တနင်္ဂနွေနေ့ မှာ ထမင်းရည် ရဲ့ အာဟာရ နဲ့ တူတဲ့ ဘုရား၏ နုတ်ကပါတ်တရားတော် ကျမ်းစာ ကို ကြိုတင်ပြင်ဆင်ပြီး ခရစ်တော်ရဲ့ စားပွဲတော် နှင့် ပေါင်းစပ်မှသာ ခရစ်ယာန်တို့ ရဲ့ တနင်္ဂနွေနေ့ တရားပွဲဟာစုံလင်ပြည့်စုံပြီးအထွဠ်အထိပ်သို့ ရောက်သောတရားပွဲ ဖြစ်ကြောင်း။
တနင်္ဂနွေနေ့  မှာ ထမင်းရည် အာဟာရ နဲ့ တူတဲ့ နုတ်ကပါတ် တော်ကို ကြိုတင် ပြင်ဆင်မသွားသူဟာထမင်းရည်ကိုသွန်ပစ်တဲ့သူသာဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပါတယ်။
ယနေ့ ဟာ တနင်္ဂနွေနေ့ သြဂုတ်လ(၆)ရက်၊၂၀၁၇ ခုနှစ်
သခင်ယေဇူးအဆင်းသဏ္ဌာန် ပြောင်းလည်းသောပွဲနေ့ ဖြစ်ပါတယ်။
ပထမကျမ်း
“သူ၏နိုင်ငံတော်သည် အစဉ်ထာဝရတည်နေမည့်နိုင်ငံတော်ဖြစ် ၍ မည်သို့ မျှကွယ်ပြောက်သွားနိုင်ခြင်းမရှိရာ”
ဒံယေလအနာဂတ္တိကျမ်း
အခန်းကြီး ၇း ၉-၁၀ ၊ ၁၃-၁၄
၉ ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသောသူတဦးသည် ထိုင်တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့် တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။
၁၀ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေ သင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကိုဖွင့်ထား၏။
၁၃ ထိုညဥ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့်တူသော သူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီးသောသူ၏ အထံတော်သို့ ရောက်လေ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။
၁၄ အရပ်ရပ်တို့၌နေ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှါ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။
ဆာလံကျမ်း
အခန်းကြီး ၉၇း ၁-၂ ၊ ၅-၆၊ ၉
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၉ အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊
သံပြိုင်။ ။ အိုသခင် ကိုယ်တော်၏ လက်တော်ကို ဖြန့် တော်မူ၍ ကျွန်ုပ်တို့ အားစွန်ု့ ကြဲတော်မူပါ။
ဒုတိယကျမ်း
“ မည်သည့် ပရောဖက် ဟောကြားချက်မျှ လူ၏ အလို ဆန္ဒ မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ၀ိညာဉ်တော်မြတ်၏ နိုးဆော်ခြင်းခံရသောလူတို့ က ဘုရားသခင် အတွက်ပြော ဆိုဟော ပြော ချက်သာဖြစ်၏”
ရှင်ပေတရုသြဝါဒစာဒုတိယစောင်
အခန်းကြီး ၁း၁၆-၁၉
၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အားကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင် မြင်သောသူဖြစ်ကြ၏။
၁၇ အဘယ်သို့နည်းဟူမူကား၊ ဤသူသည်ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟူသောအသံတော်သည်၊ ထူမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသေရေ၊ ဘုန်းအာနုဘော်ကိုခံရတော်မူ၏။
၁၈ ကောင်းကင်က ရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသော တောင်ပေါ်မှာ သခင်ဘုရားနှင့် အတူရှိသော အခါကြားရကြ၏။
၁၉ ထိုမှတပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တတ်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
ဧ၀ံဂေလိကျမ်း
ရှင်မာတေဦး ၁၇း ၁-၉
၁ ခြောက်ရက်လွန်သောအခါ ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်ညီယောဟန်တို့ကိုခေါ်၍ မြင့်လှစွာ သော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သိုဆောင်ကြွတော်မူ၏။
၂ သူတို့ရှေ့၌ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံ သည်ဖြစ်၍။ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။
၃ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက်နေကြ၏။
၎ ထိုအခါပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊တဲသုံးဆောင် ကိုအလိုတောင်ရှိလျှင် အကျွန်ုပ်တို့သည်ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။
၅ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့ဟု မိုးဃ်းတိမ်ကအသံ တော်ဖြစ်လေ၏။
၆ တပည့်တော်တို့သည်ကြား ရလျှင်၊ ပြပ်ဝပ်၍အလွန်ကြောက်လန့်ခြင်းရှိကြ၏။
၇ ယေရှုသည်လာ၍သူ တို့ကိုလက်နှင့်တို့တော်မူလျက်၊ ထကြ၊မကြောက်ကြနှင့်ဟု မိန့်တ်ာမူသော်၊
၈ သူတို့သည်ကြည့်မြော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ် သူကိုမျှမမြင်ကြ။
၉ တော်ပေါ်မှဆင်းကြသောအခါ ယေရှုက၊လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင် သော ရူပါရုံကိုအဘယ်သူအားမျှမပြောကြနှင့်ဟုတပည့်တော်တို့ကိုပညတ်တော်မူ၏။
No comments:
Post a Comment