အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, August 6, 2017

ကောင်းသောညအိပ်ယာဝင်ချိန်ပူဇော်ခြင်းဆုတောင်းပတ္ထနာ

 အိုဘုရားသခင်
 ကိုယ်တော်၏သားတော်ယေဇူးသခင်သည်၊ ကိုယ်တော်နှစ် သက်မြတ်နိုးရာကိုယ်တော့်ချစ်သား အဖြစ်၊ ယနေ့ ကိုယ်တော် သည် တာဘော်တောင်တွင်ခေါင်းဆောင်ကြီးမိုးဇယ်၊ ပရောဖက်ကြီးဧလိယ နှင့်သူ၏တပည့်ကြီးသုံးပါးရှေ့တွင်ကျယ်လောင်စွာကြေငြာခဲ့ပါသည်။ ယေဇူးသခင်သည်ကိုယ်တော်မိန့်  ကြားခဲ့သကဲ့သို့  ကိုယ်တော်နှစ် သက်မြတ်နိုးနိုင်ရန်သွေးတစ်စက်မကျန်ပေးဆက်ခဲ့ပါသည်။ သာသည်၊ နာသည်မတွက်၊ ကိုယ့်အတွက်ကျန်သည်၊ ခံသည်မကြည့်။ အကျိုးရှိမည် မရှိမည်မသိ။ ကိုယ်တော်၏ အလိုဆိုသည်ကိုသိသည်နှင့်လုပ်ဆောင်ရန် အဆင်သင့်ရှိခဲ့သည်။ မိမိဂုဏ်သိက္ခာကိုပင်မငဲ့။ မိမိအားအ ခွင့်အရေး ယူသွားသည်ကိုမတွက်။ လူသားများကိုကယ်တင်ရန်စော်ကြီးသောခ မည်းတော်ဘုရား၏စိတ် ၀င်ပူးကာ၊ ယေဇူးသခင်သည်လည်း လူသား ကယ်တင်ရေးအတွက်ကိုသာသဲမဲစွာလုပ်ဆောင်ခဲ့ပါသည်။ တပည့်ေ တ်ာတို့ လည်းလူသားတစ်ဦးအဖြစ်ကိုယ်တော်၏ဖန်ဆင်းခံများဖြစ် ကြပါသည်။ ထိုထက်သာ လွန်၍ဆေးကြောခြင်းမင်္ဂလာစက္ကရာမင်းတူ အားဖြင့်တပည့်တော်တို့ သည်တင်းပြည့်သော ကိုယ်တော် ၏သားသ မီးများဖြစ်လာခဲ့ကြပါသည်။ သို့ သော်ကိုယ်တော်နှစ်သက်မြတ်နိုး ရာ ချစ်သားသမီးများဖြစ်နိုင် ရန်မှာဝေးလွန်းလှပါသေးသည်။



တပည့်တော် တို့ ၏ကိုယ်၊ စိတ်၊ နှလုံးသုံးပါးကိုအသစ်ပြောင်းလဲပေး တော်မူပါ။ အ ကျင့်အကြံ၊ အလုပ်အကိုင်များ၌လည်းသာသည်၊ နာသည်၊ ခံသည်၊ စံ သည်များကိုကပ် တွက်ဘဲကိုယ်တော့်အလိုကိုဦးထပ်ထားသူ များဖြစ်နို င်စေတော်မူပါ။ မိမိ၏ဂုဏ်သိက္ခာထိပါးလာသော ကြောင့်ကာကွယ် ရန် ကြိုးစားလိုခြင်းထက်၊ ကိုယ်တော်၏အလိုတော်အစစ်အမှန်ဖြစ်သည် ကိုသိလိုက်ရပါလျှင်မည်သည့်အရာကိုမျှမငဲ့၊ရဲရင့်ဂုဏ်ယူစွာလုပ်ဆောင်တတ်စေတော်မူပါ။ မည်သည့်အရာမျှအ သေးအဖွဲဟုမတွက်မိပါစေနှင့်။ အရာရာသည်အရေးပါ၊ အလေးထားလုပ်ဆောင်တတ်စေတော်မူပါ။ မိ မိ၏မိတ်ဆွေအတွက်မိမိအသက်ကိုပေးခြင်းထက်မြတ်သောချစ်ခြင်းမရှိဟုကိုယ်တော်၏သားတော်သွန်သင်ခဲ့ပြီး၊ ကိုယ်တိုင်လည်းလူသားများ အတွက်အသေခံခဲ့ပါသည်။ တပည့်တော်တို့ အားလည်းမိမိနှင့် နီးစပ် သူများအားလူမျိုး၊ ဘာသာ၊ အသားအရေ၊ ကျားမ၊ လူမူရေးေ နာက်ခံ များကိုထောက်နေခြင်းထက် ၄င်းတို့ လိုအပ်သောအေ ရးကြီးအကူအ ညီကိုတတ်အားသလောက်ကူညီရိုင်းပင်ပေးတတ်သောခရစ္စ တူး၏နော က်လိုက်ခရစ်ယာန်များဖြစ်စေတော်မူပါ။ မည်မျှသေးဖွဲနေစေကာမူ၊ မှန် ကန်သောစိတ်ထား ဖြင့်လုပ်ဆောင်သောအမူကြီးငယ်ဟူသမျှ သည် ကိုယ်တော်၏ကျေးဇူးတော်ကိုမခံစားရဘဲအချည်းနှီးဖြစ် သည်ဟုမ ရှိကြောင်းယေဇူးသခင်မိန့် ခဲ့သကဲ့သို့ ၊ ကိုယ်တော်၏ အလိုတော် ကိုမြေ၀ယ်မကျနှလုံးပိုက် လုပ်ဆောင်ခြင်းဖြင့်တစ်နေ့ တပည့်တော်တို့ သည်လည်းကိုယ်တော်နှစ်သက်မြတ်နိုးသောကိုယ်တော် ၏ချစ်သား သမီးများဖြစ်စေတော်မူပါမည့်အကြောင်း၊ကိုယ်တော်နှစ်သက်မြတ်နိုးသောချစ်သားတပည့်တော်တို့ ၏ကယ်တင်ရှင်ယေဇူး သခင်၏နာ မတော်မြတ်၌တောင်းလျှောက်ပါသည်ဘု ရား …..

Credit to Cle Pike

No comments:

Post a Comment