မွေး - (၁၁၁၈)၊ ပျံလွန် - (၁၁၇၀) ဒီဇင်ဘာ (၂၉)ရက်နေ့၊
ယနေ့ပွဲနေ့ရှင်မမှာစိန်သောမတ်(စ်)ဘက်ကက်ဖြစ်သည်။ သူ့ အား (၁၁၁၈) ခု၊ လန်ဒန်တွင်မွေးဖွားသန့် စင်ခဲ့သည်။ သူသည် (၁၁၆၂) ခု၌အင်္ဂလန်နိုင်ငံ၊ ကန်တာဘူရီမြို့၏ဂိုဏ်းချုပ်ဆရာတော်အဖြစ်ရွေးချယ် တင်မြောက် ခြင်းခံခဲ့ရသည်။ ဂိုဏ်းချုပ်ဆရာတော်အဖြစ်ရွေးချယ်တင် မြောက်ခြင်းမခံခင်၌သူ၏သတ္တိ၊ ဗျတ္တိနှင့်လက် ရုံးရည်၊ နှလုံးရည် အကြောင်းသိပ်မသိခဲ့ရ။ ဆရာတော်တစ်ပါးအဖြစ်ရွေးချယ်ခံရပြီးနောက် မှသူသည်အမှန်တရားနှင့် ပတ်သက် လာလျှင်မကြောက်မရွံ့၊ မားမားမတ် မတ်ရပ်တည်ဝံ့သူ၊ ဝိညာဉ်ရေးအသက်တာနှင့်ကျင့်စဉ်၌လည်းကျင့်ကြံ အားထုတ်မူအလွန်ကောင်းသောသူတော်စင်တစ်ပါးဖြစ်သည်ကိုသိလိုက်ရပါသည်။
သူသည်ဘာသာရေးခေါင်းဆောင်ဖြစ်နေသော်လည်းသူ့ခေတ်အ ခါ၌နိုင်ငံ့ခေါင်းဆောင်များသည်ဘာသာ ရေးခေါင်းဆောင်များ၏အခက် အခဲ၊ အကြပ်အတည်းများ၌အကြံကောင်းဉာဏ်ကောင်းများပေး၍ကူညီ ခြင်း၊ တစ်ခါတရံကိုယ်တိုင်ဝင်ရောက်၍ဖြန်ဖြေပေးခြင်းများကိုပြုလုပ်ေ ပးလေ့ရှိရာသူသည်အင်္ဂလန်နိုင်ငံ၏မော်ကွန်းထိန်းအဖြစ်လည်းနိုင် ငံတော်၏အကျိုးကိုသယ်ပိုးဆောင်ရွက်ခဲ့သကဲ့သို့၊ အင်္ဂလန်နိုင်ငံ၏ပြည့် ရှင်မင်းကြီးဟင်နရီ (၂) နှင့်လည်း အလွန်ရင်းနှီးသူဖြစ်သည်။ လူပုဂိုလ် ရင်းနှီးသော်လည်းဘာသာရေး၊ သာသနာရေးကိစ္စများနှင့်ပတ်သက်လာ လျင်ဘုရင်ဖြစ်သော်လည်းမငဲ့၊ အမှန်တရားကိုဖက်တွယ်ကာဘုရင့်အား လည်းပြန်လည်ထောက်ပြ၊ ဆုံးမစရာရှိလာလျင်ပြုလုပ်လေ့ရှိသူဖြစ် သည်။ မင်းလိုလိုက်မင်းကြိုက်ဆောင်တတ်သောရပ်တည်မူပျော့ညံ့သည့်၊ အခွင့်အရေးကို မျှော်ကိုး သည့်၊ ဘာသာရေးကိုခုတုံးလုပ်ကာမိမိအခွင့် အရေးကိုဖန်တီးသောခေါင်းဆောင်မဟုတ်ပေ။
သူသည်ဘုရင်အားမမှန်မကန်လုပ်ဆောင်နေခြင်းများအတွက်ပြန် လည်ထောက်ပြပြောဆိုခဲ့သောကြောင့်ပြည်နှင်ဒဏ်ပေးခံ လိုက်ရာပြင် သစ်ပြည်သို့သွားရောက်သီတင်းသုံးခဲ့သည်။ ထိုသို့ပြည်နှင် ဒဏ်ပေး ခံလိုက် ရသော်လည်းသူသည်စိတ်ဓာတ်ကျ၊ စိတ်ပျက်ကာထင်ရာဆိုင်း မနေဘဲဘာသာတရားမှီဝဲဆည်းကပ်ရာ၌အားကောင်းခဲ့သူ ဖြစ်လေ ရာပြင်သစ်ပြည်ရှိရသေ့ကျောင်း (Cistercian) တွင်ခြောက်နှစ်တာမျှခို လုံရင်းဝိညာဉ်ရေးအသက်တာပိုမို အားကောင်းစေရန်အတိုးချကြိုးစား ရင်းဘဝကိုပြန်လည်တည်ဆောက်ခဲ့သည်။ ၎င်းနောက်အင်္ဂလန်နိုင်ငံသို့ ပြန် ကြွသွားပြီးသီတင်းသုံးနေစဉ်သူ့အပေါ်အငြိုးအတေးရှိနေသောဘု ရင်၏အစေအပါးများ၏ရက်စက်စွာလုပ်ကြံသတ် ဖြတ်ခြင်းကို (၁၁၇၀) ဒီဇင်ဘာ (၂၉) ရက်နေ့တွင်ခံလိုက်ရပါသည်။