ကွန်စတင်တိုင်းဘုရင်သည် ပထမဆုံးကျောင်းတော်ကြီးကို သံပေတရူး တရားတော်အတွက် အသတ်ခံရသော နေရိုဘုရင်
၏ ဆပ်ကပ် ခေါ် ပွဲကျင်းပရာနေရာတွင် တည်ရှိသော သံပေတရူး၏ အုတ်ဂူပေါ်တွင် အေဒီ (၃၂၄) ခုနှစ်တွင်
တည်ဆောက်ခဲ့သည်။ ယခုလက်ရှိကျောင်းတော်ကြီးကို ပဉ္စမမြောက်ရဟန်းမင်းကြီး နီကောလားက ၁၄၅၂ခုနှစ်တွင်စတင်
တည်ဆောက်သည်။ သံပေတရူး၏ ဘုရားကျောင်းတော်ကြီးသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးကျောင်းတော်ကြီး
ဖြစ်သည်။ ကျောင်းတော်၏ အလျားသည် ၂၁၁.၅ မီတာ ဖြစ်သည်။ မြေကြီးမှ အုပ်ဆောင်းပုံ ပြဿာဒ်ထိပ်အထိ ၁၃၂.၅
မီတာဖြစ်သည်။ ကျောင်းတော်ကြီး၏ ရှေ့မျက်နှာစာသည် ၁၁၄ မီတာရှည်ပြီး အမြင့်မှာ ၄၅မီတာ ဖြစ်သည်။
အုပ်ဆောင်းပုံ ပြဿာဒ်ထိပ်ရောက်ရှိရန် လှေကားထစ်(၅၃၇) ထစ် တက်ရသည်။ ကျောင်းတော်ကြီး၏ ရင်ပြင်ကြီးကို
တစ်တန်းလျှင်(၄) တိုင်၊ ကျောက်တိုင်ကြီး (၂၈၄) တိုင်ဖြင့် ပတ်လည်တည်ဆောက်ထားသည်။ ထိုတိုင်များ၏
အထက်တွင် ရဟန္တာ တို့၏ ဆင်းထု (၁၄၀) ကို တင်ထားသည်။ ရင်ပြင်အလယ်၌ စိုက်ထူထားသော အဖျားရှူးလေးမြှောင့်
ပုံ ကျောက်တိုင်ကြီးကို ကာလီဂူလားသည် အီဂျစ်ပြည်မှ ရောမမြို့သို့ယူဆောင်ခဲ့သည်။ ယင်း၏ အမြင့် မှာ (၁၄၁) မီတာ
ရှိသည်။
ပုပ်ရဟန်းမင်းကြီးများ၏ ပုံတော်များအား ရေဆေးပန်းချီ၊ နံရံပန်းချီများဖြင့် ရေးဆွဲထားသည်ကို ပီဆာ (Pisa) ရှိ စိန့်ပီတာ
ဘုရားကျောင်းတော်ကြီး၊ Siena ရှိ ကက်သီဒြယ်ကျောင်းတော်ကြီး၊ ရောမမြို့ ဗာတိကန် ရှိ စိန့်ပီတာဘုရားကျောင်းတော်
ကြီး၊ ရောမမြို့ Altieri နန်းတော်၊ Turin တူရင်မြို့ရှိ ကျောင်းတော်ကြီး စသည်တို့တွင် တွေ့ရှိရသည်။ သို့သော်
ရောမမြို့တော်ကြီး၏ မြို့ရိုးအ ပြင်ဘက်ရှိ စိန့်ပေါလ်ကျောင်းတော်ကြီးတငွ် ရေးဆွဲထားသော တံဆိပ်ပုံသဏ္ဍာန်ပန်းချီ
များသည် စုံလင်ပြီး ရှေးအ ကျဆုံးနှင့် ခေတ်အ မှီဆုံး ဖြစ်သည်။ ယင်းနံရံဆေးရေးပန်းချီများကို အေ ဒီ၄၉၈ တွင်
စိန့်မဟာလေအိုက စတင်ဆောင်ရွက်ခဲ့သည်။ ယင်းတို့ကို ယနေ့ Mosaic ခေါ် ကျောက်စီပုံများဖြင့် မွမ်းမံထားသည်။
ယင်းပန်းချီ ပုံဝိုင်းများ၏ အ ချင်းသည် ၁.၉၀ မီတာရှိပြီး ပုပ်ရဟန်းမင်းကြီး၏ နာမည်ကို ပုံ၏ထိပ်၌၊ နန်းစံသက်ကို
အောက်ခြေ၌ရေးထားသည်။
ပုံများကို ဘုရားကျောင်းတော်ကြီး၏ လက်ဝဲဘက် အထက်ထိပ်တွင် စတင်ရေးဆွဲ၍ အလယ်ခန်းမကြီးနှင့် ဘေးနှစ်ဘက်ရှိ
ခန်းမများတွင် ဆက်လက်ရေးဆွဲထားသည်။ နောက်ဆုံးပုပ်ရဟန်းမင်းကြီး များ၏ ပုံများကို လက်ယာဘက် ခန်းမအ ဆုံး
တွင် ရေးဆွဲထားသည်။
No comments:
Post a Comment