အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

အမြဲတမ်း ကျေးဇူးတင်တတ်ပါစေ

🎯 အမြဲတမ်း ကျေးဇူးတင်တတ်ပါစေ
      •••••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)

လွန်ခဲ့တဲ့နှစ်များစွာက အတွေးအခေါ်ပညာရှင်တစ်ဦးဟာ လူဆိုးဓားပြတွေက ဖမ်းပြီး သူ့ပိုက်ဆံအိတ်ကို လုယူသွားကြပါတယ်။

သူသေသွားတဲ့အခါ ဓားပြတွေက အဲဒီကံဆိုးမိုးမှောင်ကျခဲ့တဲ့နေ့က သူ့ဒိုင်ယာရီထဲမှာ ရေးမှတ်ထားတာလေးတစ်ခု တွေ့ရှိသွားကြတယ်။ 

"ဒီကနေ့မှာ ကျွန်တော်ဟာ လုယက်ခံရပါတယ်။ 
ဒါပေမဲ့ ကျွန်တော့်မှာ ကျေးဇူးတင်ရမယ့် 
အကြောင်းပြချက် ၄ ခု ရှိပါသေးတယ်။
 
ပထမဆုံးအ‌နေနဲ့ ကျေးဇူးတင်ရမှာက ကျွန်တော်ဟာ အရင်က လုယက်ခြင်းမခံရဖူးပါဘူး။ 
အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ 

ဒုတိယအနေနဲ့ သူတို့က ကျွန်တော့်ပိုက်ဆံအိတ်ကိုပဲ လုယူသွားကြတာ။ 
ကျွန်တော့်အသက်ကိုတော့ လုယက်မသွားခဲ့ကြဘူး။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ 

တတိယအနေနဲ့ သူတို့တတွေက ကျွန်တော့်မှာ ပါလာသမျှ ယူသွားကြတာ။
ဒါပေမဲ့ အဲဒါတွေဟာ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးမဟုတ်ခဲ့ဘူး။
အဲဒီအတွက် ကျေးဇူးတင်ပါတယ်။

နောက်ဆုံး စတုတ္ထအနေနဲ့ ကျေးဇူးတင်နေမိတာကတော့ လုယက်ခံရသူဟာ ကျွန်တော်ဖြစ်နေပြီး 
လုယက်မှုကို ကျူးလွန်သူဟာ 
ကျွန်တော်မဟုတ်တဲ့အတွက် 
ကျေးဇူးတင်ပါတယ်ခင်ဗျား"တဲ့။

[မူရင်း။ M.K.Paul ၏ Thanking Always ကို ပြန်ဆိုသည်။]

No comments:

Post a Comment