အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 18, 2017

သြဂုဏ်လ (၁၉) ရက်နေ့  ယနေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ ရှင် စိန်ဂျွန်အက်ဇ်


 ယနေ့ ပွဲနေ့ ရှင်သည် (၁၆၀၁) ခု၊ ပြင်သစ်နိုင်ငံတွင်မွေး ဖွားသန့် စင်ခဲ့သည်။ ရဟန်းဘောင်သို့ မ၀င်ရောက်မည်လောကီပညာ များစွာကိုသင်ကြားတတ်မြောက်ခဲ့သူဖြစ်သည်။ ရဟန်းသိက္ခာခံယူပြီးေ နာက်ငယ်ရွယ်စဉ်တွင်၊ နေရာဒေသအနှံ့တရားဒေသနာတော် ကိုဟော ကြားသက်သေခံခဲ့ပြီး၊ သမင်မွေးရင်းကျားစားရင်း၊ အိတ်ပေါက်နှင့် ဖားေ ကာက်ရာရောက်နေသောကြောင့်၊ ထိုအခြေအနေကိုအကောင်းဆုံး ကိုင် တွယ်ဖြေရှင်းရန်မှာပညာရေးကိုဇောက်ချ လုပ်ဆောင်မည့်ဇွဲအား ထက် သန်သော၊ စိတ်တူကိုယ်တူရှိသည့်ပညာတတ်ရဟန်းပျိုများမွေးထုတ်ေ ပးခြင်းဖြစ်ကြောင်းစိတ်ကူးရလာ၍၊ နောက်ဆုံး၌ပညာရေးကိုဇောင်းပေး လုပ်ဆောင်သောရဟန်းအသင်းတစ်သင်းကိုထူထောင်ခဲ့သည်။ ထိုအ သင်းကို “ယေဇူးသခင်နှင့်အမိမယ်တော်အသင်း” ဟုလည်းကောင်း၊ အင်္ဂ လိပ်ဘာသာဖြင့် Eudists ဟု၍လည်း ကောင်း၊ တည်ထောင်သူ၏ အ မည်ကိုလိုက်၍မှည့်ခေါ်ထားခြင်းဖြစ်သည်။



ဤအသင်း၏ရ ဟန်းတော် များအနေဖြင့်ရ ဟန်းဖြစ်လာမည့်ရဟန်းလောင်းကိုရင်များအားပညာနို့  ရည်တိုက်ကျွေးရန်အဓိကလုပ်ဆောင်ပါသည်။ ထို့ အတူလေ လွင့်၊ ပျက် စီး၊ ဖျက်ဆီးခံအမျိုးသမီးများအားထိန်းသိမ်းစောင့်ရှောက်၍ပြန်လည် ထူထောင်ပေးရန်ရည်ရွယ်၍ “ကရုဏာ ရှင်အမိမယ်တော်” အမည်ပေး ၍အမျိုးသမီးသီလရှင်အသင်းကိုလည်းတည်ထောင်ခဲ့ပါသည်။ ထို့  အပြင်ယေဇူးရွှေနှလုံး တော်အားသဒွါကြည်ညိုခြင်းများပျံ့နှံ့ အောင်လည်း အပတ်တစ်ကုတ်ကြိုးစားလုပ်ဆောင်ခဲ့သည်။ သူသည် (၁၆၈၀) တွင်ပျံ လွန်သွားခဲ့ပါသည်။
                 ယနေ့ ပွဲနေ့ှရင်စိန်ဂျွန်အက်ဒ် “ယေဇူးရွှေနှလုံးတော်အား သဒွါကြည်ညိုခြင်း” နှင့်စပ်လျင်း၍အောက်ပါအတိုင်းရှင်းပြခဲ့သည်။ ယေဇူးခရစ္စတူးသခင်သည်ကျွန်ုပ်တို့၏ဦးခေါင်းအစစ်ဖြစ်သည်ကိုမမေ့လျှော့လေနှင့်။ ထို့ အတူကျွန်ုပ်တို့ သည်သူ၏ခနွာကိုယ်အ စိပ်အပိုင်း များဖြစ်ကြသည်။ သူ၌ရှိသောအရာအားလုံးသည်ကျွန်ုပ်တို့ အထဲ၌ရှိနေ ပါသည်။ သူ၏၀ိညာဉ်၊ သူနှလုံးသား၊ သူ၏ခနွာ၊ သူ၏စိတ်၊ အစ ရှိသော ခနွာကိုယ်အစိပ်အပိုင်းအားလုံးသည်မိမိကိုယ် ပိုင်ကဲ့သို့ အသုံးပြုရန် ကျွန်ုပ်တို့ အားခွင့်ပြုပေးထားပါသည်။ ထို့ ကြောင့်ကိုယ်တော်ရှင် အားေ ကာင်းစွာအစေခံခြင်း သည်သူ့ အားချီးမွှမ်းရာ၊ ချစ်ရာ၊ ဂုဏ်ပြုရာလည်းေ ရာက်ပါသည်။ ထို့ အတူသူသည်လည်းကျွန်ုပ်တို့ ၏ခနွာကိုယ်အစိပ် အ ပိုင်းအားလုံးကိုခမည်းတော်ဘုရား၏ဘုန်းတော်ဂုဏ်တော်အတွက်အ သုံးပြုလိုပါသည်။
            သူသည်ကျွန်ုပ်တို့ ၏အပိုင်ဖြစ်ရုံမကဘဲ၊ ကျွန်ုပ်တို့ နှင့်အတူနေ ထိုင်လိုသည်၊ အုပ်ချုပ်လို သည်။ ဦးခေါင်းသည်ခနွာကိုယ်တစ် ခုလုံး ကို ဦးစီးလေ့ရှိသည်။ သူ၌ရှိသောအရာအားလုံးကိုကျွန်ုပ်တို့ ထံကူပြောင်းလွှဲ ပေးလိုသည်။ သူ၏စိတ်ကုကျွန်ုပ်တို့ ၏စိတ်ထဲသို့ ၊ သူ၏နှလုံးသား ကိုကျွန်ုပ်တို့ ၏နှလုံးသားထဲသို့ ၊ သူ၏၀ိညာဉ်၌ရှိသ မျှကိုကျွန်ုပ်တို့ ၏၀ိ ညာဉ်ထဲသို့ လည်းကောင်း၊ “ဂုဏ်ပြု၍ဘုရားသခင်ကိုသင် ၏ခနွာကိုယ် ၌ဆောင်ထားလော။ ယေဇူး သခင်၏အသက်တာသင်တို့ ၌ထွန်းလင်းေ စကြလော” ဟူသည့်မိန့် ဆိုချက်ပြည့်စုံစေရန်ဖြစ်သည်။
 ကျွန်ုပ်တို့ သည်ဘုရားသားတော်နှင့်ဆိုင်သည်။ ခနွာသည်ဦးခေါ င်းနှင့်တွဲစပ်နေသကဲ့သို့  ကျွန်ုပ်တို့ သည်လည်းသူနှင့်ရှိနေရမည်။ ကျွန်ုပ် တို့ ၌ရှိသောအရာအားလုံးသူနှင့်ချိပ်ဆက်နေရမည်။ သို့ မှသာသူ့ ထံမှ အသက်ကိုရပြီး၊ သူ၏အုပ်စိုးခြင်းကိုခံရမည်။ စစ်မှန်သောအသက် သည် သူ့ ထံမှလွှဲ၍ကျွန်ုပ်မည်သည့်နေရာ၌မျှမတွေ့  နိုင်။ အဘယ်ကြောင့် ဆိုေ သ်ာသူသည်အသက်၏အစမူလဖြစ်သည်။ သူ့ ထံမှလွှဲလျှင်ပျက်စီးခြင်းနှ င့်သေခြင်းကိုသာ တွေ့ ရပေမည်။
 သူ့ ကိုသာလျှင်ကျွန်ုပ်တို့ ၏အပြုမူ၊ ခံစားချက်၊ အစွမ်းများ၏ပဲ့ကိုင် ရှင်ဖြစ်စေတော်မူပါ။ သူ နှင့်အတူရှင်သန်၍၊ သူအတွက်ရှင်သန်ရမည်။ “မည်သူမျှမိမအတွက်သာအသက်ရှင်သည်မဟုတ်။ မည်သူမျှလည်းမိမိ အတွက်အသက်သေသည်မဟုတ်။ ငါတို့ သည်အသက်ရှင်ကြ လျှင်သ ခင်ဘုရားအတွက်အသက်ရှင်ခြင်းဖြစ်၍၊ သေကြ လျှင်လည်းသ ခင်ဘု ရားအတွက်သေခြင်းဖြစ်၏။ ထို့ ကြောင့်ငါတို့ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါတို့  သည်သခင်ဘုရားပိုင်ဆိုင်သောသူများဖြစ်ကြ၏။ ထိုအကြောင်းကြောင့်ပင်ခရစ်တော်သည်သေသူရှင်သူတို့ ၏အရှင် သ ခင်ဖြစ်အံ့သောဌာအသေခံပြီးမှတစ်ဖန်အသက်ပြနှ်ရှင်တော်မူ၏” ဟုမိန့်  ခဲ့သောတပည့်တော်ကြီးရှင်ပေါလု၏စ ကားကဲ့သို့ ဖြစ်ပါသည်။ (ရော မသြ၀ါဒစာ ၁၃း၇-၉)
 ဦးခေါင်းနှင့်ခနွာကိုယ်သည်တဆက်တစပ်တည်းရှိသကဲ့သို့ ၊ ကျွန်ုပ် တို့ သည်လည်းခရစ္စတူး သခင်နှင့်ခွဲာ၍မရနိုင်။ ခရစ်ယာန်တစ်ဦးအသက် တာ၌အထက်ကဆိုသောပတ်သက်ဆက်နွယ်မူဆေးကြောခြင်းမင်္ဂလာ ၌ သနွေတည်သည်။ ခရစ္စမားအားပေးခြင်းစက္ကရာမင်း တူအားဖြင့် အင် အားဖြည့်တင်းပေးပါသည်။ အခြားသောကျေးဇူး တော်များကိုကောင်း စွာ အသုံးပြုခြင်းဖြင့်ဘုရားသခင်သည်ယေဇူးသခင်အားကျေးဇူးတော်ဝေဌရန်စေလွှတ်ခဲ့ပြီး၊ ကိုယ် တော်မြတ်စက္ကရာမင်းတူ အားဖြင့်ပြည့်ဝစုံ လျင်ခြင်းသို့ ရောက်ကြရကြောင်းရှင်းပြထားပါသည်။

Credit to Cle Pike

No comments:

Post a Comment