အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, January 24, 2016

‪ဘာကြောင့် Gladiator Fights ကို ရပ်သန့်ခဲ့ရသနည်း။


Gladiator Fights ဟူသည် ရှေးခေတ် ရောမလူမျိုးတို့၏ ကစားခြင်းတစ်မျိုးဖြစ်သည်။ ကစားခြင်းဟု ဆိုသော်လည်း၊ ပွဲကြည့်သူသာပျော်ရသောပွဲမျိုးဟုဆိုရပေမည်။ Gladiator Fights သည် ကြမ်းတမ်းလှ၏။ ကြောက်လန့်စရာလည်းဖြစ်၏။ လူလူချင်းသတ်ပုတ်ခြင်းသက်သက် မဟုတ်ချေ။ လူကိုပင် ကျားနှင့် လည်း ကောင်း၊ ခြသေ့င်္ နှင့် သော်လည်းကောင်း ယှဉ်ကာ သတ်ပုတ်ရသော ပွဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆို သော်၊ လူအား ကျားစာ၊ ခြသေ့င်္စာ အဖြစ် ကြွေးခြင်းပင်ဖြစ်သည်။ ရှေးကနဦးခရစ်ယာန်များသည် ၄င်းရက် စက်လွန်းလှသော ဘ၀ကို ဖြတ်သန်းကာ၊ မိမိ၏ ယုံကြည်ခြင်းကို အသက်နှင့်ရင်းကာ သက်သေထူခဲ့ကြ ရပေသည်။

အေဒီ ၃၈၀ ခုနှစ်တွင် ရောမအင်ပါယာဘုရင်Theodosius သည် ခရစ်ယာန်ဘာသာအား မိမိ အင်ပါယာတစ်ခုလုံး၏ တစ်ခုတည်းသော ဘာသာဖြစ်စေခဲ့သော်လည်း၊ Gladiator Fights သည် ဆက်လက် ရှိ နေဆဲဖြစ်သည်။
အေဒီ ၄၀၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့သည် သမိုင်းတွင်သောနေ့ဖြစ်ခဲ့ရသည်။ ၄င်းနေ့အား ရောမလူ မျိုးများအတွက်သာမက သမိုင်းချစ်မြတ်နိုးသူများနှင့် Gladiator Fights အကြောင်း စိတ်ဝင်စားသူအားလုံး အတွက် မေ့မရသောနေ့ဖြစ်သည်။ အဘယ်ကြောင့်နည်း။
ရောမအင်ပါယာပြည့်ရှင်မင်းဖြစ်သော Honorius နှင့်အတူ မှုးမတ်များ၊ ထောင်ပေါင်းများစွာသော ရောမမျိုးများ သည် ပွဲကို ကြည့်ရှုနေစဉ်၊ ကစားရာ ရင်ပြင်တော်တွင် မိမိခေါင်းကိုခြုံလျှက် နာမည်မသိသော လူတစ်ဦးသည် သတ်ပုတ်နေသော သူများရှိရာဘက်သို့ တည်ငြိမ်စွာပင် လျှောက်လာသည်။ သူသည် လက်နက်မပါ၊ ဓားမပါဘဲ လျှောက်လာသည်ကို ပွဲကြည့်သူတိုင်း အံ့အားသင့်စေခဲ့သည်မှာ အမှန်ပင်။ ထိုသူသည် သတ်ပုတ်လျှက်ရှိသောသူများရှိရာရောက်လာသောအခါ၊ ၄င်းသတ်ပုတ်ခြင်းကို ရပ်သန့်ရန် နှင့် နောက်နှောင် ၄င်းကဲ့သို့သော လူမဆန်သည့်၊ ရက်စက်လွန်းသည့် ကစားခြင်းများ မပြုလုပ်ရန် ဆုံးမခဲ့ သည်။ သို့သော်၊ သူသည် ၄င်းနေရာတွင်ပင် ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရသည်။
ထိုသူသည် အဘယ်သူနည်း။ ထိုသူသည် အခြားသူမဟုတ်၊ ခရစ်တော်ကို ယုံကြည်ခြင်းအား ဖြင့် တရားကျင့်နေသော သန့်ရှင်းသော ရသေ့ကြီး Telemachus ပင်ဖြစ်သည်။ သူသည် St.Telemachus ပင်ဖြစ် ပေသည်။ ထိုချိန် ရောမအင်ပါယာပြည့်ရှင်မင်းဖြစ်သော  သည် ရသေ့ကြီး Telemachus အား အလွန်တရာကြည်ညိုသောသူ တစ်ဦးဖြစ်သည်။ ရသေ့ကြီး Telemachus သေဆုံးရသည်ကို Honorius သည် စိတ်မချမ်းမေ့နိုင်ပေ။ အလွန်ဝမ်းနည်းရသည်။ ဘုရင်ကြီး Honorius သည် ထိုနေ့မှစ၊ နောက်နှောင် Gladiator Fights ကစားခြင်း မပြုလုပ်ရန် အမိန့်တော်ရှိပေသည်။ ထိုအကြောင်းကြောင့်၊ Gladiator Fights အား ဇန်န၀ါရီ ၁ ရက်နေ့၊ အေဒီ ၄၀၄ တွင် နိဂုံးချုပ်ခဲ့ရပေသည်။
ဘာကြောင့် ရသေ့ကြီး Telemachus သည် Gladiator Fights ကို ဆန့်ကျင်သနည်းဟူမူကား၊ွူေိငအေသမ ဟု လူသိများသော ၄င်းကစားခြင်းသည်၊ အမှန်တကယ် ကစားခြင်းမဟုတ်ပေ။ လူသတ်ကွင်း သက်သက် သာလျှင်ဖြစ်သည်။ ကျွန်များ၊ မရှိဆင်းရဲသားများ၊ အကျဉ်းသား အချုပ်သားများအား အချင်း ချင်း သတ်ခိုင်း ရသောပွဲ၊ ကျားစာ ခြသေ့င်္စာ ကျွေးရသောပွဲသာဖြစ်သည်။
ST.Telemachus သည် Social Injusticesကို တိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။ St.Telemachus ကဲ့သို့ မိမိ ပတ်ဝန်းကျင်၊ မိမိလူမျိုးနှင့် မိမိ အသိုင်းအ၀ိုင်းတွင် နေ့စဉ်ဖြစ်ပွားသော၊ လူအများက အမှန်ဟုပင် ထင်မှတ်ကာ လုပ်နေသော မတရားသော အဖြစ်များအား ခရစ်တော်ကို အမှန်တကယ်ယုံကြည်သက်ဝင်သူ သည် မိမိ၏ ဘ၀ပင်ရင်းရစေကာမူ ရဲရဲရင့်ရင့် ရင်ဆိုင်တွန်းလှန်ရန် ဘုရားပေးတာဝန်ရှိသည်ကို သတိရလျက်၊ St.Telemachus ထံတော်မှ ခွန်သစ်အားသစ်ရယူကြသူများ ဖြစ်စေလိုသော အားဖြင့်
ဝန်ခံချက်

အထက်ပါ အကြောင်းအရာကို Damian Dal Facebook Page မှ ကူးယူတင်ပြထားခြင်း ဖြစ်ပေသည်။

No comments:

Post a Comment