🎯 ပြိုကွဲပျက်စီးသွားသော မျှော်လင့်ချက်များ
••••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
ဒဿနပညာရှင်ကြီး အေမာနူအဲလ်ကန့်(Emmanuel Kant)ဟာ တစ်ညနေခင်းမှာ အိမ်ကို ပြန်လာတုန်း လူငယ်လေးတစ်ယောက်က လမ်းမပေါ်မှာ သူ့ကို ရပ်တန့်စေပြီး ‘မင်္ဂလာညနေခင်းပါဦးလေး။
ခုနလေးပဲ ဦးလေးအိမ်ကို ရောက်ခဲ့သေးတယ်။ မနက်ဖြန်ကျရင် သားတို့ လူငယ်တချို့ ပျော်ပွဲစားသွားကြမလို့။ အဲဒါ ဦးလေးဆီက ကင်မရာငှားချင်လို့ လာခဲ့တာ။ ဦးလေးလည်း အပြင်ရောက်နေတာနဲ့ အစေခံဆီမှာ တောင်းလိုက်တာ။ သူက မရှိဘူးလို့ တုံးတိတိ ညဉ်းလွှတ်လိုက်တယ်။ အစေခံတစ်ယောက်က အဲဒီလို ပြောလွှတ်လိုက်သင့်သလားဦးလေး’လို့ ပြောလိုက်ပါတယ်။
လူငယ်လေးမှာက ဒေါသတွေနဲ့ မွှန်ထူနေတယ်။
‘အစေခံကတော့ အဲဒီလိုလုပ်တာ လုံးဝကို မလျော်ကန်ဘူးပေါ့ဗျာ။ ငါ ရှိတဲ့အချိန်ဆို ဘယ်သူငြင်းမှာလဲ။ ငါနဲ့ လိုက်ခဲ့ပါ’
လူငယ်လေးက ပျော်သွားတယ်။
သူတို့နှစ်ယောက် ကန့်အိမ်ကို ရောက်သွားကြတယ်။
အစေခံကို ခေါ်ပြီး လူကလေးရှေ့မှာ ဆူလိုက်တယ်။
ပြီးတော့ လူကလေးဘက်လှည့်ပြီး ကန့်က ပြောလိုက်တယ်။
‘အခု ငါ မင်းကို ပြောမယ်။
တကယ်တော့ ဦးလေးမှာ ကင်မရာ မရှိဘူးကွယ်’ တဲ့။
[မူရင်း။ Joji Valli ၏ Shattered Hopes ကို ပြန်ဆိုသည်။]

No comments:
Post a Comment