အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, August 8, 2017

အာဂျင်တီနားနိုင်ငံ၌ ကိုယ်တော်မြတ်မုန့်တော်မှ သွေးယိုစီးမှု ဖြစ်ပွား


~~~~~~~~~~

ဘွေနူးအဲရစ်၊ ဧပြီလ ၁၃၊ ၂၀၁၇၊ CNA

အာဂျင်တီနားနိုင်ငံ၊ ဆန်တာတေမြို့၌
၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင်
ကိုယ်တော်မြတ်မုန့်တော်ကို ရှိခိုးကိုးကွယ်ချိန်တွင်
၎င်းမုန့်တော်မှ သွေးများယိုစီးလာသည်ဟု
အာဂျင်တီးနားနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး
လူးဝစ်ဖာနန်ဒေးက သတင်းထုတ်ပြန်တော်မူလိုက်သည်။




ကိုယ်တော်မြတ်မုန့်တော်မှ သွေးစက်များအဖြစ်သို့
ပြောင်းလဲသွားခြင်းကို မြင်တွေ့ရသော ဂျွန်တာနေဂိုက
“ကျွန်တော်တို့က ကိုယ်တော်မြတ်မုန့်တော်ကို
သီချင်းဆိုပြီး ရှိခိုးနေတဲ့အချိန်မှာ နေရဲနေသောသွေးစက်များသည်
၎င်းမုန့်အထဲမှာ အပြင်သို့ တိုးထွက်လာတာကိုမြင်ကြရပါတယ်” ဟု ပြန်ပြောင်းပြောဆိုသည်။

ဆရာတော်ကြီးက “သန့်ရှင်းသော အပတ်ဖြစ်သောအင်္ဂါနေ့၌
မူးယစ်ဆေးဝါး စွဲနေသူများအား ပြန်လည်ထူထောင်သောနေရာတွင် လူငယ်တစ်စုက ကိုယ်တော်မြတ်ကို ရှိခိုးကိုးကွယ်ကြချိန်တွင်
၎င်းမုန့်တော်မှ သွေးစက်များယိုထွက်လာသည်ကို
လူငယ်များက စတင်တွေ့ရှိခဲ့ကြသည်” ဟု
ထုတ်ပြန်တော်မူသည်။

ထို့သို့သော ဖြစ်ရပ်ကို သေချာစစ်ဆေး နိုင်ရန်အတွက်
ဆရာတော်ကြီးလူးဝစ်က ၄င်းကိုယ်တော်မြတ်မုန့်တော်ကို
ကိုယ် တော်မြတ်ထည့်ထားသော ရောင်ခြည်တော်မှ
ထုတ်ယူတော်မူသည်ဟု ၄င်းဌာန၏ ညိနှိုင်းရေးမှူးဖြစ်သော
ဂျွန်တာနေဂိုက ပြောဆိုသည်။

ဤတန်ခိုးတော်နှင့်စပ်လျဉ်းပြီး
ရာဖာအဲကက်သလစ်ဆရာတော်ပိုင်
သာသနာရုံး မှ ထုတ်ပြန်ထားသောစာထဲတွင်
“ကက်သလစ်သာသနာတော်သည်
ဤကဲ့သို့သော ဖြစ်စဉ်မျိုးနှင့် တခြားဆင်တူဖြစ်စဉ်များအပေါ်
အမျှော်အမြင်ကြီးစွာနှင့်
မှန်ကန် စွာစုံစမ်းခြင်းပြုလုပ်လျက်ရှိပြီး ဤဖြစ်စဉ်ကို အမှန်တကယ်ဖြစ်ပျက်သည့်တိုင်း
သေချာပြုလုပ်ပေးမည်ဖြစ်သကဲ့သို့ အသွေးတော်၏
အလင်းရောင်သွန်းလောင်းခြင်း
ရည်ရွယ်ချက်အတိုင်း ဆုံးဖြတ်ချက်ကိုပြုလုပ်မည်
ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဆက်လက်ပြီး ၄င်းထုတ်ပြန်ချက်၌
“သမိုင်းတစ်လျှောက်လုံး
ကက်သလစ်သာ သနာတော်သည်
ကိုယ်တော်မြတ်မုန့်တော်၌
ယေဇူးခရစ်တော်၏ အမှန်တကယ်တည်ရှိနေခြင်း၏
သက်သေခံချက်ကို ရရှိနေခဲ့ကြောင်း၊ ယခု ဖြစ်ပျက်သော
တန်ခိုးတော် သည် သာမန်ဖြစ်နေကျ ဖြစ်စဉ်မျိုး
မဟုတ်သကဲ့သို့ ထူးခြားသော ဖြစ်စဉ်ဟုလည်း ပြောမရကြောင်း၊
ထို့ကြောင့် သာသနာတော်၏ လုပ်ထုံးလုပ်နည်းကိုလိုက်နာလျက်
ကျွန်တော်တို့၏ ဆရာတော်ကြီးသည် ၄င်းမုန့်တော်ကို
အများပြည်သူအား ထုတ်ပြ သောနေရာမှဖယ်ရှားပြီး
သင့်လျော်သော အနေအထားဖြင့်
သေချာထိန်းသိမ်းထား တော်မူကြောင်း၊ ဤနည်းလမ်းအားဖြင့်
လိုအပ်သော စုံစမ်းလေ့လာမှု လုပ်ငန်းစဉ်သည်
စတင်နိုင်မည်ဖြစ်ကာ သင့်လျော်သောအချိန်၌
မှန်ကန်သောဆုံးဖြတ်ချက်များကို ရရှိနိုင်မည်ဖြစ်သည်။
ထိုစုံစမ်းခြင်း မှ မည်ကဲ့သို့သောရလဒ်ပင် ပေါ်ထွက်စေကာမူ
ကျွန်တော်တို့သည် မိမိတို့၏ ယုံကြည်ခြင်းကို
ပြန်လည်ဆန်းသစ်စေကြရပြီး မစ္ဆားတရားတော်ကို
နာယူပူဇော်တိုင်း ယေဇူးဘုရားရှင်၏
အမှန်တကယ်တည်ရှိသော ကြီးမားသောတန်ခိုးတော်အား
သဒ္ဓါ ကြည်ညိုကြရမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးမှု ပြီးပြီးချင်း အဆုံးသတ်သတင်းထုတ်ပြန်ချက်ကို ပြုလုပ်ပေးမည်ဖြစ်သည်။ ယခုအချိန်တွင်မူ
တန်ခိုးတော်ဖြစ်ပွားသော နေရာ၊ ၄င်းတန်ခိုးတော်ကို
တွေ့ရှိသူများသည် အမျှော်အမြင်ရှိခြင်းနှင့်
လေးစားမှုပြု ခြင်း တို့ကိုပြုလုပ်ရမည်ဖြစ်ပြီး ၄င်းနေရာသည်
ဆိတ်ငြိမ်ခြင်းနှင့် တည်ကြည်စွာ
နေထိုင်ခြင်းတို့လိုအပ်သည်” ဟု ဖော်ပြထားသည်။

ကုန်ဇမှုန်း
Credit : Gloria Journal

No comments:

Post a Comment