အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 4, 2017

ချစ်ခြင်းမေတ္တာသာရှိခဲ့ပါလျှင်

            တိမ်ပြာတွေညို့မှိုင်းလာပြီး အေးမြတဲ့မိုးစက်တွေ တစ်ဖွဲဖွဲကျတတ်တဲ့ မိုးရာသီကိုရောက်တဲ့အခါမှာ မိုးကို မျှော်နေသူတွေက မိုးရွာလို့ဝမ်းသာနေကြပေမယ့် အမိုးမလုံ မခြုံသူတွေကတော့ မိုးကိုကြောက်ရွံ့နေကြမှာပါ။ ဒါကြောင့် အဖြစ်အပျက်တစ်ခုထဲမှာပဲ မတူညီတဲ့ အကျိုးဆက်နှစ်ခုရှိ တယ်ဆိုတာ ကျွန်တော်တို့တွေ့ရမှာပါ။ အိမ်ထဲမှာ ကော်ဖီ သောက်ပြီး နွေးနွေးထွေးထွေး ဇိမ်နဲ့နေနိုင်သူတွေက မိုး ရာသီကို ကြိုက်နှစ်သက်ကြပါလိမ့်မယ်။ ဒါပေမယ့် နေပူမ  ရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်မှ ထမင်းစားရမယ့်သူတွေ ကတော့ မိုးသဲကြီးမဲကြီးရွာမှာကို စိုးရွံ့တာဟာ သဘာဝပါပဲ။ ဘဝမှာ ဘယ်လိုအခြေအနေနဲ့ပဲတွေ့တွေ့၊ ဘယ်လိုအခက် အခဲနဲ့ပဲတွေ့တွေ့ ရင်ဆိုင်ကျော်လွှားရဲတဲ့ သတ္တိရှိဖို့တော့လို ပါတယ်။



            ဒီနေ့ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာလောကကြီး ထဲမှာ စစ်မက်ရေးရာတွေ၊ အကြမ်းဖက်မှုတွေ၊ ငတ်မွတ် ခေါင်းပါးခြင်းတွေ၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး အစ ရှိတဲ့ ပြဿနာတွေ ထောင်သောင်းမက ဖြစ်ပေါ်နေတယ်။ ဒီပြဿနာတွေကို ပြေလည်ဖို့အတွက် အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေက အမျိုမျိုးကြိုးစားဖြေရှင်းကြပါတယ်။ အောင်မြင်မှုတွေ ရှိသ လို၊ မပြေလည်မဖြေရှင်းနိုင်သေးတဲ့ပြဿနာတွေလည်း အ များကြီးရှိပါတယ်။ ကိုယ့်ရဲ့လက်ဖဝါးကို ကိုယ့်ဘက်ကနေ ကြည့်ရင်ဖြူနေပမယ့်၊ သူတစ်ပါးဘက်ကနေကြည့်ရင်တော့ မည်းနေတတ်ပါတယ်။
            ကွယ်လွန်သွားပြီဖြစ်တှဲု့မသညူေိပ လို့ နာမည် ကျော်ကြားတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ က အခုလိုပြောဖူးပါတယ်။ ''ပြဿနာတစ်ခုကို ရှု့ထောင့် ပေါင်းစုံက လေ့လာချဉ်းကပ်ဖို့ လိုလာပါပြီ။ နောက်ပြီးတော့ ရိုးသားမှု (ံသညနျအပ)၊ နားလည်မှု (့ညိနမျအညေိငညါ)၊ စာနာမှု (ှပာစအေ့ပ)၊နဲ့ ဂရုဏာ (နာစအေ့ပ) တရား တွေကို လက်ကိုင်ပြုကြဖို့ လိုနေပါပြီ။ ဒါတွေဟာ ကျွန်ုပ်တို့ လူသားတစ်ဦးတစ်ယောက်စီတိုင်းမှာ ရှိရမယ့်၊ ရှိသင့်တဲ့ စိတ်နေသဘောထားတွေပဲဖြစ်တယ်။ သူ့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ တရားဥပဒေတွေ မတူညီလို့၊ သူ့အဖွဲ့အစည်းနဲ့ ကိုယ့်အဖွဲ့ အစည်း သဘောထားတွေကွဲပြားကြလို့၊ သူနဲ့ကိုယ်နဲ့ လူမျိုး မတူ၊ ဘာသာခြားလို့၊ အယူအဆမတူညီလို့ဆိုပြီး ခွဲခြားမဆက် ဆံသင့်ပါဘူး။
            မာသာထရေးဇာရဲ့ချစ်ခြင်းမေတ္တာကြောင့် အိန္ဒိယ နိုင်ငံက ဆင်းရဲသား၊ အစွန့်ပစ်ခံတွေရဲ့နောက်ဆုံး အချိန်ဟာ သက်သောင့်သက်သာ ဖြစ်ခဲ့ရပါတယ်။ အိန်ဂျလီနာဂျိုလီရဲ့ ချစ်ခြင်းမေတ္တာကြောင့် မိဘမဲ့ကလေး တွေကို ပြုစုစောင့်ရှောက်သူတွေ၊ မိဘမဲ့ဂေဟာတွေ ပေါ် ပေါက်လာခဲ့တယ်။ နယ်လ်ဆင်မင်ဒဲလားရဲ့ ချစ်ခြင်းမေတ္တာ ကြောင့် တောင်အာဖရိကနိုင်ငံက အသားအရောင် ခွဲခြားမှု တွေကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ ဘာကြောင့် ဒီလိုကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေကို လုပ်ဆောင်နိုင်ခဲ့ရ တာလဲဆိုရင် အဖြေကရှင်းရှင်းလေးပါ။ သူတို့တွေဟာ ချစ် ခြင်းမေတ္တာကို အရင်းခံပြီး ပြုမှုဆောင်ရွက်ခဲ့တဲ့အတွက် ကြောင့်ပဲဖြစ်တယ်။ သူတို့တွေဟာ သခင်ခရစ်တော်မိန့်မှာ ခဲ့တဲ့ ''သင်၏ညီအစ်ကိုတို့ကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်ပါ'' (ရှင်မာကု ၁၂း၃ဝ) ဆိုတဲ့ တရားအတိုင်း သူတစ်ပါး ကို ချစ်ခြင်းမေတ္တာထားနိုင်ခဲ့ကြတယ်။ သူတို့ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ ခွဲခြားဆက်ဆံမှု၊ မျက်နှာလိုက်မှု လုံးဝ မရှိခဲ့ပါဘူး။
            ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး တမန်တော်ကြီး သံပေါလုပြောထားတာကတော့ ''ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်း မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝြါ<ွကားခြင်းလည်းမရှိ။ ၄င်း၌ မာန်မာနမရှိသကဲ့သို့ ရိုင်းပြမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာ သည် ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသ မထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်။ ချစ်ခြင်းမေတ္တာသည် မကောင်းမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌မူ ဝမ်း မြောက်တတ်၏။ ချစ်ခြင်းမေတ္တာသည် အရာရာကို ခံထမ်း နိုင်၏၊ အရာအားလုံးကို ယုံကြည်၏။ အရာအားလုံးကို မျှော် လင့်၏၊ အရာအားလုံးကိုလည်း ကြံ့ကြံ့ခံနိုင်၏။'' (ပကော ၁၃း၎-၇) ဟုဆိုထားပါတယ်။
            လူ့အဖွဲ့အစည်းအတွင်းမှာ ချစ်ခြင်းမေတ္တာဟာ အလွန်အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာ ခေါင်းပါးလာရင် တစ်ယောက်နဲ့တစ်ယောက် ကရုဏာတရားတွေ ထားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် ချစ်ခြင်းမေတ္တာဟာ လူ့အဖွဲ့ အစည်းမှာ နေရာမရခဲ့ရင် အမုန်းတရားတွေ အားကောင်း လာမှာပါ။ အမုန်းတရားကြောင့် နိုင်ငံအချင်းချင်း၊ ပြည်နယ် အချင်းချင်း၊ လူမျိုးအချင်းချင်း စစ်ပွဲတွေဖြစ်ကြရတယ်။ အမုန်းတရားကြောင့် တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှု တွေပျောက်ပြီး လိမ်ညာကောက်ကျစ်လာကြတယ်။ နား လည်မှုတွေလွဲပြီး မချစ်ခင်ပဲ အပြစ်မြင်ဝေဖန်လာကြတယ်။ စာနာမှုကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်လာကြတယ်။ ဂရုဏာတရားတွေခေါင်းပါးပြီး လစ်လျူရှုမှုတွေ၊ ရက်စက်မှု တွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာကြတယ်။ အမုန်းတရား ကြောင့် ကလဲ့စားချေခြင်းတွေဖြစ်လာရတယ်။ သူတစ်ပါးက ကိုယ့်ရဲ့ပါးကိုရိုက်ရင် ကိုယ်ကသူ့နားကို ပြန်ကိုက်ချင်တယ်၊ သူတစ်ပါးက ကိုယ့်ကိုဝေဖန်ပြစ်တင်ရင် သူ့ကိုအချွေအရံ တွေနဲ့ တုန့်ပြန်ထိုးနှက်ချင်တယ်။ သူတစ်ပါးက ကိုယ့်ကို တစ် ချက်ရိုက်ရင် ကိုယ်ကသူ့ကို တစ်သက်စာလောက်ခံရအောင် ပြန်ချချင်တယ်။ ဒီလိုအခါမျိုးမှာ နှစ်ဦးနှစ်ဘက်စလုံး ထိခိုက် မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာပါတယ်။ အမုန်းတရားနဲ့ ကလဲ့စားချေခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖျက်ဆီးပစ်ပါ တယ်။ အကျိုးဆက်အနေနဲ့ကတော့ ဒီအမုန်းတရားနဲ့ ကလဲ့ စားချေပမှုတွေရှိနေသမျှ ငြိမ်းချမ်းရေးဘယ်တော့မှ ရလာ မှာ မဟုတ်ပါဘူး။
            ဒါကြောင့် စိန်ပေါလ်က ကျွန်တော်တို့ကို အခုလို  ဆုံးမထားပါတယ်။ ''မကောင်းမှုသည် သင်တို့ကို အနိုင်မယူ စေနှင့်။ ကောင်းကျိုးကိုပြုခြင်းအားဖြင့် မကောင်းမှုကို အနိုင် ယူကြလော့။'' (ရောမ ၁၂း၂၁) အဆိုးအမုန်းတွေကို အဆိုး အမုန်းတွေနဲ့သာ တုန့်ပြန်ရင်၊ နောက်ထပ်အဆိုးတွေပဲဖြစ် လာမှာပါ။ ကျွန်တော်တို့ဘဝမှာ ကြုံလာသမျှကို ချစ်ခြင်း မေတ္တာအားဖြင့် ပြန်လည်တုန့်ပြန်ဖို့လိုပါတယ်။ ချစ်ခြင်း မေတ္တာသာရှိခဲ့လျှင် တစ်ဦးနဲ့တစ်ဦးသည်းခံ၊ ခွင့်လွှတ်၊ နား လည်ပြီး ကိုယ်ချင်းစာတရား၊ ဂရုဏာတရားတွေထားကာ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ လှပလာမှာဖြစ်ပါ တယ်။

ကိုကိုထက် (ချောင်းရိုး)

ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့  ။
မှတိုက်ရိုက်ကူးယူပါသည် ။ 

No comments:

Post a Comment