(၂၉၂-၃ဝ၄) ဇန်န၀ါရီလ ၂၁
အာဂ္ဂနက်(စ်)အား ဘာသာတရားမရှိသူများက သူတို့၏နတ်ဘုရား မီနဲဗာ
(ငြညနမလနမ)ကို အမွှေးနံ့သာများပူဇော်ပေးရန်ခိုင်းစဉ်က၊ သူမ၏အသက်မှာ (၁၂)နှစ်သာရှိသေး၏။
ယင်းသို့အခိုင်းခံခဲ့ရာတွင် သူမကမိမိ၏ လက်နှစ်ဘက်ကိုမြောက်လျက် သ္ခင်ခရစ်တော်အား ရည်စူး၍
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ဟူ၍ကရူးစူးအမှတ်သားပြုခဲ့သည်။ စစ်သားများသည်
သူမ၏လက်နှင့် ခြေများကိုသံကြိုးများနှင့်ချည်နှောင်ကြသည်။ သူမ၏လက်များသည် အလွန်သေးသွယ်သည်ဖြစ်၍
ချည်နှောင်ထားသောသံကြိုးများမှာ လက်ကောက်ဝတ်မှပြုတ်ထွက်ခဲ့သည်။ သူမအား စစ်ဆေးသော တရားသူကြီးက
သူမ၌ကြောက်ရွံ့စိတ်မတွေ့ရသဖြင့် အဝတ်အချည်းစည်းဖြင့်ထားရန်အမိန့်ပေးလေသည်။
သူမသည် ဘာသာတရားမရှိသူလူအုပ်ရှေ့တွင်ရပ်လျက်နေရစဉ် “ သ္ခင်ခရစ်တော်သည် မိမိမြတ်နိုးသူအား ကာကွယ်ပေးပါလိမ့်မည်” ဟုကြွေးကြော်ခဲ့၏။ အာဂ္ဂနက်(စ်)အား ချမ်းသာကြွယ်ဝသောလူငယ်တစ်ဦးက
လက်ထပ်ခွင့်တောင်းရာတွင် သူမက “ ခရစ်တော်သည် ကျွန်မ၏ခင်ပွန်းဖြစ်သည်။ ကိုယ်တော်သည် ကျွန်မအား
ပထမရွေးချယ်သည်ဖြစ်သောကြောင့်၊ ကျွန်မသည် ကိုယ်တော်အတွက်သာဖြစ်သည်။ ကိုယ်တော်သည် ကျွန်မ၏ဝိညာဉ်အား
ကျက်သရေအပေါင်း ကျေးဇူးတော်အပေါင်းနှင့် အလှတန်ဆာဆင်ထားပါသည်။ ကျွန်မသည် သိကြားအပေါင်းကခံစားမှုပြုရသော
ကိုယ်တော်နှင့်သာဆိုင်သည်” ဟုပြန်ဖြေလေသည်။ ထို့နောက်သူမက လည်ကိုစင်းပေးရာ တစ်ချက်တည်းသောဓါးချက်ဖြင့် သူမ၏ခေါင်းကိုဖြတ်လိုက်ကြ၏။
အာဂ္ဂနက်(စ်)(ဗါညနျ)ဟူသောအမည်သည် (သိုးငယ်)ဟုအဓိပ္ပါယ်ရပါသည်။ သူမသည် အလွန်သိမ်မွေ့ပြီး၊
အလွန်သန့်ရှင်းဖြူစင်သူလည်းဖြစ်ပါသည်။ ဖတ်ရှုသူတစ်ယောက်စီတိုင်းအပေါ် ဘုရားရှင်သာ၍ ကောင်းချီးပေးပါစေ။
အာမင်။
ဝန်ခံချက်
အထက်ပါ အကြောင်းအရာကို Lazrus Rcm
Facebook Page မှ ကူးယူတင်ပြထားခြင်း ဖြစ်ပေသည်။
No comments:
Post a Comment