မိသားစု (Family)နဲ့ အိမ်ထောင်စု (Household) ဆိုတာတွေက ခြူးတို့အတွက် ရင်းနှီးပြီးသား စကားလုံးတွေပါပဲ ။ သွေးသားရင်းတွေနဲ့ ဒါမှမဟုတ် အိမ်ထောင်ဖက်နဲ့ စုပြီးနေတာက မိသားစုလို့ခေါ်ပြီး အိမ်ထောင်စုဆိုတာကတော့ သွေးသားမတော်စပ်တဲ့လူတွေစုပြီးနေတာရယ်(Multi Person Household) နဲ့ Living Alone လို့ခေါ်တဲ့ တစ်ယောက်တည်း နေထိုင်တာရယ်(One Person Household) ဆိုပြီး အကြမ်းအားဖြင့် နှစ်မျိုးလောက်ရှိပါတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အရွယ်ရောက်တဲ့လူငယ်တွေက မိဘဆွေမျိုးတွေနဲ့ ခွဲပြီး သီးသန့်နေထိုင်တာက ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင်တော့ နယ်ကနေ ကျောင်းတက်/ အလုပ်လုပ်တဲ့လူတွေကလွဲရင် မိဘနဲ့တစ်မြို့တည်းအတူနေတဲ့လူတွေက မိဘနဲ့အတူနေထိုင်တာပဲ များပါတယ်။ နယ်ကလာပေမဲ့လည်း ဆွေမျိုးတွေရှိရင် ဆွေမျိုးတွေနဲ့ နေထိုင်လိုက်တာလဲ ရှိပါတယ်။ (ဒီစာမှာ လူငယ်လို့ပြောရင် ကျောင်းတက်နေတဲ့လူမပါပဲ လုပ်ငန်းခွင်ထဲရောက်နေတဲ့လူတွေကိုပဲ ခြူးဆိုလိုပါတယ်)
ဒါဆို ခြူးတို့လူငယ်တွေ မိဘဆွေမျိုးတွေနဲ့ခွဲထွက်ပြီး သူငယ်ချင်းတွေနဲ့ စုနေတာမျိုး တစ်ယောက်တည်းနေတာမျိုး ဘာလို့ မလုပ်ဖြစ်ကြတာလဲ? ခြူးတွေးကြည့်မိသလောက်ကတော့
📌No (1) ငွေရေးကြေးရေး
အိမ်ကနေခွဲထွက်လာပါပြီဆိုတည်းက အိမ်ဌားခက အရင် ကုန်မှာပါ။ ရန်ကုန်မှာ အများနဲ့စုနေမယ်ဆို အနည်းဆုံး MMK 50,000 က စကုန်မှာဖြစ်ပြီး တစ်ယောက်တည်းနေမယ်ဆိုရင်တော့ MMK 100,000 ဆိုတာက အနည်းဆုံးပါပဲ။ အဲဒါအပြင် အစားအသောက် ရေဖိုး မီးဖိုးကစ သွားရေးလာရေးအဆုံး ကို့ယ်ဘာသာ ဖြေရှင်းရမှာပါ။ တစ်လကို ဝင်ငွေ MMK 300,000 ရှိတဲ့လူက တစ်ယောက်တည်း ခွဲထွက်ပြီးနေဖို့ တော်တော်စဥ်းစားရမှာပါ။ အိမ်ကဝယ်ပေးထားတဲ့ အခန်းမှာနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့
🟫 🟫 🟫
📌No (2) တစ်ကိုယ်ရည် တစ်ကာယကိစ္စတွေ
အစားအသောက်စီစဥ်ရတာ ပန်ကန်ဆေး အဝတ်လျှော် အိမ်သန့်ရှင်းရေး အကုန်ကို့ယ်ဘာသာ တာဝန်ယူရမှာပါ။တစ်ယောက်တည်းနေမယ်လို့ စပြီးစဥ်းစားမယ်ဆိုရင် ငါ ဒါတွေကို လုပ်ဖို့ သင့်တင့်တဲ့ အနေအထားရောက်ပြီလားဆိုတာကို ဆန်းစစ်သင့်ပါတယ်။
🟫 🟫 🟫
📌No (3) Privacy
သူများပစ္စည်းတွေ အသိမပေးပဲ ယူသုံးတာတို့ သီချင်းအကျယ်ကြီးတွေ ဖွင့်တာတို့က ကြုံနေကြ ကိစ္စတွေလိုပါပဲ။ အိမ်မှာ ကို့ယ်အခန်းလေးနဲ့ကို သီးသန့်လေးနေတဲ့လူက အဆောင်မှာနေတာတို့ စုပြီးနေတာတို့ကို လုပ်ချင်မှာ မဟုတ်ပါဘူး။
🟫 🟫 🟫
📌No (4) လုံခြုံမှု
ရန်ကုန်မှာ နေ့လည်ဖက်ကြီး ဓားပြတိုက်ခံရလို့ ပစ္စည်းလုသွားလို့က မကြားချင်မှ အဆုံး ကြားနေရတဲ့ ကိစ္စတွေပါ။တစ်ယောက်တည်းနေပါပြီဆိုရင် လုံခြုံရေးစိတ်ချရလားဆိုတာက အင်မတန်အရေးကြီးပါတယ်။
🟫 🟫 🟫
📌No (5) မိဘခွင့်ပြုချက်
လုံလောက်တဲ့ ဝင်ငွေတစ်ခုလဲရှိမယ်၊ ကိုယ့်ကိုကိုယ်လည်း တာဝန်ယူနိုင်ပြီ၊ နေမဲ့နေရာကလည်း လုံခြုံရေးစိတ်ချရတယ်၊ ဒါတွေအကုန်လုံးအဆင်ပြေသွားပေမဲ့ မိဘခွင့်ပြုချက်က အားလုံးမှာ အရေးကြီးဆုံးပါပဲ။ ကိုယ့်ရဲ့တစ်ယောက်တည်းနေပါမယ်ဆိုတဲ့ အဆိုကို ဗီတိုအာဏာနဲ့ ဖယ်ရှားလိုက်လို့ရတာကိုး။
ခြူးထင်တာ မမှားဘူးဆိုရင် တစ်ယောက်တည်းခွဲနေမယ်လို့ ပြောလိုက်ရင် မနေရပါဘူးလို့ပြန်ပြောမဲ့ မိဘက 99% ပါပဲ။ အထူးသဖြင့် မိန်းကလေးတွေကိုဆို ပိုပြီးတားမှာပါပဲ။
အရင်ဆုံး မိဘတွေက ရှေးရိုးစွဲလိုက်တာဆိုပြီး အပြစ်မတင်ခင် ကို့ယ်ကိုယ်ကို အရင် Skill Upgrade လုပ်ဖို့ လိုဦးမယ်ထင်ပါတယ်။ ကို့ယ်ကိုယ်ကို ယုံကြည်မှုရှိရှိ တာဝန်ယူနိုင်ရမှာဖြစ်သလို မိဘက ကို့ယ်အပေါ်ယုံကြည်မှုရှိအောင်နေဖို့လိုပါသေးတယ်။
မိဘတွေအနေနဲ့လည်း ကို့ယ်သားသမီးက ယုံကြည်လို့ရတယ်ဆိုရင် တစ်ယောက်တည်း နေချင်ပါတယ်ဆိုတဲ့ အဆိုကို ခွင့်ပြုပေးစေချင်ပါတယ်။ တစ်ယောက်တည်းနေရင် ပျက်စီးသွားမှာပေါ့လို့ အမြဲမတွေးပါနဲ့။ ပျက်စီးချင်တဲ့လူက အတူနေလည်း ထိန်းမရပဲ ပျက်စီးပါတယ်။
🟫 🟫 🟫
📌ဘယ်လိုအခြေအနေတွေမှာ မိဘဆွေမျိုးတွေနဲ့ ခွဲနေဖို့ အဆင်ပြေပြီလဲ?
(1) ငွေကြေးအရအဆင်ပြေတယ်ဆိုရင်
(2) ကိုယ့်ကိုကိုယ် စိတ်ပိုင်းဆိုင်တာ ရုပ်ပိုင်းဆိုင်ရာ သင့်တင့်တဲ့အနေအထားတစ်ခု တာဝန်ယူနိုင်ပြီဆိုရင်
(3) စုနေတယ်ဆိုရင်တောင် သီးသန့်အခန်းလေးနဲ့ နေလို့ရမယ် ဒါမှမဟုတ် တစ်ယောက်တည်း နေနိုင်ပြီဆိုရင်
(4) ကိုယ်နေမဲ့ နေရာက လုံခြုံရေးအရ အဆင်ပြေမယ်ဆိုရင်
(5) မိဘခွင့်ပြုချက်ရပြီဆိုရင်
🟫 🟫 🟫
📌ဒီအချက်တွေ စုံပြီဆိုရင် ခြူးကတော့ သီးသန့်ခွဲထွက်ပြီး နေတာကို Recommend ပေးပါတယ် ဘာလို့လဲဆိုရင်
အစစ အရာရာ ကို့ယ်ဘာသာ တာဝန်ယူလာရလို့
👉ပိုပြီးရင့်ကျက်လာတယ်
👉ကို့ယ်ကိုယ်ကို ယုံကြည်မှုတိုးတယ်
👉ကိုယ်ကြိုက်တာကိုယ်လုပ်နေလို့ရတာနဲ့အတူ ကို့ယ်ကိုယ်ကို ပိုပြီးထိန်းဖြစ်တယ်
👉Space & Privacy ပိုပြီး ရလာတာဖြစ်တဲ့အတွက် Dual Career လုပ်ချင်တာပဲဖြစ်ဖြစ် Study လုပ်ချင်တာပဲဖြစ်ဖြစ် အာရုံပိုစိုက်လို့ ရပါသေးတယ်
🟫 🟫 🟫
📌ဒီအချက်တွေ မစုံဘူးဆိုရင်တော့ သီးသန့်ခွဲထွက်ပြီး နေတာကို လုံးဝအားမပေးပါဘူး။
👉 တစ်ယောက်တည်းနေရတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အရမ်းပင်ပန်းလှပါတယ်။
ကောင်းကျိုးရော ဆိုးကျိုးရောရှိတာမို့လို့ ကို့ယ်ရဲ့ အားနည်းချက် အားသာချက်ပေါ်မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။
🟫 🟫 🟫
စာကလည်း တော်တော်ရှည်နေပြီဆိုတော့ နောက်နေ့တွေမှာ Living Alone Pros & Cons တွေအကြောင်း အသေးစိတ် ဆက်ပြောပေးပါမယ်နော်။
အဆုံးထိဖတ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ် ❤
#လူငယ်တွေအိမ်နဲ့ခွဲပြီးသီးသန့်နေသင့်လား
#LivingAlone #OnePersonHousehold #MultiPersonHousehold #Family #SoloLiving #Yangon #တစ်ယောက်တည်းနေထိုင်ခြင်း
#TheDailyMebyChu
No comments:
Post a Comment