St.John Paul II, Pray for us.
၁။#မိတ်ဆွေသူငယ်ချင်း။
မိတ်ဆွေသူငယ်ချင်းဟုဆိုရာ၌အခြားသူတစ်ဦး ၏ကောင်းကျိုးကို ရှေ့ရူပြီး ထိုသူ့အတွက် ပြင်းပြသည့်ခံယူချက်အပြည့်နှင့် လုပ်ဆောင်ပေးတတ်ခြင်းများပါဝင်နေသည်။
၂။ #ချစ်ခြင်းမေတ္တာ။
လူယောကျ်ားနှင့်လူမိန်းမထိုသူတို့နှစ်ဦးကြားတွင် ရှိသော ချစ်ခြင်းမေတ္တာသည် ပေးဆပ်အနစ်နာခံခြင်းနှင့် မိမိကိုယ်ကို ငြင်း ပယ်ခြင်း မရှိပါက တည် တံ့နိုင်မည် မဟုတ်ပေ။
၃။ #မိခင်ဖြစ်ခြင်း။
လူသစ်တစ်ဦးကို လမ်းဖွင့်ပေးခြင်းသည် မိခင်ဖြစ်ခြင်း၏ ကနဦး အခွင့် ထူးဖြစ်သည်။ ထိုအရာသည် လူမိန်းမ၏လုပ် ဆောင်ရမည့် ကဏ္ဍဖြစ်သည့်မှာ သေချာလှပါ သည်။ ဤကဲ့သို့ လမ်းဖွင့်ပေးခြင်း၊ကိုယ်ဝန်ယူခြင်း ကလေးမွေးခြင်းတို့၌ လူမိန်းမသည် မိမိကိုယ်ကို ဖြူစင်သော လက်ဆောင်တစ်ခုအဖြစ် တွေ့မြင်ခံ စားရပေသည်။
၄။ #မိသားစုဘဝ။
မိသားစုအတွင်း၌ ဖြစ်ပျက်နေသည့်အတိုင်း ထိုမိသားစုရှိရာနိုင်ငံအတွင်း ၌လည်း ဖြစ်ပျက်လျက်ရှိသည်။ ကျွန်တော်တို့ နေ ထိုင်သော ကမ္ဘာကြီးသည်လည်း ထိုကဲ့သို့ပင်ဖြစ်ပျက်လျက်ရှိသည်။
၅။ #ယုံကြည်ခြင်း။
ယုံကြည်ခြင်းနှင့် ဆင် ခြင်တုံတရားသည် စိတ်ဝိညာဉ်၏ တောင်ပံနှစ်ခုပင်ဖြစ်သည်။ ထိုတောင် ပံများကို အားပြု၍ အမှန်တရားရှိရာသို့ ပျံဝဲသွားကြရသည်။
၆။#စိတ်ပျက်ဝမ်းနည်းခြင်း။
စိတ်ပျက်လက်လျော့ခြင်း၌ လက်ပန်းကျ ငိုက်စိုက်မနေပါနှင့်။ ကျွန်ပ်တို့ သည် ရှင်ပြန်ထမြောက်ပြီးသော အက်စတာ လူတွေ ဖြစ်ကြတယ်။ကျွန်ုပ်တို့၏ သီချင်းမှာ ဟာလေလုယာ သီချင်းဖြစ်သည်။
၇။ #သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းခြင်း။
သစ္စာရှိသော အစေခံလုပ်သားများ မရှိပါလျှင် ကမ္ဘာကြီးက ကျွန်ုပ်တို့ ရိတ်သိမ်းရမည့် သီးနှံတွေကို ဆက်လက် ဝေမျှပေးမည်မဟုတ်တော့ချေ၊ နောင်လာမည့် အနာဂတ်မျိုးဆက်များ အသုံးပြုရမည့်အရာများကိုဖျက်ဆီးပစ်ရန် ခြေလှမ်းများလှမ်းနေကြလျက်ပင်ကမ္ဘာကြီးကို ချစ်ပါသည်ဟု ကျွန်ုပ်တို့ ပြောနေ၍ ရမည် မ ဟုတ်ပါ။
၈။ #စဉ်းစားတွေးခေါ်ခြင်း။
လေးလေးနက်နက်စဉ်း စားဆင်ခြင်တတ်ရန် သင် ယူပါ။ သို့မှသာလျှင် မှန် ကန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် လူ သားများအားလည်း ပိုမိုကောင်းမွန်စွာ အလုပ်အ ကျွေးပြုနိုင်မည်ဖြစ်သည်
၉။ #ဘဝ၏#အလှတရား
ဘဝဟူသည် ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားရန် လူသားများအား ပေး အပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်ဘဝကိုအလဟ ဿ ဖြုန်းတီးကုန်ဆုံးစေရန်မဟုတ်ပါဘူး၊ကောင်း မွန်စွာ အသုံးပြုရမည့် ပင် ကိုယ်စွမ်းရည်တစ်ခုကဲ့သို့ပင် ဖြစ်ပါသည်။
၁၀။ #နေ့စဉ်သမရိုးကျအလုပ်ဖြစ်လာခြင်း။
အသက်ကင်းမဲ့စေရန် ခြိမ်းခြောက်အန္တာရယ်ပြုသည့်လမ်းစဉ်၌ သမရိုးကျ ဖြစ်သည်ထိ လူယောကျာ်း၊ လူမိန်းမများ သည် ဖောက်ပြန်ပျက်စီး ၍ ယုတ်လျော့ထိုးဆင်း သွားကြမည်မှာအံ့သြစရာ မဟုတ်ပါလေ။ စစ်မှန် သောလူပုဂ္ဂိလ်ဖြစ်ခြင်း၏ ဘဝကို တဖြည်းဖြည်းဆုံး ရှုံးရပေတော့မည်။
၁၁။ #အထီးကျန်ခြင်း။
စစ်မှန်သော ခရစ်ယာန်တစ်ဦးသည်ယုံကြည်အား ကိုးရသော အကောင်းမြင်ခြင်းကို ပြုစုပျိုးထောင်ရပေမည်။ အကြောင်းမှာ ထိုသူသည် တစ်ဦးတည်း အထီးကျန်ဖြစ်နေမည် မ ဟုတ်သည်မှာ သေချာလှပေသည်။ထာဝရဘုရား ၏သားတော် လူ့အဖြစ်ယူသော သခင်ယေဇူးကို ကျွန်ုပ်တို့ထံသို့ စေလွှတ်ပေးခြင်းအားဖြင့် ဘုရား သခင်သည်ကျွန်ုပ်တို့တစ် ဦးစီ၏ အနီးနားသို့ ကြွရောက်လာခဲ့ပေသည်။ ခရစ်တော်သခင်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခရီးသွားဖော်တစ်ဦး ဖြစ်လာခဲ့ပေသည်။
၁၂။ #အသက်အရွယ်ကြီးရင့်လာခြင်း။
ခန္ဓာကိုယ်၏ ပြောင်းလဲသော အဖြစ်အခြေအနေ သို့မဟုတ် အသက်အရွယ် ကြီးရင့်လာမှုသည့် ပြည့်စုံသော ဘဝတစ်ခု ပိုင်ဆိုင်ရန်အတွက် အတားအဆီးတစ်ခုမဟုတ်ပေ။ ဘုရား သခင်သည် ပြင်ပန်းသဏ္ဍာန်ကို မဟုတ်၊ စိတ်နှ လုံးအတွင်းကို ကြည့်မြင်သောသူ ဖြစ်ပေသည်။
၁၃။#မသိနားမလည်ခြင်း။
မသိနားမလည်သော အရာဆီသို့ ဦးတည်ခုတ်မောင်းနေရသည်ကို ကြောက်ရွံ့ခြင်း မရှိလေနှင့်။ သခင်ဘုရားသည် သင်နှင့်အတူရှိနေသည်ကို ရဲရဲဝင့်ဝင့် သိမှတ်ဝန်ခံလျက် သင်၏ခြေလှမ်းကို ဖြောင့်ဖြောင့်တန်းတန်း လှမ်းလိုက်ပါ။
၁၄။#လက်ထပ်ထိမ်းမြားခြင်း။
လက်ထပ်ထိမ်းမြားခြင်းသို့ ဦးတည်ရည်ရွယ်သော ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှလာသော လက်ဆောင်ပတ္ထနာ တစ်ခု ဖြစ်ပေသည်။ထို့အ ပြင် အခြားသော လူသားတစ်ဦးအား ကြီးစွာသော ယုံကြည်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ပေသည်။
၁၅။ #ဆုတောင်းခြင်း။
သင်သည် ဆုတောင်းခြင်းအားဖြင့်ကျွန်ုပ်တို့၏ စစ်မှန်သောအလင်းတည် ရှိရာ ယေဇူးကိုယ်တော်တိုင်နှင့် တစ်ပေါင်းတစ် စည်းတည်း ဖြစ်ရသော အခွင့်ကို ရရှိပေသည်။
၁၆။ #ပြဿနာကိုဖြေရှင်းဆုံးဖြတ်ခြင်း။
ကြောက်ရွံ့ခြင်းမရှိလေနှင့်။ သာမန်အဖြစ်အခြေ အနေ၌သာ ကျေနပ်ရောင့် ရဲမနေပါနှင့်။ပိုမို နက်ရှိုင်း သော ရေနက်ရာသို့ သွား ၍ အများအပြားဖမ်းမိစေရန် သင်၏ ပိုက်ကွန်ကို ပစ်ချပါလော့။
မှတ်ချက်။ ။ https://aleteia.org/2018/10/22/16-quotes-from-st-john-paul-ii-about-the-essentials-in-life/ ကို ပြန်ဆိုသည်။
#Crd! Paul Lian
mgrace.
No comments:
Post a Comment