အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, November 6, 2020

“အမှားတစ်ခုကြောင့် ဘ၀ကို မဖျက်ဆီးလိုက်ပါနဲ့” 🌈🌈🌈🌈🌈🌈🌈🌈

🌈🌈🌈🌈

#သေချင်လောက်အောင်စိတ်ညစ်နေတဲ့သူများအတွက်

တစ်နေ့က သူငယ်ချင်းနှစ်ပါး အသုဘတစ်ခုကြွကြတယ်။ 
သူတို့ ပြန်လာတဲ့အခါ ၀မ်းနည်းစရာ အဖြစ်အပျက်လေး 
တစ်ခု ပြောလာပါတယ်။ 
“သေသွားတဲ့သူက အသက်ငယ်ငယ်၊ 
မင်းသမီးအရှုံးပေးလောက်အောင် လှပတဲ့ 
မိန်းကလေးတစ်ယောက်ပဲ။ 
သူမဟာ သူ့ကိုယ်သူအဆုံးစီရင်ပြီး သေသွားတာ”
လို့ ပြောပါတယ်။ 
ဘာကြောင့်ဒီလို လုပ်သလဲဆိုတာတော့ 
မသိပါဘူး။ ဒါပေမယ့် တန်ဖိုးရှိတဲ့ လူ့ဘ၀တစ်ခုကို 
ခုလို ဖျက်ဆီးလိုက်တာကတော့ နှမြောစရာပါ။

“လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မပြည်က 
အပ်တစ်စင်း ထိချင်ထိမယ်။ လူဖြစ်ဖို့ရာ မလွယ်ဘူး”လို့ 
ဘုရားက ဟောပါတယ်။ 

ဒါကြောင့် လူ့ဘ၀တစ်ခုခုကို လွယ်လွယ်နဲ့ 
အဆုံးမစီရင်သင့်ပါဘူး။ လူအများစုဟာ 
အမှားတစ်စုံတစ်ရာ ဖြစ်လာရင် စိတ်လိုက် 
မာန်ပါ ကြံမိကြံရာ ကြံတတ်၊ လုပ်တတ်ကြတယ်။ 
ဒါနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ ဥပမာလေး
တစ်ခု ပြောချင်ပါတယ်။

🔴 အုတ်နံရံတစ်ခုမှာ မကောင်းတဲ့အုတ်နှစ်ချပ်ပါနေတော့ 
ပန်းရံဆရာဟာ မကောင်းတဲ့အုတ်နှစ်ချပ်ကို ကြည့်ပြီး 
သူလုပ်ခဲ့တဲ့ အမှားအတွက်နောင်တရနေတာပေါ့။
တွေ့တိုင်းစိတ်ဆင်းရဲနေတယ်။ 
အုတ်နံရံကို ပြန်ဖြိုဖို့ ခဏခဏ စိတ်ကူးမိပါတယ်။ 
တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ရောက်လာတယ်။ 
အုတ်နံရံကို ကြည့်ပြီး...

🔴“မင်းအုတ်နံရံ ကောင်းလိုက်တာ”လို့ ပြောလိုက်ပါတယ်။ 
ပန်ရံဆရာက “မင်းမျက်စိကောင်းပါတယ်နော်။ 
မကောင်းတဲ့ အုတ်နှစ်ချပ်ကို မင်းမမြင်ဘူးလား။ 
အဲနှစ်ချပ်က အုတ်နံရံကို ဖျက် ဆီးနေတာ။ ”

ဒီတော့ သူငယ်ချင်းက 
“ငါမြင်တာပေါ့။ ဒါပေမယ့် မကောင်းတဲ့အုတ်က 
နှစ်ချပ်ပဲရှိတယ်။ ကျန်တဲ့အုတ်တွေ အကုန်လုံးက 
ကောင်းတယ်လေ။ ဒါကြောင့် လှတယ်လို့ 
ပြောတာပေါ့။”
ဒီတော့မှ ပန်ရံဆရာလည်း အသိ၀င်ပြီး
စိတ်သက်သာရာ ရသွားပါတယ်။

တကယ်တော့ ပန်ရံဆရာဟာ အုတ်တွေ
အကုန်လုံးကို ခြုံမကြည့်ပဲ 
မကောင်းတဲ့အုတ်နှစ်ချပ်ကိုပဲကြည့်နေတော့ 
သူ့အုတ် နံရံဟာ အကြည်းတန်နေတယ်
လို့ ခံစားနေရတာပါ။ 
အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာတော့ 
လှပတဲ့နံရံကို တွေ့မြင် ရပါတော့ တယ်။

ဒီလိုပါပဲ။ 
🔴 လူ့ဘ၀မှာ “အမှား” ဆိုတာတော့ 
ရှိကြပါတယ်။ ဒါပေမယ့် “မှန်တာတွေ 
အများကြီးရှိသေးတယ်”ဆိုတာကိုလည်း မမေ့ပါနဲ့။ 

🔴 အမှားကိုပဲ ပြန်စဉ်းစားနေရင်တော့ 
ဘ၀ဟာအဓိပ္ပါယ်မဲ့နေတယ်လို့ ထင်ပြီး 
ကိုယ့်ကိုယ်ကို လုပ်ကြံမိတတ်ပါတယ်။ 
အမှန် အမှား အားလုံးကို ခြုံကြည့်လိုက်ရင်တော့ 
“လူ့ဘ၀ ဆက်နေဖို့ သင့်သေးတယ်”ဆိုတာ 
သိလာပါလိမ့်မယ်။ 

ထပ်ပြီး မှန်တာတွေ များများလုပ်ပေးခြင်းဖြင့် 
အမှားဟာ သေးငယ်သွားပြီး အမှန်တွေ
များလာပါလိမ့်မယ်။ ဒါဆိုရင် လူ့ဘ၀ဟာ 
ပိုတန်ဖိုးရှိလာပါပြီ။

ဒါကြောင့် အမှားလုပ်မိလို့ ယူကြုံးမရမဖြစ်ပါနဲ့။ 
မှန်တာတွေကိုလည်း ပြန်စဉ်းစားလိုက်ပါ။ 
ရခဲတဲ့လူ့ဘ၀ တစ်ခုလုံးကို အမှားလေး 
တစ်ခုကြောင့် မဖျက်ဆီးလိုက်ပါနဲ့။ 
ပိုနစ်နာသွားပါလိမ့် မယ်။ 
ရှေ့ဆက်မမှားအောင် ကြိုးစားပါ။

Credit: 
【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】
လေးစားလျှက်ပါ...

No comments:

Post a Comment