အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ရန်သူဘယ်သူလဲ

ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်း တခု ထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး၊
ဒါပေမဲ့ ခင်ဗျားက ဖန်ပုလင်း ကို ခပ်ကြမ်းကြမ်း လေး လှုပ်ပြီး ပုရွက်ဆိတ်တွေကို စားပွဲ ပေါ် လွှတ်ပေးလိုက်တာနဲ့ သည်ကောင်တွေ တကောင်နဲ့ တကောင် တိုက်ခိုက် သတ်ဖြတ်ကြတော့တာပါပဲ၊

ပုရွက်ဆိတ်အနီကောင်တွေ က အမဲ ကောင်တွေ ကို ရန်သူလို့ ထင်သွား တဲ့ အချိန်မှာ
ပုရွက်ဆိတ်အမဲကောင်တွေက လည်း အနီကောင်တွေဟာ သူတို့ရဲ့ ရန်သူလို့့ ယုံကြည်သွားကြပါတယ်။

တကယ့် ရန်သူ အစစ် ကတော့ ဖန်ပုလင်း ကို လှုပ် လိုက်တဲ့ သူပါ။
ကျွန်တော် တို့ လူ့အဖွဲ့ အစည်းမှာလည်း သည်အတိုင်းပါပဲ။
မိန်းမ နဲ့ ယောက်ျား
လက်ဝဲ နဲ့ လက်ျာ
ချမ်းသာ နဲ့ဆင်းရဲ
ဘာသာတရားယုံကြည်မူ့ နဲ့ သိပ္ပံပညာ
အတင်းအဖျင်း ကောလဟာလ စသဖြင့်.....

တယောက်နဲ့ တယောက် မတိုက်ခိုက် ခင်မှာ ကျွန်တော်တို့ မိမိကိုယ်ကို သေချာအောင် ပြန်မေးသင့်ပါ တယ်၊

"ဘယ်သူက ဖန်ပုလင်း ကို လှုပ်လိုက်တာလဲ"

Credit google
ဘန်ကောက်ကသူငယ်ချင်း အခုပဲပို့လာတာကိုဘာသာပြန်လိုက်ပါတယ်။

မူးမြင့်အောင်
၁၉ အောက်တိုဘာ ၂၀၂၀

Credit _Origonal Uploader

No comments:

Post a Comment