အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, August 8, 2017

စိန်ဒေါမိနစ်အား မယ်တော်သခင်မ ဖော်ပြခဲ့သော စိပ်ပုတီး၏ အကျိုးကျေးဇူး (၁၅)ချက်



၁။ စိပ်ပုတီးစိပ်ခြင်းဖြင့်  ငါ့ကို ဝတ်ပြုသူများအား                
    အထူးကျေးဇူးတော်များကို  ချပေးမည်။

၂။ စိပ်ပုတီးစိပ်သူများအား  ငါကာကွယ်မည်။

၃။ စိပ်ပုတီးအားဖြင့်  ငရဲမီးဒဏ်မှ  ကာကွယ်မည်ဖြစ်ပြီး အခြား
    အပြစ်ရှိသော  အခြေအနေများမှလည်း  ကင်းရှင်းစေမည်။

၎။ ကောင်းသော  အလေ့အကျင့်ကို  တိုးပွားစေပြီး
    ဝိညာည်အတွက်    ကြွယ်ဝသော  သနားဂရုဏာကို
    ရရှိစေလိမ့်မည်။




၅။ စိပ်ပုတီးစိပ်၍  ငါ့ထံ  အပ်နှံသောဝိညာည်များသည်
    ပျက်စီးခြင်းသို့  မရောက်နိုင်။

၆။ နက်နဲနေလှသော  အချက်များကို
    စိတ်ပါဝင်စားစွာဆင်ခြင်လျက်  စိပ်ပုတီးစိပ်သူများသည်
    သေခြင်းဆိုးနှင့်သေရမည်မဟုတ်။

၇။ စိတ်ပါဝင်စားစွာ  စိပ်ပုတီးစိပ်သူများသည်
    အသက်ရှင်နေစဉ်ဖြစ်စေ ၊ သေဆုံးပြီးနောက်ဖြစ်စေ
    ဘုရားသခင်၏  အလင်းတော်အောက်မှာ  ကြွယ်ဝသော
    ကျေးဇူးတော်များကို  ခံစားရပါလိမ့်မည်။

၈။ ယုံကြည်စွာ  စိပ်ပုတီးစိပ်သူများသည်  စက္ကရမင်းတူးကို
    မခံယူရဘဲ  သေရမည်မဟုတ်ပါ။

၉။ စိပ်ပုတီးစိပ်သူများကို  ငရဲငယ်မှ  ကယ်ချွတ်ပေးမည်။

၁၀။ စိပ်ပုတီးစိပ်သူများသည်  ကောင်းကင်နုင်ငံ၌
      မြင့်သောဂုဏ်ကို
      ရရှိကြမည်။

၁၁။ စိပ်ပုတီးစိပ်၍  တောင်းလျှောက်သော
      ဆုကျေးဇူးတော်များကို  ချပေးမည်။

၁၂။ စိပ်ပုတီးကိုဖြန့်ဝေသူများအား  လိုအပ်သော
      ဆုကျေးဇူးတော်ကို  ချပေးမည်။

၁၃။ စိပ်ပုတီးစိပ်သူများအတွက်  အသက်ရှင်နေစဉ်ဖြစ်စေ ၊ သေ
      ဆုံးပြီးနောက်ဖြစ်စေ  ကောင်းကင်နိုင်ငံရှိ  သိကြား ၊
      သူတော်မြတ်တို့၏ထောက်ခံချက်ရှိစေဖို့
      ငါ၏သားတော်ထံမှ  ခွင့်ပြုချက်  ရယူထားပေးမည်။



၁၄။ စိပ်ပုတီးစိပ်သူများအားလုံးသည်
      ငါ၏ချစ်သားသမီးများဖြစ်ကြပြီး  ယေဇူးခရစ္စတူး၏
      ညီအစ်ကို  မောင်နှမများ ဖြစ်ကြသည်။

၁၅။ စိပ်ပုတီးစိပ်သည့်  အကျိုးအမြတ်များသည်  နောင်ဘဝ၌
      ဆုကျေးဇူးတော်များကို  ရရှိစေဖို့  နမိတ်လက္ခဏာ
      ဖြစ်သည်။။
            စာအုပ်ထဲကဟာ ပြန်ကူးရေးခြင်းဖြစ်ပါသည်
                 ဘာသာသူ  ညီအစ်ကို
                          မောင်နှမများအားလုံး
                                ဘုရားသခင်ကောင်းချီးပေးပါစေ။

No comments:

Post a Comment