❤️ လက်ချည်းဗလာ သင် ပြန်ရမည်တည်း
•••••••••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
မဟာအလက်ဇန္ဒား(Alexander the Great(356-323 BC)ဟာ ကွယ်လွန်အနိစ္စရောက်တော့ သေတမ်းစာတစ်စောင်ကို သူ ချန်ထားရစ်ခဲ့တယ်။ အဲဒီသေတမ်းစာက ဘာလဲ။
"ငါ သေပြီးတဲ့နောက်မှာ ငါ့ရဲ့လက်တွေကို ခေါင်းတလားရဲ့ အပြင်ဘက်မှာ ထုတ်ပေးစမ်းပါကွာ။ ဒါမှ ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့ ဧကရာဇ်ဘုရင်တစ်ပါးဟာ သူနဲ့အတူ ပိုင်မုန့်တစ်လုံးတောင် တစ်ပါးတည်း ယူဆောင်မသွားနိုင်ဘဲ လက်ချည်းဗလာသက်သက် သေဆုံးသွားရရှာတယ်လို့ လူတွေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တော့မှာဖြစ်ပါတယ်"တဲ့။
[မူရင်း။ M.K.Paul ၏ Empty Handed You Leave This World ကို ပြန်ဆိုပါသည်။]

No comments:
Post a Comment