အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, August 6, 2017

သခင်ဘုရား၏မယ်တော်



    ကက်သလစ်ဘာသာက ဘုရားမယ်တော် မာရီယားအား မကိုးကွယ်ပါ။ ကက်သလစ် ဘာသာတွင် တစ်ဆူတည်းသော ဘုရားအားသာလျှင် ကိုးကွယ်ပါသည်။ ကက်သလစ် ခရစ်ယာန်များက မယ်တော်အား ယေရှု (ယေဇူး) ခရစ်တော်ဘုရား၏ မယ်တော်အဖြစ် ရိုသေကြသည်။ ကြည်ညို လေးစားကြသည်။ သို့သော် ဘုရားအမှတ်ဖြင့် မကိုးကွယ်ကြပါ။

    မယ်တော်မာရီယားသည် သူသူငါငါကဲ့သို့ လူသားတစ်ဦး ဖြစ်ပေသော်လည်း ယေဇူးဘုရား၏ မိခင် ဖြစ်ခွင့် ရခဲ့ပါလျှင်၊ သူမသည် ပညာ၊ သီလ၊ သမာဓိနှင့် ပြည့်စုံသော မိန်းမမြတ်တစ်ဦးဖြစ်မှာ မလွဲပါပေ။ ဘုရား၊ တရားနှင့် ပညာ၊ သီလ၊ သမာဓိရှိသူ မာရီယားသည် လူသား အပေါင်းတို့က စံပြု အတုယူထိုက်သူ မိခင်တစ်ဦးလည်း ဖြစ်ပါသည်။




    ကက်သလစ်ဘာသာ သမိုင်းတစ်လျှောက်တွင် မယ်တော်မာရီယားအား ယေဇူးဘုရား၏ မယ်တော်၊ ဘုရား မယ်တော်၊ ဧ၀ အသစ်၊ ကညာစင်မယ်တော်၊ ကောင်းကင်ဘုံဘုရင်မ၊ သာသနာတော်၏ မိခင်၊ လူအပေါင်းအား မှိုင်းမတော်မူသော အရှင်မ စသည့် ဘွဲ့နာမတော်များ ဆက်ကပ်၍ ကြည်ညို လေးစားကြ၏။ ပွဲတော်များ သတ်မှတ်၍ နှစ်စဉ် ကျင်းပကြ၏။ သို့သော် မယ်တော်အား  ဘုရားအဖြစ် မည်သည့် အခါကမှ မချီးမြှောက်ခဲ့ပါ။

    ကက်သလစ် ခရစ်ယာန်ဘာသာက ယေဇူး ခရစ်တော်၊ သိကြား၊ ရဟန္တာများနှင့် မယ်တော် မာရိယားတို့သည် လူသားများအား ရံဖန်ရံခါ ရူပါရုံ အထင်အရှား ပြလေ့ရှိကြောင်း ယုံကြည် လက်ခံ၏။ ထို့ကြောင့် ကက်သလစ် ခရစ်ယာန်အမြောက်အများ သွားရောက်လေ့ ရှိသည့် မယ်တော် ရူပါရုံပြခဲ့သော နေရာများအနက် တူရကီနိုင်ငံ အေဖက်ဆုမြို့၊ ပေါ်တူဂီနိုင်ငံ ဖာတီမာမြို့၊ ပြင်သစ်နိုင်ငံ လူဒယ်မြို့များမှာ အထူး ထင်ရှားပါသည်။


Credit to Hkun Zau Ding

No comments:

Post a Comment