🍲🍲🍲ကြက်စွပ်ပြုတ် 🍲🍲🍲
"အမေကလဲအဖေအရင်ကစုဆောင်းထားတဲ့ပိုက်ဆံတွေဘယ်ရောက်ကုန်ပြီလဲ"
🌨"သားတို့လဲရှိတာမဟုတ်ဘူး ကလေးတွေ ကတစ်ပြုံကြီးနဲ့အငယ်မဆီမှာမေးကြည့်
သားကတော့အဆင်မပြေဘူး"ဟုစူဆောင့်ကာပြောနေသောသားအကြီးကို
ဒေါ်ငွေစိန်တစ်ယောက်မျက်နာငယ်လေးနဲ့ ကြည့်နေမိသည်။
"ရပါတယ် သားရယ် အမေကမင်းအဖေနေမကောင်းလို့ကြက်စွပ်ပြုတ်လေးတိုက်ချင်လို့ပါ"
"ဟာအမေကလည်းဆန်ပြုတ်တိုက်လဲရတဲ့ဟာကို
ရေးကြီးခွင်လုပ်နေသေးတယ်သားသွားတော့မယ်"ဟုဆိုကာအဖေကိုနှုတ်မဆက်ပဲထွက်သွားသော သား
ဖြစ်သူရဲ့ကျောပြင်လေးကိုငေးပြီးသက်ပြင်းရှည်ချမိသည်။ ။
"ဒေါ်ငွေစိန် နဲ့ ဦးသောင်းတွင်သားသမီးနှစ်ယောက်
ထွန်းကားသည်
"အကုန်လုံးအိမ်ထောင်ကွဲမို့မိဘတွေကိုပြန်၍မကြည့်ကြတော့ပါ
"ဦးသောင်းကတော့ခြင်းတောင်းယက်တယ် ကြိမ်ခွေတယ်လက်မှုပညာလေးနဲ့အသက်မွေးဝမ်းကျောင်းပြုနေရသည်
"နွမ်းပါးလှတဲ့ဘဝမို့သာသာယာယာမရှိသော်လည်း တစ်ဦးနှင့်တစ်ဦးချစ်ရှာသည် လေးစားသမှုရှိသည်
"ဦးသောင်းဖျားနေတာနှစ်ရက်လောက်ရှိနေပြီ သို့သော်လည်းအဟာရပျက်နေသောကြောင့်နလန်မထူနိုင်သေးပေ။။
"ဆေးမြီးတိုလေးတွေသွေးကာတိုက်နေတဲ့ဒေါ်ငွေစိန်မျက်နာလေးကယောက်ျားဖြစ်သူကိုသနားနေသောပုံရိပ်ထင်နေသည်
ဒါကိုဦးသောင်းသိတော့"ရှင်မရယ်ငါမသေနိုင်ပါဘူးဟ ပန်းဖျား ဖျားတာပါစိတ်မပူပါနဲ့
"မဟုတ်ပါဘူး တော်ရယ်တော့်အတွက်ကြက်စွပ်ပြုတ်လေးလုပ်တိုက်ချင်တာပိုက်ဆံကလက်ထဲတစ်ပြားမရှိတော့မတိုက်နိုင်တာကိုစိတ်မကောင်းဖြစ်နေတာပါ
ါတော်ရဲ့"
"အမလေးကွာလုပ်မနေနဲ့သူတစ်ပါးအသက်ကိုသတ်ပြီးမှငါမကျန်းမာချင်ဘူးရှင်မရေဟု"ဇနီးကိုဖြေသိမ့်ပေးနေသောဦးသောင်းတစ်ယောက်ဝဲလာသောမျက်ရည်လေးကိုပုတ်ခတ်ကာပြောလိုက်သည်
"တော်အဆင်ပြေရဲ့လားထနိုင်ရဲ့လား"
"တော်ကျန်းမာလာအောင်ကြက်စွပ်ပြုတ်လေးပြုတ်တိုက်မှပါ "
"နေနေရှင်မရယ် ငါသက်သာတယ် ငါ့အတွက် အပူရှာမနေနဲ့ ဆန်ပြုတ်ပဲသောက်လို့ရတာပဲကို"
"ရှင်မရယ်ငါလဲထူထူထောင်ထောင်ဖြစ်လာပြီဆိုတော့
လုပ်ငန်းပြန်ဝင်တော့မယ် ပေးစမ်းဟငါ့ဓားလေး"
"ငါလုပ်ငန်းနားလိုက်တာနဲ့ပိုက်ဆံနဲ့ဝေးသွားလိုက်တာရှင်မရယ် မင်းလဲဒီတောတွင်းပင်ပန်းခဲ့မှာပဲနော်
"အမလေး တော်ရယ်မပင်ပန်းပါဘူး တော်ပြန်ကောင်းလာတာကိုပဲကျေးဇူးတင်လှပြီ"
"ငါဒီနေ့ခြင်းတောင်းရက်လို့ရတဲ့ပိုက်ဆံလေးကိုမနက်ဖြန်ကြက်စွပ်ပြုတ်လုပ်သောက်ရအောင်ကွာ"ဟုဦးသောင်းကပြောလိုက်တော့ဒေါ်ငွေစိန်တစ်ယောက်သားသမီးတွေကိုပြေးမြင်ယောင်လေသည်
မနက်ဖြန်ကြက်စွပ်ပြုတ်လုပ်သောက်ရင်မြေးလေးတွေကိုပါ
ခေါ်တိုက်ချင်သည်။ ။
သို့သော် ရတဲ့ ပိုက်ဆံနဲ့ကမလောက်မငှဖြစ်နေ၍စိတ်ကိုလျှော့လိုက်သည်
"အမလေး ရှင်ကလဲနေမကောင်းတာကြက်စွပ်ပြုတ်သောက်ချင်သေးတယ်ပေါ့ဟုတ်လား"
"ရှင်အလုပ်မလုပ်တော့ဘယ်ကဝင်ငွေရမလဲဘယ်မလဲကြက်စွပ်ပြုတ်"
"မဟုတ်ပါဘူးမိန်းမရယ် ငါဆန်ပြုတ်ပဲသောက်ရတာခံတွင်းမတွေ့လို့ပါ ကြက်စွပ်ပြုတ် လေးဆိုနေပြန်ကောင်းလာမလားလို့ပါကွာ
"ဒီလိုလုပ်ပါ့လားအမေ့တို့ဆီသွားပြီးငါနေမကောင်းလို့ကြက်စွပ်ပြုတ်
သောက်ချင်လို့ပိုက်ဆံလေးသွားချေးပါ့လားကွာ
"အိုတော်မသွားချင်ပါဘူးရှင့်အမေအိမ်မှာကျမကပိုက်ဆံသွားချေးရမဲ့
အစား အသေသာခံမယ်မသွားဘူးတော်ရေ"
"ကဲကဲမင်းမသွားလည်းငါပဲသွားမယ် ပြန်လာရင်တော့ပြုတ်တိုက်ဖို့လုပ်ထားတော့မိန်းမရေ
"အမလေးသွားစမ်းပါ ရလာရင်ထိုင်ရှိခိုးလိုက်ဦးမယ်တော်ရေ
"သားအကြီးဆုံးဖြစ်သူကအိမ်ထဲသို့ကုပ်ကုပ်လေးဝင်လာသည်ကို
ဒေါ်ငွေစိန်တစ်ယောက်အလန့်တကြားမေးလိုက်သည်
"ဟဲ့သားကြီးဘယ်လိုဖြစ်လာတာလဲနေမကောင်းဘူးလား မှန်းစမ်း ဟယ်ကိုယ်တွေပူပြီးအားနည်းနေတာပဲ
"နင့်အဖေလိုဖျားတာပဲသားရဲ့"ဟုဂရုဏာသက်စွာပြောနေသော
ဒေါ်ငွေစိန်တစ်ယောက်ပျာယာခပ်နေသည်။ ။
"အမေသားကြက်စွပ်ပြုတ်သောက်ချင်လို့ပိုက်ဆံတစ်ဆယ်လောက်ခနလှည့်ပါလားအမေ"
"သားစကားကိုကြားလိုက်တော့မိဘနှစ်ပါးရင်ထုမနာဖြစ်ကာသားကိုဖက်ကာငိုပါတော့သည်။ ။
ထို့နောက်အဖေဖြစ်သူကအမေဖြစ်သူကိုပြောလိုက်သည်။
"ရှင်မငါကတော့သူများအသက်သတ်ပြီးမကျန်းမာချင်လို့
ကြက်စွပ်ပြုတ်မသောက်ချင်ဘူး မင်းသားက သောက်ချင်တယ်ဆိုပေးလိုက်လေငွေတစ်ဆယ်"ဟုဦးသောင်းပြောလိုက်တဲ့စကားကိုကြားရသောဒေါ်ငွေစိန်တစ်ယောက်မျက်ရည်လေးစမ်းစမ်းဖြင့်ခါးကြားတွင်လှိမ့်ထားသောငွေတစ်ဆယ်ကိုထုတ်ကာသားဖြစ်သူကိုပေးလိုက်သည်။ ။
😐စိတ်ထဲတွင်လည်း
"သားအဖေလည်းကြက်စွပ်ပြုတ်သောက်ချင်နေတာသားရဲ့"ဟုအကြိမ်ကြိမ်အခါခါပြောနေမိတော့သည်
#Photo credit
(ကူးယူဖော်ပြခြင်းဖြစ်သည်)
No comments:
Post a Comment