ရှင်မာတေဦး ၁၇း၁-၉၊
ဤသူသည်ငါနှစ်သက်မြတ်နိုးရာငွ၏ချစ်သားပေးတည်း။
လူတစ်ဦး၏အကြိုက်ကိုလိုက်ရန်မှာမလွယ်ကူလှ။ အထူးသဖြင့် အတွေ့ အကြုံရှိသူ၊ ပညာစုံသူ၊ ထောင့်စေ့သူများ၏ အကြိုက်ကိုလိုက် ရန်အလွန်ပင်ခက်ခဲလှပါသည်။ သို့ သော်ယနေ့ ဧ၀ံဂလိကျမ်းစာ ထဲ တွင်ခမည်းတော်ဘုရားကယေဇူးသခင်အားသူနှစ်သက်မြတ်နိုးသောသူ၏ချစ်သားဖြစ်သည်။ သူ့ ကို နားကြဟုမိန့် မြွတ်ပါသည်။ ခမည်းတော် သည်ဖန်ဆင်းရှင်ဖြစ်သည်။ အားလုံးစုံကိုတတ်နိုင်သူဖြစ် သည်။ အား လုံးစုံကိုသိကျွမ်းနားလည်သူဖြစ်သည်။ ပြီးပြည့်စုံသူဖြစ်သော ခမည်းေ တ်ာကိုပင်နှစ်မြတ်နိုး နိုင်စေပါလျှင်ယေဇူးသခင်သည်အဘယ်သို့ သော သူဖြစ်သနည်း။
၁။ ယေဇူးသခင်သည်အမျိုးဂုဏ်ဆောင်သူဖြစ်သည်။
၂။ ယေဇူးသခင်သည်မိဘစကားကိုမြေ၀ယ်မကျနားထောင် သူဖြစ်သည်။
၃။ ယေဇူးသခင်သည်ဘုရားတရားနှင့်ဥပဒေကျမ်းကန်များကိုလေ့ လာနားလည်သူဖြစ်သည်။
၎။ ယေဇူးသခင်သည်ကာလအဆက်ဆက်ကပရောဖက်များ တင်ကြိုဟောကိန်းထုတ်ထားသော ကယ်တင်ရှင်ဖြစ်သည်။
၅။ ယေဇူးသခင်သည်လောကရှိအနာရောဂါအမျိုးမျိုးကိုကု
သပေးနိုင်စွမ်းသူဖြစ်သည်။
၆။ ယေဇူးသခင်သည်သေပြီးသောသူတို့ အားပြန်လည်အသက် ရှင်စေနိုင်သူဖြစ်သည်။
၇။ ယေဇူးသခင်သည်အပြစ်များကိုဖြေလွှတ်ပိုင်ခွင့်ရှိသည်။
၈။ ယေဇူးသခင်သည်ဥပုသ်နေ့ ကိုအစိုးရသူဖြစ်သည်။
၉။ ယေဇူးသခင်သည်ခမည်းတော်ဘုရားနှင့်အစဉ်ပေါင်းစပ်၍အ မူတော်ကိုထမ်းဆောင်သူဖြစ်သည်။
၁၀။ ယေဇူးသခင်သည်ဘာသာရေး၊ လူမျိုးရေး၊ ဂုဏ်ငွေ၊ လူမူရေး၊ အသားအရေ၊ ကျားမ၊ ကလေး လူကြီးအားလုံးကိုတန်းတူရည်တူ ဆက်ဆံသည်။
၁၁။ မည်သို့ ပင်ဆိုငြား၊ သူသည်ရဟန်းအကြီးအကဲများ၊ သက်ကြီး ၀ါကြီးများ၊ ကျမ်းတတ်ဆရာ၊ ဖာရီ ဇေဦးတို့ ၏မတရားဖမ်းဆီးခြင်း ခံရ၍ညဉ်းပမ်းနှိမ်စက်ခြင်း၊ ကားတိုင်ပေါ်တွင်အသေသတ်ခြင်းခံရမည်။ သို့ သော် (၃) ရက်မြောက်သောနေ့ ၌ရှင်ပြန်မြောက်မည်ဖြစ်သည်။
၁၂။ သူသည်ခမည်းတော်ဘုရား၏အလိုတော်ကိုသူချိန်းချက်သောအ ချိန်တိုင်တည်ကြည်ခဲ့သည်။ ခ မည်းတော်၏အလိုကိုဆန့် ကျင်သွေဖီ ၍စိုစဉ်းမျှမပြုခဲ့။ သံလွင်ဥယျာဉ်တွင်ဆုတောင်းနေစဉ်၊ ကြုံလာ မည့်ဒုက္ခသည်ပြင်းထန်းလှသောကြောင့်၊ ဖြစ်နိုင်လျှင်သူ့ ထံမှကျော်လွှားသွားစေ ရန်ဆုတောင်းခဲ့သည်။ သို့ သော်သူ့ အလို့ မဟုတ်၊ ခမည်းတော်၏ အ လိုတော်အတိုင်းဖြစ်ပါစေဟုချက်ချင်းပြင်ဆင်ဆုတောင်း ခဲ့သည်။
၁၃။ ကားတိုင်ပေါ်တွင်ပြင်းထန်သောဝေဒနာကိုမတရားသဖြင့်ခံခဲ့ရပြီး၊ ရဟန်း၊ အကြီးအကဲများသည်မ သိ၍မဟုတ်။ သိလျှက်နှင့်သူ့ အားမတ ရားစီရင်ချက်ချရန်၊ ရောမအစိုးရ၏ဘုရင်ခံအားဖိအားပေးခဲ့ သည်ကို သိသော်လည်း၊ မသိယောင်ဆောင်ကာ၎င်းတို့ မသိဘဲကျူးသော အပြစ် ကိုခွင့်လွှတ်ရန်ဆု တောင်းခဲ့သည်။ ဤသို့ သော်သူဖြစ်၍ ခမည်းတော် ၏နှစ်သက်မြတ်နိုးခြင်းခံရသော၊ သူ၏ချစ်သားအဖြစ်ချီးမွှမ်းခံရခြင်းဖြ စ်သည်။
ကျွန်ုပ်တို့ သည်လည်းဖန်ဆင်းခြင်းအားဖြင့်ဘုရားသခင်၏သား သမီးဖြစ်လာခဲ့သည်။ ထိုထက်ပို ကာသူ၏တရားကိုလက်ခံယုံကြည်ပြီး၊ စက္ကရာမင်းတူများခံယူခြင်းဖြင့်၊ ဘုရားသခင်၏သားသမီးများ တင်းပြ ည့်ဖြစ်လာခဲ့ကြသည်မှာဆေးကြောခြင်းခံသည့်နေ့ မှအစပြုခဲ့သည်။ အမှန်တကယ်ဘုရားသခင် နှစ်သက်မြတ်နိုးသောသူ၏ချစ်သား သမီး များဖြစ်နေကြပြီလော။
Credit to Cle Pike
No comments:
Post a Comment