သဘောကျမိတဲ့စာစုလေးများ
📖📖📖📖📖📖📖📖📖📖
👇👇👇👇👇👇👇👇👇👇
#ဖိနပ်
ဘယ်လောက်အဖိုးတန်တန်
ခေါင်းမှာပန်လို့တော့ မရဘူး။
#လူယုတ်မာ
ဘယ်လောက်တော်တော်
သူတော်ကောင်းဘွဲ့တော့ မရဘူး
#မိဘ
ဘယ်လောက်ပဲ သားသမီးကိုချစ်ချစ်
မချစ်တတ်ရင် ချစ်ရာမရောက်ဘူး။
#သားသမီး
ဘယ်လောက်ပဲ မိဘကဆိုးဆိုး
မပြစ်မှားထိုက်ဘူး။
#ဆရာ
ဘယ်လောက်ပဲ ပညာတွေစုံစုံ
လမ်းမှားကိုသင်ပေးနေရင် တပည့်တွေဒုက္ခရောက်တယ်။
#တပည့်
ဘယ်လောက်ပဲ ဆရာဆိုးဆိုး
လမ်းမှန်ကိုညွန်ပြရင် ချည်းကပ်သင့်တယ်။
#သူငယ်ချင်း
ဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းကောင်း
လမ်းမှားကိုဆွဲခေါ်နေရင် မပေါင်းထိုက်ဘူး။
#မိသားစု
ဘယ်လောက်ပဲ သဘေားထားတွေ
ကွဲလွဲနေပါစေ သွေးတော့မကွဲသင့်ဘူး။
#ချစ်သူ
ဘယ်လောက်ပဲ ချစ်ချစ်
နာကျင်မှုတွေပေးနေရင် လမ်းခွဲသင့်တယ်။
#အိမ်ထောင်ရေး
ဘယ်လောက်ပဲ နားလည်မှုတွေပေးပေး
ဖောက်ပြန်တာကိုတော့ လက်မခံသင့်ဘူး။
#ပတ်ဝန်းကျင်
ဘယ်လောက်ပဲ ဝေဖန်ဖန်
ကိုယ်အနေမှန်ရင်
ဝေဖန်တာတွေ ရပ်သွားလိမ့်မယ်။
#စကား
ဘယ်လောက်ပဲ တတ်တတ်
လိုအပ်သလောက်ပဲ ပြောသင့်တယ်။
#နား
ကိုယ်အပြောထက်
သူပြောကို နားထောင်ပေးတာ
ပိုပြီးအကျိုးရှိတယ်။
#မျက်စိ
ကိုယ်ဘာမြင်လိုက်သလဲဆိုတာ
ကိုယ်ဘယ်လို ကြည့်သလဲဆိုတဲ့အပေါ်မှာ မူတယ်တယ်။
#အကျင့်
ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး
အကျင့်ကောင်းနေရင် လူချစ်တယ်။
#မာန
ဘယ်လောက်ပဲ ပညာတတ်တတ်
မာန်ရှိနေရင် ပညာရှိမဟုတ်ဘူး။
#စေတနာ
ဘယ်လောက်ပဲ ပါပါ
ဥာဏ်ပညာမပါရင် မထိရောက်ဘူး။
#ဝီရိယ
ဘယ်လောက်ပဲ ကောင်းကောင်း
ဥာဏ်ပညာနဲ့မလုပ်ရင် မအောင်မြင်နိုင်ဘူး။
#ပိုက်ဆံ
မရှိခင် ချွေတာစုဆောင်းပြီး
ရှိလာတဲ့အခါ မျှဝေသုံးစွဲသင့်တယ်။
#အကောင်းမြင်စိတ်
မိမိစိတ်ကို ငြိမ်းချမ်းစေဖို့
လိုကို လိုအပ်တဲ့အရာဖြစ်တယ်။
#စာဖတ်ချိန်ဆိုတာ
စာအုပ်၊စာေပအရသောကို
ခံစားမိရင် အလိုလိုရလာပါလိမ့်မယ်။
Credit to original writer
ပြန်လည်မျှဝေနိုင်ပါတယ်။
No comments:
Post a Comment