🎯 ရေမချိုးဖြစ်ရသည့်အကြောင်းရင်း ၁၀ ခု
•••••••••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
၁။ ကျွန်တော့်ကို ကလေးလေးတစ်ယောက်လို
အတင်းအကြပ် ရေချိုးခိုင်းကြတယ်ဗျ။
၂။ ရေချိုးတဲ့လူတွေဟာ ဟန်ဆောင်နေတဲ့လူတွေပဲ။ သူတို့ဟာသူတို့ တခြားလူတွေထက် ပိုပြီး သန့်ရှင်းတယ်လို့ ထင်နေကြတယ်။
၃။ ဆပ်ပြာအမျိုးအစားတွေက တအားကို ကွဲပြားခြားနားနေလေတော့ ဘယ်တစ်ခုကို သုံးရမလဲဆိုတာ ကျွန်တော် မဆုံးဖြတ်နိုင်သေးဘူး။
၄။ ကျွန်တော် ရေချိုးလေ့ရှိပါတယ်။ ဒါပေမဲ့ ပျင်းစရာကောင်းနေတော့ ရပ်ပစ်လိုက်တယ်။
၅။ အီစတာလို၊ ခရစ္စမတ်လို အခါကြီးရက်ကြီးတွေမှာတော့ ကျွန်တော် ရေးချိုးပါတယ်ဗျာ။
၆။ ကျွန်တော့်မိတ်ဆွေတွေလည်း ဘယ်သူမှ ရေမချိုးကြဘူးဗျ။
၇။ ကျွန်တော်ဟာ အင်မတန် ငယ်ပါသေးတယ်ဗျာ။ အသက်ကြီးလာလို့ ပိုပြီး ညစ်ပတ်သွားတဲ့အခါကျမှ ရေတော့ စချိုးပါမယ်ဗျာ။
၈။ ရေချိုးဖို့ ကျွန်တော့်မှာ အချိန်မရှိလို့ပါဗျာ။
၉။ ရေချိုးခန်းက ဘယ်တော့မှ နွေးတယ်ရယ်လို့ မရှိလို့ပါဗျာ။
၁၀။ ဆပ်ပြာရောင်းတဲ့လူတွေက ခင်ဗျား ပိုက်ဆံကို လိုချင်လို့ပဲ ဆပ်ပြာထုတ်ရောင်းကြတာဗျ။ (ခင်ဗျားကို ရေချိုးစေချင်လို့မှ မဟုတ်တာ။)
[မူရင်း။။ Rev. Sidney Laing of Dublin ၏ 10 Reasons Why I Never Wash ကို ပြန်ဆိုခြင်းသာ။]
😜😜😜😜😜
No comments:
Post a Comment