အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, August 13, 2017

မယ်တော်သခင်မအား ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းပွဲတော်


----------------------------------------------------------------------
 (သို့မဟုတ်) မယ်တော်သခင်မ၏အိပ်စက်ခြင်းပွဲတော်။

ယေဇူးခရစ်တော်၏မယ်တော်မာရိယာအား သူမရဲ့လူ့သက်တမ်းကုန်ဆုံးချိန်အပြီး ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသည်ဟူသော ပွဲနေ့ကို ရှေးဦးခရစ်ယာန်တို့ကာလမှ စတင်ကျင်းပလာခဲ့ကြတာပါ။ ပြောရမယ်ဆိုရင်တော့ မယ်တော်သခင်မအတွက် အောက်မေ့ဖွယ်ကျင်းပပြုလုပ်တဲ့ ပွဲတွေထဲမှာ ဒီပွဲတော်ဟာ အစောဆုံးနဲ့ ကနဦးဆုံးပွဲတော်လို့ ပြောရပါလိမ့်မယ်။ ဒီပွဲတော်ကို ဘယ်လိုအကြောင်းတရားနဲ့ စတင်ကျင်းပလာခဲ့သလဲဆိုတောကိုတော့ မသိရှိရပါဘူး။ အေဒီ ၃၃၆မှ ဂျေရုဇလင်မြို့တော်ကို သန့်ရှင်းသောအရပ်ဟု ပြန်လည်တည်ထောင်တော့မှ ဇီအုန်တောင်အနီး ရှေးဦးခရစ်ယာန်တွေနေထိုင်ခဲ့တဲ့နေရာမှာ ခရစ်တော်၏မယ်တော် မာရိယာ၏အုပ်ဂူဆိုတာကို သတိထားမိလာခဲ့ကြတာပါ။ အဲဒီတောင်ဆွယ်ရပ်မှာပဲ မယ်တော်သခင်မ အိပ်စက်သွားခဲ့တဲ့နေရာ၊ မယ်တော်သခင်မ အသက်ဝိညာဉ်ချုပ်ငြိမ်းခဲ့သည့်နေရာ၊ မယ်တော်သခင်မအား မြုပ်နှံခဲ့သည့်နေရာ စသဖြင့် တွေ့ရှိကြရပါတယ်။ အဲဒါတွေရှာတွေချိန်မတိုင်ခင်ကတည်းက မယ်တော်သခင်အား ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်း၊ သို့မဟုတ် အိပ်စက်ခြင်းဆိုတဲ့ အောက်မေ့ဖွယ်ရာပွဲတော်မှာကျင်းပနေခဲ့ကြပြီး ဖြစ်ပါတယ်။



ပထမပိုင်းတော့ ပါလက်စတိုင်းမှာပဲ ကျင်းပခဲ့ကြတာပါ။ နောက် အရှေ့တိုင်းရှိအသင်းတော်အားလုံးထဲမှာ ကျင်းပလာခဲ့ကြပါတယ်။ ၇ ရာစုထဲမှာမှ ရောမအသင်းတော်မှာ မယ်တော်သခင်မ၏အိပ်စက်ခြင်းဆိုပြီး စတင်ကျင်းပလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီပွဲတော်ဟာ မယ်တော်သခင်မရဲ့အိပ်စက်ခြင်းသက်သက်သာမဟုတ်ဘဲ အကျွန်ုပ်တို့ခရစ်ယာန်များရဲ့ ယုံကြည်ခြင်းဖြစ်တဲ့ ခန္တာနဲ့ဝိညာဉ်ရဲ့ရှင်ပြန်ထမြောက်ခြင်းကို မီးမောင်းထိုးပြနေတာမို့ သူမဟာလည်း ခန္တာနဲ့ဝိညာဉ်တွဲလျက် ကောင်းကင်သို့ ပင့်ဆောင်ခံရကြောင်း အောက်မေ့သတိရ ကျင်းပလာတာကြောင့် ပွဲတော်အမည်ကို ပြောင်းလဲခဲ့တာပါ။

တမန်တော်ကြီးများအချိန်ကတည်းကပင် ဒီယုံကြည်ခြင်းဟာစတင်ခဲ့တာပါ။ ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကို ယုံမှားသံသယ၀င်ခဲ့သူ သောမတ်စ်ပါပဲ။ အလားတူအဖြစ်ဟာ မယ်တော်သခင်မရဲ့ လူ့လောကကုန်ဆုံးချိန်၊ အသက်ဝိညာဉ်ချုပ်ငြိမ်းချိန်မှာ သောမတ်စ်ဟာ မယ်တော်သခင်မဘေးမှာ ရှိမနေခဲ့ပါဘူး။ အခြားတမန်တော်ကြီးတွေနဲ့ တပည့်တွေသာ ရှိနေခဲ့ပါတယ်။ မယ်တော်သခင်မ အသက်ဝိညာဉ်ချုပ်ငြိမ်းလို့ ဂူသွင်းပြီးမှ သောမတ်စ်ရောက်ရှိလာပြီး သူမအသက်ဝိညာဉ်ချုပ်ငြိမ်းတာကို မယုံကြည်ဘဲ သူကိုယ်တိုင် သူမရဲ့ရုပ်ကလာပ်ကိုမြင်မှ ယုံမယ်လို့ ဆိုခဲ့ပါတယ်။ ဒါနဲ့ သူမအားဂူသွင်ထားရာ နေရာသို့သွားပြီး သူမရဲ့ဂူပေါက်ကို ဖယ်ရှားပေးခဲ့ကြပါတယ်။ အဲဒီမှာပဲ သူမရဲ့ရုပ်ကလာပ်ဟာ အဲဒီဂူထဲမှာမရှိတော့ဘဲ ခရစ်တော်ဂူလိုပဲ ဗလာကြီးဖြစ်နေခဲ့ပါတော့တယ်။

ကက်သလစ်အသင်းတော်ရဲ့ယုံကြည်ချက်အရ၊ မယ်တော်သခင်မဟာ သူမအား ကောင်းကင်ဘုံသို့ ပင့်ဆောင်မခံရမှီ တဒင်္ဂလေး အိပ်စက်သွားသကဲ့သိုပ လူ့လောကအသက်ချုပ်ငြိမ်းခြင်းကို ကြုံခဲ့ရပါတယ်။ ပြီးမှ သူမရဲ့ခန္တာနဲ့ဝိညာဉ်ကို ကောင်းကင်တမန်များက ပင့်ဆောင်ခေါ်ယူသွားကြပါတယ်။

ခန္တာနဲ့ဝိညာဉ်ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်စောင့်မျှော်နေကြတဲ့ အကျွန်ုပ်တို့ တစ်ဦးချင်းစီလည်း မယ်တော်သခင်မရဲ့ ကြားဝင်ဆုတောင်းပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းများ အစဉ်ခံစားရရှိကြပြီး သက်သေခံနေထိုင်ကျင့်ကြံနိုင်ကြပါစေ။

ဒိုမီနီကန်ကိုရင်

No comments:

Post a Comment