ဆုတောင်းသည့်အခါ သင်၏ခေါင်း
*ဆုတောင်ခြင်းဟူသည်ကား ထာဝရ ဘုရားရှင်နှင့် စကားပြောခြင်းဖြစ်ပါသည်။ စကားပြောသည့်အခါ အပြန်အလှန် နားထောင်ရပါသည်။ ဘုရားရှင်က ကျွန်ုပ်တို့ကို ပြောဆိုသည့်အချိန်ရှိရသလို ကျွန်ုပ်တို့က ပြောဆိုရသည့်အချိန်လည်း ရှိရမည် ဖြစ်ပါသည်။ အပြန်အလှန် ပြောဆိုရလို အပြန်အလှန် နားထောင်ရပါသည်။ ရံဖန်ရံခါ၌ ကျွန်ုပ်တို့က စကားပြောခြင်း များလွန်သော်လည်း ဘုရားရှင်ကိုတော့ စကားပြောခွင့်ပင် မပေးကြပေ။
*ဆုတောင်းသည့်အခါ ဘုရားရှင်က ကျွန်ုပ်တို့၏ နှလုးံသားကို အဓိက ရှုတော်မူပါသည်။ သို့သော်လည်း အဝတ်အစား အနေအထိုင်ကိုလည်း ကျွန်ုပ်တို့က ဆင်ခြင်ရပါမည်။ လူကြီးလူကောင်းတို့နှင့် ကျွန်ုပ်တို့ စကားပြောသည့်အခါ အနေအထိုင် အဝတ်အစား အပြောအဆိုများကို သတိထားရပါသည်။ မိုးမြေအရှင်သခင် ထာဝရဘုရှင်အား ကျွန်ုပ်တို့ ဆုတောင်းခြင်းဖြင့် စကားပြော အဆက်အသွယ် ပြုကြသည့်အခါ ပိုမို၍ပင် သတိထား ပြောဆိုရပါမည်။
*ရှင်ပေါလုက ဆုတောင်းသည့်အခါ အမျိုးသားများ၏ ခေါင်းအနေအထားနှင့် အမျိုသမီးများ၏ ခေါင်းအနေအထားကို ''ယောက်ျားမည်သည်ကား ဆုတောင်းသည့် အခါ၌ဖြစ်စေ ပရောဖက်ပြုသည့်အခါ၌ဖြစ်စေ မိမိခေါင်းကို ဖုံးလျှင် မိမိခေါင်းကို အသရေ ရှုတ်ချ၏။ မိန်းမသည်ကား မိမိခေါင်းကို မဖုးံပဲ ဆုတောင်းသော်လည်းကောင်း ပရောဖက်ပြုသော်လည်းကောင်း မိမိခေါင်းကို အသရေရှုတ်ချ၏။ ထိုသို့ပြုလျှင် ဆံပင်ရိတ်ထားသည့် ကတုးံနှင့် တူ၏။ မိန်းမသည် မိမိခေါင်းကို မဖုးံလျှင် ဆံပင်ကို ဖြတ်စေ။ ဆံပင်ဖြတ်ခြင်း ဆံပင်ရိတ်ခြင်း အရာသည် ရှက်စရာဖြစ်လျှင် ခေါင်းကို ဖုးံစေ။ ယောက်ျားသည် ဘုရားရှင်၏ ပုံသဏ္ဌန် ဘုန်းကျက်သရေဖြစ်သောကြောင့် မိမိခေါင်းကို မဖုးံရ'' ဟူ၍ ၁ကောရင်း ၁၁:၄-၈ မှာ ဖေါ်ပြ သွန်သင်ထားပါသည်။
*အချို့က ''ဒါဟာ သူတို့ရဲ့ ယဉ်ကျေးမှုအရ ပြောဒါ ငါတို့နဲ့ မဆိုင်ဘူး။ ခေတ်နောက်ပြန်ဆွဲ ဒါ'' အစရှိသဖြင့် ကန့်ကွက်ကြပါသည်။ အချို့ကမူ မသိကြပါ။ အချို့ကမူ သိလျက်နှင့် ဆံပင်အလှ မပျက်စေချင်သဖြင့် ခေါင်းဖုးံ/ ခေါင်းဆောင်း veil ကို မသုးံကြပါ။
*သမ္မာကျမ်းစာဟူသည်ကား အသက်ရှင်၍ အသွားနှစ်ဖက်ရှိသော ဓါးနှင့်တူ၏(ဟေဗြူး ၄:၁၂) မှာ ဖေါ်ပြသွန်သင်ထားပါသည်။ အသက်ရှင်သည် ဟူသည်ကား ပကတိအနေအထားအတိုင်းရှိခြင်းကို ပြသပါသည်။ ရှေးကာလက ဘုရားရှင်၏ နှုတ်ကပါတ်တော် ခရစ်တော်ယေဇူး၏ သွန်သင်ချက်များ တမန်တော်ကြီးများ၏ သွန်သင်ချက်များ အာလုးံသည် အသက်ရှင် လျက်ရှိပါသည်။ ဘုရားရှင်က ဆုးံမသွန်သင်သည့်အတိုင်း ခရစ်တော်ဘုရား သွန်သင်သည့်အတိုင်း ယနေ့တိုင် ကျမ်းစာတော်မြတ်က ဆက်လက် သွန်သင်လျက်ရှိပါသည်။
*ထို့ကြောင့် ''ဘုရားကျောင်းတက်၍ ဆုတောင်းသည့်အခါ အမျိုးသမီးများ ခေါင်းဆောင်းရမည် အမျိုးသားများ ဦးထုတ်မဆောင်းရ'' ဟု သမ္မာ ကျမ်းစာ၌ ပါရှိသည့်အတိုင်း ကျွန်ုပ်လည်း ပြောပြ အားပေးလိုပါသည်။ သူအများ လုပ်တိုင်း မလုပ်ရန် သတိထားစေချင်ပါသည်။
*အကောင်းသိရုံနှင့် မပြီးပါ။ သိသည့်အတိုင်း မလုပ်ဆောင်ပါက အပြစ်ရှိကြောင်း တမန်တော်ကြီး ယာကုတ်က သင်ကြားခဲ့ပါသည်။
*လူတိုင်း အကောင်းကို ဆောင်ကျဉ်းနိုင်ပါစေ။
Credit : Joseph Roneithang

No comments:
Post a Comment