အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Monday, August 7, 2017

တိဘက်​လူမျိုး ဘုန်းကြီး အပါး ၆၂ ပါးအပါအဝင်​ လူ ၂သိန်း ​ကျော်​ ခရစ်​​တော်​​အား ယုံကြည်​လက်​ခံကြခြင်း



ခရစ်​​တော်​ရဲ့ ကယ်​တင်​ခြင်းသတင်း​ကောင်းဟာ တကမ္ဘာလုံးကို ပျံ့ နှံ့ လာ​နေပြီး
ကမ္ဘာဆုံးတဲ့တိုင်​​အောင်​ ဆက်​ပြီးပျံ့ နှံ့ ​နေမှာဖြစ်​ပါတယ်​။
"လူမျိုးအ​ပေါင်းတို့အား သက်​​သေဖြစ်​မည့်​အ​ကြောင်း
နိုင်​ငံ​တော်​နှင့်​ယှဉ်​​သော ဧဝံ​ဂေလိတရားကို
လောကီနိုင်​ငံအရပ်​ရပ်​ရှိသမျှတို့ ၌ ​ဟောရလိမ့်​မည်​။
သို့ပြီးမှ အဆုံးသည်​ ဖြစ်​လတံ့။
(မဿဲ ၂၄:၁၄)




ယုံကြည်​ခြင်းမျိုး​စေ့က အံ့သြစရာ​ကောင်း​လောက်​​အောင်​ ပြန့်နှံ့ လာ​နေပါတယ်​။
အစ္စလမ်​နိုင်​ငံ​တွေက လူ​တွေဟာ အိမ်​မက်​​တွေ၊ ရူပါရုံ​တွေက​နေတစ်​ဆင့်​ ခရစ်​​တော်​ကို မြင်​ရပြီး
ခရစ်​​တော်​ကို ယုံကြည်​လက်​ခံတဲ့ ခရစ်​​တော်​​နောက်​လိုက်​​တွေဖြစ်​လာကြတယ်​။

အခုလည်း တိဗက်​က ဗုဒ္ဓဘာသာဝင်​​တွေနဲ့ ဘုန်းကြီး​တွေဟာ
ခရစ်​​တော်​ကို သူတို့ ရဲ့ ကယ်​တင်​ပိုင်​ရှင်​သခင်​အဖြစ်
ယုံကြည်​လိုက်​ခံပြီး ခရစ်​​တော်​​နောက်​ကိုလိုက်​သူ​တွေ ဖြစ်​လာ​နေကြပါပြီ။

Handley ​ပြောပြတာက တိဗက်​က ဗုဒ္ဓဘာသာ ဘုန်းကြီး ၆၂ ပါးဟာ အရင်​က
သူတို့​ခေါင်း​ဆောင်​ လားမားဘုန်း​တော်​ကြီး​နောက်​ကို လိုက်​ခဲ့သလိုမျိုး၊ ခု​တော့
ခရစ်​​တော်​​နောက်​ကို လိုက်​ဖို့ ဆုံးဖြတ်​ခဲ့ကြပါတယ်​တဲ့။

တိဗက်​မှာ ​ရှိတဲ့ ယုံကြည်​သူအသိုင်းအဝန်း​ကြောင့်​ ခရစ်​​တော်​ကို ယုံကြည်​လက်​ခံလာတဲ့သူ​တွေဟာ ၂သိန်း ​လောက်​ဖြစ်​လာ​နေပါပြီလို့ Hardley က ​ပြောပြပါ​သေးတယ်​။

ဘာလို့ လဲဆို​တော့ လွန်​ခဲ့တဲ့နှစ်​​တွေတုန်းက လှုပ်​ခတ်​သွားခဲ့တဲ့
တိဗက်​ငလျင်​အပြီးမှာ ကူညီကယ်​ဆယ်​​ရေးကိုလုပ်​ကြတဲ့ ယုံကြည်​သူခရစ်​ယာန်​ ​စေတနာ့ဝန်​ထမ်းအဖွဲ့ ​တွေ​ကြောင့်​ပဲ ဖြစ်​ပါတယ်​။

သူတို့ဟာ တိဗက်​ကလူ​တွေ နာလန်​ထူနိုင်​ဖို့ ကူညီခဲ့ကြသလို ​မျှော်​လင့်​ချက်​​တွေပါ ​ပေးနိုင်​ခဲ့ကြတယ်​။
အခြားဘယ်​ဘာသာဝင်​​တွေကမှ ဒီလိုမျိုးလာလုပ်​မ​ပေးကြတာကို​တွေ့ရတယ်​။
ပြီး​တော့ အခက်​အခဲ​တွေကြားထဲက တပတ်​ပြီးတပတ်​ ကူညီကယ်​ဆယ်​​ရေးကို အဆက်​မပြတ်​ လုပ်​​ပေး​နေတဲ့သူ​တွေဟာ ယုံကြည်​သူခရစ်​ယာန်​​တွေပဲ ဖြစ်​​နေကြတယ်​ဆိုတာရယ်​၊
ကိုယ့်​ဘဝကို စွန့်​လွှတ်​အနစ်​နာခံပြီး ဒီလိုလာ​ရောက်​ကူညီ​နေကြတာ​တွေက
ခရစ်​​တော်​ရဲ့ ကယ်​တင်​ခြင်းတရားနဲ့ ​မေတ္တာကို သက်​​သေပြခဲ့ကြတာကို ​တွေ့ခဲ့ကြလို့ လည်း ဖြစ်​ပါတယ်​လို့ Hardley က​ပြောပါတယ်​။

Source:Christian Today

အ​သေးစိတ်​​လေ့လာလိုပါက
Link ကို နိမ့်​ပါ

http://www.imsoblesseddaily.com/tibetans-buddhist-monks-came-jesus
( Jesus is lord online )မှ တစ်ဆင့် ပြန်လည် ဝေမျှ ပေးခြင်းဖြစ်ပါတယ်.

No comments:

Post a Comment