အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, August 3, 2017

ရှင်သန်ခြင်း နိယာမ

ရှင်သန်ခြင်း နိယာမ
*********************
ကလေးတစ်ယောက် . . .

ဝေဖန်ခံရမူတွေနဲ့ ကြီးပြင်းခဲ့ရရင်
အပြစ်ဖို့ ဆုံးဖြတ် တတ်လာတယ်။

ရန်လိုခြင်းတွေနဲ့ ရှင်သန်ခဲ့ရရင်
မုန်းတီး တိုက်ခက် တတ်လာတယ်။

လှောင်ပြောင်ခြင်းတွေနဲ့ သရော်ခံခဲ့ရရင်
သိမ်ငယ် ပျော့ညံ့ တတ်လာတယ်။

ရှက်ကြောက်မူတွေနဲ့ ဖြတ်သန်းခဲ့ရရင်
အပြစ်ရှိသလို ခံစားတတ်လာတယ်။

စိတ်ရှည်စွာနဲ့ လက်တွဲကူလျှောက်ပေးခံရရင်
ဖေးမ ကြင်နာ တတ်လာတယ်။

စိတ်ဓါတ်မကျအောင် အားပေးခံရရင်
ကိုယ်ပိုင်ယုံကြည်မူတွေ တိုးလာတယ်။

ချီးမွမ်း ဂုဏ်ပြုခံရရင်
သူတစ်ပါးကိုလည်း အသိအမှတ်ပြု တတ်လာတယ်။


မျှမျှတတ ဆက်ဆံခံရရင်
တရားမျှတစွာ ပြုမှုတတ်လာတယ်။

လုံခြုံငြိမ်းချမ်းစွာ ထွေးပွေ့ခံရရင်
ယုံကြည်စိတ်ချမူတွေ ရှိလာတယ်။

အချစ်ခံရခြင်းတွေနဲ့ ကြီးပြင်းခဲ့ရရင်
ချစ်တတ်အောင်လည်း သင်ယူတတ်လာတယ်။

သီကိုရှင်း

No comments:

Post a Comment