မိသားစုတွေ သန့်ရှင်းကြပါစေ
မိသားစုတွေ ချစ်ကြပါစေ
မိသားစုတွေ စာနာကြပါစေ
မိသားစုတွေ ခွင့်လွှတ်ကြပါစေ
မိသားစုတွေ မျှဝေကြပါစေ
မိသားစုတွေ စည်းလုံးကြပါစေ
မိသားစုဆိုတဲ့ အသိုက်အမြုံလေးကို
အကြောင်းကြောင်း အမျိုးမျိုးကြောင့်
စွန့်ခွါရသူတွေ အမြန်ဆုံး ပြန်လည် စုစည်းကြပါစေ ...။
မိသားစုဆိုတာ ဘာမှန်း မသိကြတဲ့
ကလေးငယ်တွေ မိဘများကဲ့သို့
နွေးထွေးသော ရင်ခွင်ရနိုင်ကြပါစေ ...။
မိဘတို့၏ လွှဲမှားခြင်းကြောင့်
မိသားစု အသိုက်ပျက်ကာ
နာကျင်မှုမျိုးစုံ ရင်ဆိုင်နေရသောသူများ
ငြိမ်းအေးသော ခိုနားရာ တွေ့ရှိကြပါစေ ...။
မိသားစုတစ်ခုရဲ့ လှပမှု
မိသားစုတစ်ခုရဲ့ အရေးပါမှု တို့ကို
လူတိုင်း သိနားလည်ကာ တန်ဘိုးထားနိုင်ကြပါစေ ...
(msn)
No comments:
Post a Comment