီအတိုင်းကြီး ထုတ်ပြောတော့ အစ်ကိုတွေက လက်မခံနိုင် တော့ ဘူးပေါ့။
ဘုရားသခင် သင့်ကိုပေးတဲ့အရည်အချင်း၊ ရူပါရုံ၊ ရည်မှန်းချက်ပန်းတိုင်အတွက် သင့်ကိုယ်သင် ယုံကြည်စိတ်ချမှုရှိတာကောင်းပါတယ်။ ဒါပေမယ့် မာနမထောင်လွှားဖို့နဲ့ မ၀ါကြွားမိဖို့ အထူးသတိပြုပါ။ နှိမ့်ချတဲ့ စိတ်နဲ့ သင်လုပ်စရာရှိတာကို ဆက်လုပ်ပါ။
၂။ သင်လုပ်သမျှအရာရာတိုင်း၌အကောင်းဆုံးကို လုပ်ဆောင်ပါ။
++++++++++++++++++++++++++++++++++++++++++
ယောသပ်ဟာ အီဂျစ်ပြည်ကိုရောက်လာတာ အကောင်းဆုံးအခြေအနေနဲ့ရောက်လာတာ မဟုတ်ပါ ဘူး။ အခုခေတ်စကားနဲ့ပြောရရင် လူကုန်ကူးခံရတာပါ။ ရောင်းစားခံရတာ။ ရောင်းစားတဲ့သူတွေကလည်း ကြည့် အုံးလေ။ တခြားသူတွေမဟုတ်ဘူး။ သူ့အစ်ကိုတွေ။ ယောသပ်အတွက် နာကျည်းစရာ၊ စိတ်ဓါတ်ကျစရာတွေနဲ့ ဘ၀ကို ထင်ရာစိုင်းဖို့ဆိုတာ လွယ်လွယ်လေးပါပဲ။ ဒါပေမယ့် ယောသပ်ဟာ သူရှိတဲ့နေရာမှာ၊ သူလုပ်တဲ့အလုပ် မှာ သူ့ကိုခိုင်းသမျှ သူ့ရဲ့အကောင်းဆုံးကို ထုတ်သုံးတယ်။ (He gives his very best in whatever he is asked to do.) မတရားသဖြင့်ခံရတဲ့ ယောသပ်အခြေအနေက သူရဲ့ရိုးသားဖြောင့်မတ်ခြင်းနဲ့အလုပ်ကြိုးစားခြင်း ကို မထိခိုက်ခဲ့ပါဘူး။ မြင့်တဲ့နေရာမှာပဲရှိရှိ(ပေါတိဖာအိမ်)၊ နိမ့်တဲ့နေရာမှာပဲရှိရှိ (အကျဉ်းထောင်)၊ ယောသပ် ဟာ သူ့ရဲ့ အကောင်းဆုံးကိုကြိုးစားလုပ်ဆောင်တဲ့အတွက် ပေါတိဖာအိမ်မှာလည်း အိမ်တစ်အိမ်လုံးကို အုပ်ချုပ် ခွင့်ရသလို၊ ထောင်ထဲကိုရောက်သွားတော့လည်း ထောင်မှူးကိုယ်စားလှယ်အဖြစ် ထောင်ကို အုပ်ချုပ်ခွင့်ရ တယ်။ အသေး အမွှားကိစ္စလေးကအစ အကောင်းဆုံးကိုလုပ်ရင် ဘုရားသခင်ဘုန်းထင်ရှားစေပါတယ်။ ဒါတင် မကဘူး၊ ကြီးမားတဲ့တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်ဖို့ သင့်ကို train ပေးခြင်းဖြစ်တယ်။ ဘုရားသခင်က ယောသပ်ကို တိုင်းပြည်ကြီး တစ်ခုလုံးကို မအုပ်ချုပ်ခိုင်းခင်မှာ ပေါတိဖာအိမ်ကို အုပ်ချုပ်ခိုင်းတယ်။ ပြီးတော့ အကျဉ်းထောင်မှာ အုပ်ချုပ်ခိုင်းတယ်။ ယောသပ်ဟာ အကောင်းဆုံးပေးဆပ်လုပ်ဆောင်ခဲ့ပါတယ်။
သင်လည်း ရှိတဲ့နေရာမှာ၊ လုပ်နေတဲ့အလုပ်မှာ သစ္စာရှိရှိနဲ့ အကောင်းဆုံးကို လုပ်ဆောင်ပါ။
၃။ စုံစမ်းသွေးဆောင်ခြင်းများကို ရှောင်ရှားပါ။
++++++++++++++++++++++++++++++
ယနေ့ခေတ်ကာလမှာတော့ အပြစ်သွေးဆောင်ခြင်းက နေရာတိုင်းမှာရှိပါတယ်။ သင့်လက်ထဲမှာ တောင်ရှိတယ်။ အဲဒါက smart phone ရဲ့နေရာယူဝင်ရောက်လာခြင်းပဲဖြစ်တယ်။ အပြစ်သွေးဆောင်ခြင်းခံရရင် ကူညီမစခြင်းရရှိဖို့ ဘုရားကိုမျှော်ကြည့်ပါ။ သင့်ဂုဏ်သိက္ခာအတွက်တော့ ပတ်ဝန်းကျင်ကိုကြည့်ပါ။
၎။ ဘုရားသခင်ရဲ့အမြင်ရှိပါစေ။
+++++++++++++++++++++
အစ်ကိုတွေရဲ့ မတရားပြုတာပဲဖြစ်ဖြစ်၊ ပေါတိဖာမိန်းမက သွေးဆောင်ဖြားယောင်းပြီး၊ သူ့ကို စွပ်စွဲ တာပဲဖြစ်ဖြစ်၊ ယောသပ်ဟာ သူ့ဘ၀အတွက် ဘုရားရဲ့အကြံအစည်ကိုပဲ အာရုံစိုက်နေတယ်။
သင့်ရဲ့အခြေအနေဘယ်လိုပဲရှိနေပါစေ၊ ယခုလက်ရှိအခြေအနေကိုကျော်လွန်ပြီး၊ သင့်ဘ၀မှာ ဘုရား လုပ်ဆောင်မယ့်အခြေအနေကို မျှော်ကြည့်တတ်ဖို့လိုပါတယ်။ ဒါဆိုရင် အခုရင်ဆိုင်နေရတဲ့ အခြေအနေမှာ ယောသပ်ကဲ့သို့ သင် ငြိမ်သက်ခြင်းရရှိမှာဖြစ်ပါတယ်။
ယောသပ်ကဲ့သို့ မိတ်ဆွေကို ဘုရားသခင် ချီးမြှောက်ပါစေ။ အာမင်။
(စွမ်ဇာခိုင်)

No comments:
Post a Comment