အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Monday, August 7, 2017

သြဂုဏ်လ (၁၅)ရက်နေ့  မယ်တော်သခင်မကောင်းကင်ဘုံသို့ ဆောင်ယူတော်မူသော ပွဲတော်အတွက်နိုဗီးနာ


            အိုဘုန်းဂုဏ်တော်နှင့်ပြည့်ဝစုံလင်လှသောကောင်း
ဘုံဘုရင်မ၊ အမိမယ်တော်၏ခနွာသည်ဘုရား
စံပါယ်ခဲ့သောအပြစ်မဲ့ဗိမာန်တော် သည်၊ ကောင်းကင်ဘုံသို့ ဘုန်းဂုဏ်တော်နှင့်ပင့်ဆောင်ကြွဝင်ခြင်းကို ခံယူလေပြီ။ ကောင်းကင်တမန်တပ်တောင်တာနှင့်ရဟန္တာသူတော် သူမြတ်တို့ နှင့်အတူကျွန်ုပ်တို့ လည်းတညီတညွှတ်တည်း
ဧကျူးချီးမွှမ်း ကြပါသည်။



           ကားတိုင်ပေါ်တွင်တင်သတ်ခြင်းကိုခံခဲ့သော
သားတော် ၏ခြေ ရာတော်ကိုလောကတွင်ရှိစဉ်မှစ၍
ထပ်ကြပ်မခွာလိုက်ခဲ့သောသစ္စာ တည်ကြည်သည့်နော
က်လိုက်ဖြစ်ပါသည်။ ထို့ ကြောင့်အမိမယ် တော် ၏ခ
နွာအစိပ်အပိုင်းသည်လည်းသားတော်ကဲ့သို့ ပျက်စီးခြ
င်းနှင့်မကြုံရ။ ကောင်းကင်နိုင်ငံတော် ၏ဘွဲ့ နာမတကာတို့ သည်အမိ မယ်တော်ပိုင် ဆိုင်သွားပြီးဖြစ်သည်။ ထိုပိုင်ဆို
င်မူကိုအမိမယ်တော်ခံ စားနိုင်သကဲ့သို့ ၊ ဝေမျှပေးကမ်း
နိုင်ပါသည်။
             အမိမယ်တော်၏အင်အားကြီးမားလှသောကြား
ဝင်ဆုတောင်းေ ပးခြင်းအစွမ်းဖြင့်တပည့်တော်တို့ သည်အ
ဆုံးတိုင်အောင်တည်ကြည် ကြသူများဖြစ်နိုင်စေရန်၊ လိုအပ်သောကျေးဇူးအမျိုးမျိုးကိုတောင်းလျှောက်ေ
ပးတော်မူပါ။ သို့ ဖြစ်၍တစ်နေ့ သ၌အမိမယ်တော်နှင့်
အတူ၊ ကောင်းကင်ဘုံ၌ထာ ၀ရပျော်ရွှင်ခြင်းသုခကို
စံစားခွင့်ရရှိနိုင်ပေလိမ့်မည်။ (ဂုဏ်ကျေးဇူးတော် - ၃ ကြိမ်ပူဇော်ရန်)

            အိုကြည်ညိုဖွယ်ကောင်းလှသောကညာစင်၊ မယ်တော်၏သား သမီးတို့ ကိုကြည်နာစွာဖြင့် ကြည့်
ရူ့တော်မူပါ။ သားသမီးနှင့်မိခင်တို့ ကြားထားရှိသော
အားကိုးယုံကြည်မူ၊ ရိုးသားမူ၊ မဆုတ်မနစ်သောအား ထုတ်မူတို့ ဖြင့်အမိမယ်တော်အားချစ်နိုင်စေတော်မူပါ။ အမိမယ်တော်၏ ပါရမီများကိုကျင့် ကြံနိုင်စေတော်မူပါ။ မယ်တော်၏သားတော်၊ တပည့်ေ တ်ာတို့ ၏သခင်ယေ
ဇူးကိုစစ်မှန်သောနှိမ့်ချခြင်း၊ ခြွေတာတတ်သော စိတ်၊ ချုပ်တည်းတတ်သောစိတ်၊ စင်ကြယ်သောစိတ်ကူး
စိတ်သန်းများ၊ ထက်သန်သောရက်ရောသောစိတ်၊ ချစ်ခြင်းတို့ ဖြင့်ချစ်မြတ်နိုးနိုင်ရန်ကျေးဇူးတော်
ကိုတောင်းလျှောက်ပေးတော်မူပါ။    (ဂုဏ်ကျေးဇူးတော် - ၃ ကြိမ်ပူဇော်ရန်)

Credit to Cle Pike

No comments:

Post a Comment