ကလေးသူငယ်များနှင့် ထိခိုက် လွယ်သော အခြားသူများအား ကာကွယ် စောင့်ရှောက် ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက် သလစ် ရဟန်းဖြစ် တက္ကသိုလ်တွင် ဇူလိုင် လ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဤ အကြောင်းအရာသည် ကက် သလစ် အသင်းတော် အတွင်း မျက်ကွယ် ပြုထား၍ မရသော အရာ တစ်ခုဖြစ် နေ သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ကက်သ လစ် အသင်းတော်သည်လည်း လိုအပ် သည့် ပြင်ဆင်မှုများလုပ်နိုင်ရန် ဤ အ လုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်သည် ဟု စီစဉ်သူများထံမှ သိရသည်။
အလုပ်ရုံ ဆွေးနွေးပွဲအား ဦး ဆောင်သူမှာ ပုပ်ရဟန်းမင်းကြီး၏ ရုံး တော် ကလေးသူငယ်များနှင့် ထိခိုက် လွယ်သော သူများ ကာကွယ်စောင့်ရှောက် ရေး ကော်မရှင် အဖွဲ့ဝင် ဂျက်ဇ်ဝတ် ဘုန်း တော်ကြီး ဖါသာရ် ဟန်းစ် ဇိုလ်နာ ဖြစ် သည်။ ထိုရုံးတော်သည် ဤ ကဏ္ဍအား တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကာ ကမ္ဘာတဝှမ်းတွင် ဖြစ်နေသော အရေးကိစ္စ များကိုလည်း ကိုင်တွယ် ဆောင်ရွက် ပေး နေသည်။ ပြဿနာဖြစ်လာမှ ဖြေရှင်းသည် ထက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းသည်။ ထို့ကြောင့် ပညာပေးခြင်း ဖြင့် ကာကွယ်ခြင်းဖြစ်ကြောင်း ဘုန်းတော် ကြီးက ရှင်းပြခဲ့သည်။
ထို အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံရှိ ကက်သလစ် သာသနာ ၁၆ ခုမှ ကိုယ်စားလှယ် ဘုန်းတော်ကြီး ၃ ပါးစီနှင့် သူတော်စင် အသင်းဂိုဏ်းများမှ ၂ ပါးစီ တက်ရောက်ကြပြီး ကက်သလစ်အသင်း တော်၏ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ် စားလှယ်များလည်း တက်ရောက်ကြသည်။ တောင်ကြီးဂိုဏ်းချုပ်သာသနာ၊ ဗန်းမော်၊ မြစ်ကြီးနားနှင့် ပြည် ဂိုဏ်းအုပ်သာသနာ များမှ ဆရာတော်ကြီးလည်း တက်ရောက် ပါဝင်ခဲ့ကြပြီး တက်ရောက်သူ စုစုပေါင်း ၁၅၄ ဦးရှိသည်။
ပထမနေ့တွင် အခမ်း အနားမှူး ဖါ သာရ် မာရီယာနို စိုးနိုင်မှ အလုပ်ရုံဆွေးနွေးပွဲ သုံးရက် တာအတွင်း လုပ်ဆောင်မည့် အကြောင်းအရာများကို အစီရင်ခံပြီး၊ ရ ဟန်းဖြစ်တက္ကသိုလ်၏ ကျောင်းအုပ် ဘုန်း တော်ကြီး ဖါသာရ် စိပရီယန် အောင်ဝင်းမှ ဖါသာရ် ဟန်းစ် ဇိုလနာနှင့်အတူ ကြွရောက် လာကြသော ဧည့်သည်တော်များအား ကြို ဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဖါသာရ် ဟန်းစ် ဇိုလ်နာ က ကမ္ဘာတဝှမ်းတွင် ကလေး သူ ငယ်များ မတော်မတရား ပြုလုပ်ခံနေရသည့် အခြေအနေ နှင့် သဘောသဘာဝကို စာ ရင်း ဇယားများဖြင့် တင်ပြပြီး အသင်းတော် ဖက်မှ မည်သို့ တုန့်ပြန်ဆောင်ရွက်နေသည် ကို ရှင်းလင်းပြခဲ့သည်။ နေ့ခင်းပိုင်းတွင် မ တော် မတရား ပြုကျင့်ခံရသည့် သူများ၊ သားကောင် ဖြစ်ကြရသည့် ကလေးငယ်များ နှင့် အရွယ်ရောက်ပြီးသော်လည်း မိမိကိုယ် ကို ခုခံကာကွယ်နိုင်စွမ်း မရှိသူတို့၏ နစ်နာ မှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ တင်ပြချက်များ အကြားတွင် ပါဝင်တက်ရောက်သူတို့၏ မေးမြန်းချက်များ ကိုလည်း ပြန်လည် ဖြေကြားခဲ့သည်။
ဒုတိယနေ့တွင် မတော်မတရား ပြု ကျင့်သူတို့၏ စိတ်နေသဘောထားနှင့် အမူ အကျင့်များကို တင်ပြခဲ့ပြီး သူတို့အား မည် ကဲ့သို့ ကိုင်တွယ်ရမည်ကို အသင်းတော်မှ ချမှတ်ထားသော ဥပဒေ နည်းလမ်းများကို ပြောပြခဲ့သည်။
ဒုတိယရက် နေ့ခင်းတွင် ထိုကဲ့သို့ မတော်မတရား ပြုမူမှုများကို ဘုန်းတော်ကြီး များ သူတော်စင်များ အသိုင်းအဝိုင်းတွင် မရှိစေရန် ဘေးကင်းလုံခြုံရေး ကို မည်ကဲ့ သို့ ဆောင်ရွက်ကြရမည်ကို တင်ပြခဲ့သည်။ ထိုအချက်မှာ အဓိက အားဖြင့် ဘုန်းတော် ကြီးများ သူတော်စင်များ မွေး ထုတ်ပေးရာ ရဟန်းဖြစ်ကျောင်းများ၏ ပုံသွင်း တည် ဆောက်ပေးခြင်း နည်းလမ်း များ၊ လုပ်ထုံး လုပ်နည်းများကို ပြန်လည် ဆန်းစစ်ပြုပြင်ဖို့ လိုကြောင်း အကြံပြုခဲ့ သည်။ ရဟန်းဖြစ်သင် ကျောင်းသားတို့၏ စိတ်နေစိတ်ထားကို အ ကောင်းဆုံး သိနိုင်ရန် စိတ်ပညာကဏ္ဍမှ အကူအညီရယူဖို့လို သလို၊ ဘုရားသခင်၏ ခေါ်တော်မူခြင်း ကျေးဇူးတော်ကိုလည်း တန်ဘိုးထားဖို့ လိုသည်ကို အသေးစိတ် ရှင်းပြခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့ တွင် ပို့ချချက်များ မရှိတော့ဘဲ ပါဝင် တက် ရောက်သူတို့၏ အဖွဲ့လိုက် ဆွေးနွေးခြင်းကို မနက်ပိုင်း တစ်ခုလုံး ပြုလုပ်ခဲ့သည်။ ဆွေး နွေးပွဲ အတွက် မေးခွန်းများ ထုတ်ပေးရာတွင် လက်ရှိ အခြေအနေကို သုံးသပ်ခြင်းကဏ္ဍ နှင့် ရှေ့ဆက် ဆောင်ရွက်သင့်သည့် စီမံ ကိန်းကဏ္ဍ နှစ်ခုပါဝင်သည်။
နေ့လည်ပိုင်းတွင် အဖွဲ့လိုက် ဆွေးနွေးခြင်းမှ ထွက်ရှိသော အဖြေများကို စုစည်းတင်ပြကာ ထို အချက်များအပေါ် ဝေ ဖန်ခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းများကို နေ့လည် ၃ နာရီအထိ ပြုလုပ်ခဲ့သည်။
နေ့လည် ၃ နာရီ ၁၅ မိနစ် အချိန် တွင် ကျေးဇူးတင်မစ္ဆားကို ဖါသာရ် ဇိုလ်နာ မှ ဦးဆောင်ပူဇော်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ ကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
ဤ အလုပ်ရုံဆွေးနွေးပွဲမှ ထွက် လာမည့် ရလဒ်မှာ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော် အနေနှင့် ဤ ကိစ္စရပ်များ အတွက် တိကျရှင်းလင်း ပြတ်သားသော မူဝါဒတစ်ခု ရေးဆွဲ ချမှတ်နိုင်ရန် ဖြစ်သည်။ ထိုလုပ်ငန်းကို ကော်မတီတစ်ခု ဖွဲ့စည်း ဆောင်ရွက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ သူတော်စင် အသင်း ဂိုဏ်များတွင် မူဝါဒနှင့် လမ်းညွှန်ချက်များ ပြုလုပ်ထားပြီး ဖြစ်ကြောင်းသိရသည်။ သို့ သော် မြန်မာနိုင်ငံကက်သလစ် အသင်း တော် တစ်ခုလုံး အတိုင်းအတာဖြင့် မူဝါဒနှင့် လုပ်ထုံလုပ်နည်းများ ချမှတ်ရန် အချိန်ပင် နှောင်းနေပြီ၊ အမြန်လုပ်သင့်ပြီ ဟု မှတ်ချက် ချပြောဆိုမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ဤ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်ကို မမြန် ဆုံး အကောင်အထည်ဖေါ်ရန် တက်ရောက် သူများက ဆန္ဒပြုခဲ့ကြ သည်။
CBCM-OSC
No comments:
Post a Comment