အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, February 13, 2016

‪ဆင်းရဲသောသူများအတွက် ဆုတောင်းမေတ္တာ

ဆင်းရဲသောသူများအတွက် ဆုတောင်းမေတ

            အိုယေဇူးဘုရားသခင် ကိုယ်တော်သည် အရာခပ်သိမ်းပြည့်စုံကြွယ်တော်မူသော်လည်း တပည့်တော်တို့အား ပြည့်စုံကြွယ်ဝစေရန် ဆင်းရဲသားတစ်ဦးအဖြစ် ကမ္ဘာလောကသို့ ဆင်းကြွလာတော်မူပေသည်။ တပည့်တော်တို့သည် အတွင်းစိတ်ဖြင့် ဆင်းရဲခြင်းကို မြတ်နိုးတတ်စေရန်နှင့် ဤကမ္ဘာပေါ်ရှိ ဆင်းရဲသောသူအပေါင်းတို့အား သနားကြင်နာတတ်ရန် ဥာဏ်အလင်းနှင့် ခွန်အားကို ပေးသနားတော်မူပါ။

‪အချစ်စစ်

ရဟနာ သံဗင်လင်တိုင်းရဲ့ ပွဲနေ့မြတ် (ချစ်သူများနေ့)မှာ ကဗျာတစ်ပုဒ်နှင့် ဂုဏ်ပြုပါရစေ။
အချစ်စစ်
သီကုံးရေးစပ်သူ - ကေတုရွက်သစ်
သစ်ပင်မှန်လျှင် အမြစ်
လူသားမှန်လျှင် အပြစ်ရှိ၏။
လှေခါးမှန်လျှင် အထစ်
ဝက်အူမှန်လျှင် အရစ်ရှိ၏။
သူခိုးမှန်လျှင် အလစ်
ပစည်းမှန်လျှင် အသစ်ကို လိုချင်ကြ၏။
ရတနာသုံးပါး ဦးထိပ်ထားလျက်
အချစ်မှန်လျှင် အစစ်ဖြစ်ပါစေသား။           ။

ထုတ်နှုတ်ချက်။            ။ မျိုးကြဲသူ ကက်သလစ်စာစောင် အတွဲ (၉)၊ အမှတ်(၁)၊ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ။

Sunday, January 24, 2016

‪မှတ်သားလောက်တဲ့ သူ့စကား


နာခံခြင်း မရှိတဲ့နေရာမှာ ပါရမီဆိုတာမရှိနိုင်သလို ချစ်ခင်ခြင်း မြတ်နိုးခြင်း မရှိတဲ့နေရာမှာလည်း ဘုရားဆိုတာမရှိဘူး နိုင်ဘူး....နောက်ဆုးံ ဘုရားမရှိတဲ့နေရာမှာ ကောင်းကင်သုခဘုံ ဆိုတာလည်း မရှိတော့ဘူးပေါ့။

Padre Pio

‪ဘာကြောင့် Gladiator Fights ကို ရပ်သန့်ခဲ့ရသနည်း။


Gladiator Fights ဟူသည် ရှေးခေတ် ရောမလူမျိုးတို့၏ ကစားခြင်းတစ်မျိုးဖြစ်သည်။ ကစားခြင်းဟု ဆိုသော်လည်း၊ ပွဲကြည့်သူသာပျော်ရသောပွဲမျိုးဟုဆိုရပေမည်။ Gladiator Fights သည် ကြမ်းတမ်းလှ၏။ ကြောက်လန့်စရာလည်းဖြစ်၏။ လူလူချင်းသတ်ပုတ်ခြင်းသက်သက် မဟုတ်ချေ။ လူကိုပင် ကျားနှင့် လည်း ကောင်း၊ ခြသေ့င်္ နှင့် သော်လည်းကောင်း ယှဉ်ကာ သတ်ပုတ်ရသော ပွဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆို သော်၊ လူအား ကျားစာ၊ ခြသေ့င်္စာ အဖြစ် ကြွေးခြင်းပင်ဖြစ်သည်။ ရှေးကနဦးခရစ်ယာန်များသည် ၄င်းရက် စက်လွန်းလှသော ဘ၀ကို ဖြတ်သန်းကာ၊ မိမိ၏ ယုံကြည်ခြင်းကို အသက်နှင့်ရင်းကာ သက်သေထူခဲ့ကြ ရပေသည်။

‪သူတော်စင် အာဂ္ဂနက်(စ်) (St. Agnes)

(၂၉၂-၃ဝ၄) ဇန်န၀ါရီလ ၂၁
အာဂ္ဂနက်(စ်)အား ဘာသာတရားမရှိသူများက သူတို့၏နတ်ဘုရား မီနဲဗာ (ငြညနမလနမ)ကို အမွှေးနံ့သာများပူဇော်ပေးရန်ခိုင်းစဉ်က၊ သူမ၏အသက်မှာ (၁၂)နှစ်သာရှိသေး၏။ ယင်းသို့အခိုင်းခံခဲ့ရာတွင် သူမကမိမိ၏ လက်နှစ်ဘက်ကိုမြောက်လျက် သ္ခင်ခရစ်တော်အား ရည်စူး၍ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ဟူ၍ကရူးစူးအမှတ်သားပြုခဲ့သည်။ စစ်သားများသည် သူမ၏လက်နှင့် ခြေများကိုသံကြိုးများနှင့်ချည်နှောင်ကြသည်။ သူမ၏လက်များသည် အလွန်သေးသွယ်သည်ဖြစ်၍ ချည်နှောင်ထားသောသံကြိုးများမှာ လက်ကောက်ဝတ်မှပြုတ်ထွက်ခဲ့သည်။ သူမအား စစ်ဆေးသော တရားသူကြီးက သူမ၌ကြောက်ရွံ့စိတ်မတွေ့ရသဖြင့် အဝတ်အချည်းစည်းဖြင့်ထားရန်အမိန့်ပေးလေသည်။