အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, December 27, 2020

မျက်ရည်လွယ်တဲ့သူ

မျက်ရည်လွယ်တဲ့ သူတွေဟာ နှလုံးသား နုတယ်လို့
ကျွန်တော် စာတစ်စောင် မှာ ဖတ်ဖူးတယ်။

ဝမ်းနည်း စရာ အဖြစ်အပျက် တွေ ကြုံတွေ့ လာတဲ့အခါ

✨စိတ်ရှုပ်စရာ အတွေးတွေ ဝင်လာတဲ့ အခါ

✨ဝမ်းနည်းစေတဲ့ ရုပ်ရှင်တွေ ကြည့်မိတဲ့ အခါ တွေမှာဆိုရင်

✨မျက်ရည်ဟာ Automatic ကျလာတာပါပဲ။

ကျွန်တော် ဖတ်ဖူးတဲ့ စာတစ်အုပ်ထဲမှာ
မျက်ရည် လွယ်တဲ့ သူတွေက

✌အရမ်း ကိုယ်ချင်းစာ တတ်တယ်
✌အရမ်လည်း သနားတတ်တယ်
✌အရမ်းလည်း ခံစားလွယ်တယ်

နောက်ပြီး

✨အရမ်းလည်း အတွေးလွန်တတ်ပါသတဲ့ဗျာ

ဒါကြောင့် မျက်ရည်လွယ်တတ်တဲ့ သူတွေကို
ကျွန်တော် ပြောချင်တာကတော့

ဒီလိုသာ စိတ်ထားပျော့ညံ့နေမယ် ဆိုရင်
ခက်ခဲ နက်နဲတဲ့ ဒုက္ခ သုက္ခနဲ့ တွေ့ ကြုံလာတဲ့ အခါ
ရင်ဆိုင်နိူင်စွမ်း ရှိမှာမဟုတ်တော့ပါဘူး။

ထစ်ခနဲ့ ရှိ မျက်ရည်ကျနေမယ် ဆိုရင်တော့
လောကဓံ ကို အံတုဖို့ အရမ်းခက်ခဲ ပါလိမ့်မယ်။

အတွေးတွေ နယ်ချဲ့ပြီး ခံစား မျက်ရည် ကျနေမယ့် အစား

ပျော်ရွှင်စရာ ဇာတ်ကားတွေ
စိတ်ကျန်းမာရေး စာအုပ်တွေ
ဗဟုသုတ စာပေတွေ
အားတက်စရာ ပျော်မြူးစရာ သီချင်းတွေ
ဝါသနာပါရာ အလုပ်တွေ
အိမ်မှုကိစ္စတွေ စတဲ့ အလုပ်တွေ ကိုပဲ လုပ်နေပါ။

သင့်ကို ဘယ်သူမှ မသတ်ပါဘူး
သင့်အတွေးကပဲ သင့်ကို ပြန်သတ်နေတာပါ။

မျက်ရည်လွယ်တတ်တဲ့ သူဟာ

နှလုံးရောဂါကို ရစေတယ်
နာကျင်မှုတွေကို ခံစားရစေတယ်
စိတ်ကျရောဂါ ကို ဖြစ်စေတယ် လို့ဆရာဝန် တစ်ဦးက
ကျွန်တော့်ကို ပြောပြဖူးတယ်။

ဒါကြောင့်
အရေးမပါတဲ့ အရာတွေကြောင့် အချိန်ကုန် ခံနေမယ့်အစား
အရေးပါတဲ့ အရာတွေအတွက် အချိန်ပေးသင့်ပါတယ်။

နောက်ပြီး
ပတ်ဝန်းကျင်ကို လစ်လျူရှူ့တတ်ခြင်းဟာလည်း
စိတ်ကို ကုသခြင်း တစ်မျိုးပါပဲ။

တွေးတဲ့ အခါမှာလည်း ဘယ်တော့မှ အဆုံးအစွန်အထိ
မတွေးပါနဲ့။

ဘုရားလမ်းစဉ်ဖြစ်တဲ့
အလယ်အလတ်လမ်းစဉ်ကိုလိုက်ခြင်းဟာ
စစ်မှန်တဲ့ အတွေးအခေါ်ကို ရရှိစေပါလိမ့်မယ်။

Create....

Online book

No comments:

Post a Comment